Thursday, July 3, 2014

တံတားတည်ဆောက်ခြင်း အတတ်ပညာ ၁.၁



တံတားတည်ဆောက်ခြင်းအတတ်ပညာ (၁)
ကမ္ဘာပေါ်တွင်  လူသားရယ်လို့ ပေါ်ပေါက်လာသောကျောက်ခေတ်ကာလမှာပင် ကမ္ဘာဦးလူသားတို့သည် တံတားကိုစတင်တည်ထောင်ခဲ့ကြသည်။ တကယ့်အဖြစ်မှာ - ကမ္ဘာပေါ်တွင် ကျောက်ခေတ်လူသားတို့ အင်ဂျင်နီယာအတတ်ပညာကို စတင် အသုံးပြုခဲ့ကြသည်မှာတံတားဆောက်လုပ်ခြင်းဖြစ်သည်။ ထိုအချိန်တွင် အိမ်ယာ အတတ်ပညာမရှိသေး။ ကျောက်ဂူတွင်နေကြသည်။ မီးကိုမတွေ့ရှိသေး။
အစိမ်းစားသောအချိန်တွင် သားကောင်သည် ချောက်ကမ္ဘား၏ တစ်ဖက်ကမ်းတွင် ရှိသည်ကိုသိသော လူသားများက ချောက်ကမ္ဘားထိပ်ကသစ်ပင်ကိုခုတ်၍ တဖက် ချောက်ကမ္ဘားထိပ်သို့ လဲကျအောင် ဆောင်ရွက်ပြီးထိုသစ်ပင်ပေါ်မှ ဖြတ်ကူး အမဲလိုက်ခဲ့ကြသည်။ ကမ္ဘာ့ပထမဆုံးအင်ဂျင်နီယာအတတ်ပညာ (တံတားထိုးခြင်း) ဖြစ်ပါသည်။

နောက်ပိုင်းလူ့ယဉ်ကျေးမှုများထွန်းကားလာသောအချိန်တွင် တံတားအတတ်ပညာသည်လည်း မြင့်တက်လာခဲ့ပြီးသစ်ဖြင့်တံတားထိုးခြင်း၊ အုတ်ဖြင့် တံတားထိုးခြင်းတို့ကိုဆောင်ရွက်လာကြပါသည်။ 

ကမ္ဘာပေါ်တွင် ယူဖရေးတီး(စ်)နှင့် တိုက်ဂရစ်မြစ်ဝှမ်းဒေသများတွင် အစောဆုံး မြစ်ချောင်းများကို ဖြတ်၍ တံတားထိုးခဲ့ကြပြီး မြန်မာနိုင်ငံတွင် ဗိဿ      နိုးခေတ်၊ ပျူခေတ်များမှစ၍ အုတ်ဖြင့် တံတားတည်ဆောက်ခြင်းဆောင်ရွက်ခဲ့ကြသည်။

No comments :

Post a Comment