အိုမီဂါ-၃ အဆင့် နည်းတာနဲ့ ကလေး မွေးပြီး
စိတ်ကျ ဝေဒနာဖြစ်တာ ဆက်စပ်မှုရှိ ကြောင်းကို
သိပ္ပံပညာရှင် တွေက ဖော်ထုတ်လိုက် ပါတယ်။
အမျိုး သမီးတွေအနေနဲ့ ကလေး မွေးဖွားနိုင်တဲ့ အရွယ်တွေမှာ
စိတ်ကျဝေဒနာ ဖြစ်နိုင်ခြေ အမြင့်ဆုံးဖြစ်ပြီး
ကလေးမွေး တာကြောင့် အန္တရာယ် များတဲ့ အမျိုးသမီးတွေမှာ
ရော ဂါဖြစ်သွား တတ်ပါတယ်။
ကလေးမွေးပြီး စိတ်ကျဝေဒနာ ဖြစ်တာဟာ
မိခင်ကျန်းမာ ရေး မကောင်းရုံ သာမက
မွေးဖွားလာတဲ့ ကလေးရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုမှာပါ
ကျဆင်းမှုရှိ သွားတတ် ပါတယ်။
အမျိုးသမီး အများစု အနေနဲ့ အိုမီဂါ -၃ ကို
သတ်မှတ် ထားတဲ့ ပမာဏအတိုင်း မှီဝဲသင့် ပါတယ်။
အိုမီဂါ-၃ ဟာ မိခင်မှ တစ်ဆင့် သန္ဓေသား ဆီရောက်ရှိနိုင်ပြီး
မွေးကင်းစ ကလေးတွေ အတွက်လည်း
နို့ ရည်မှ တစ်ဆင့် ရောက်ရှိ သွားနိုင် တာကြောင့် ကိုယ်ဝန်ဆောင် ကာလမှာ
မိခင်ရဲ့ အိုမီဂါ -၃ အဆင့်တွေ ကျဆင်း တတ်ပါတယ်။
မွေးဖွားပြီး ကလေးနို့တိုက်နေတဲ့ ခြောက်လ တာအချိန်မှာလည်း
အိုမီဂါ-၃ အဆင့် လျော့ နည်းတတ် ပါတယ်။
ဒါကြောင့် ကိုယ်ဝန် ဆောင် မိခင်တွေ အနေနဲ့
အိုမီဂါ-၃ ပမာဏ အလုံအလောက် ရရှိဖို့ လိုအပ် ပါတယ်။
By Good Health
No comments :
Post a Comment