Tuesday, July 1, 2014

လူချစ်ခင်လာစေမယ့်နည်း

သင့်ကို လူများ ချစ်ခင်လာစေမယ့်နည်း ( ၆ )နည်း
+++++++++++++++++++++++

၁ ) တစ်ဖက်လူအပေါ်မှာ ရိုးသားစွာ စိတ်ဝင်စားပါ ၊
တစ်ဖက်လူရဲ့ ပြဿနာကို စိတ်ဝင်စားပါ ။
ကိုယ်ကျိုးမကြည့်ရပါ ၊ သူမွေးသက္ကရာဇ်ကို မှတ်ထားပြီး
သူ့မွေးနေ့မရောက်မီ တစ်ရက်အလိုမှာ အသိပေးလိုက်ပါ ။
အံ့သြ၀မ်းသာနေပါလိမ့်မည် ။


၂ ) ပြုံးပါ ။ အပြုံးဟာ နုံးခွေနေသူကို အားရှိစေပါတယ် ။
သောကကိုပြေပျောက်စေပါတယ်။ အပြုံးဟာ
ငွေပေးဝယ်လို့ မရသလို ချေးငှားယူလို့လည်း မရပါ ။
ပေးတတ်ရင် အသုံးကျတဲ့ ပစ္စည်းတစ်မျိုးပါ ။

၃ ) သူ့နာမည်ကို မှတ်ထားပါ ။ လူဆိုတာ
တခြားသူတွေရဲ့ နာမည်ထက် ကိုယ်နာမည်ကို 
ပိုစိတ်ဝင်စားသူတွေပါ ။ လွယ်လင့်တကူ သူ့နာမည်ကို ပြုံးပြီး
ခေါ်လိုက်ပါ ၊ သူ သင့်ကို စိတ်ဝင်စားသွားပါလိမ့်မယ် ။

၎ ) သူပြောတာ စိတ်ဝင်တစား နားထောင်ပါ ၊
ပြောနေသူ ဆက်ပြောနိုင်အောင်
တွန်းအားပေးပါ ။

၅ ) တစ်ဖက်လူ အကျိုးရှိမယ့်ဘက်က စပြောပါ ၊
သူစိတ်ဝင်စားတဲ့
သူတန်ဖိုးထားတဲ့ အကြောင်းအရာကို စပြောပါ ။

၆ ) တစ်ဖက်လူ အရေးပါတယ်ဆိုတာ သူသိအောင်
 ရိုးသားဖြူစင်စွာ ပြုပါ ။ ပြောပါ ။ တစ်ဖက်လူရဲ့
ကောင်းကွက်ကိုရှာပြီး အားတက်သရော ချိုးကျုးပြောဆိုပါ ၊
မြှောက်ပြောခြင်းမဟုတ်ဘဲ ရိုးသားဖြူစင်သော
စိတ်ဖြင့်ထုတ်ပြောပါ ။
{ စိတ်ဝင်စားဖွယ်ရာ သုတ၊ ရသတွေကို တင်ဆက်ပေးနေပါတယ်။
 သင့်အတွက် အကျိုးရှိတယ် ဆိုရင် ဒီ Page လေးကို Like လုပ်ထားပါ။}
https://www.facebook.com/pages/NayLa-ThitSar/

No comments :

Post a Comment