နီကိုတင်းဆေးဖတ်
(nicotine patch)
အရေပြားတွင်း ထည့်ထားရသည့် ဆေးဖတ်ဖြစ်သည်။ ဆေးလိပ်သောက်လျှင်
ခန္ဓာကိုယ်တွင်း ၀င်ရောက်သည့် နီကိုတင်းကို ဆေးလိပ်သောက်စရာမလိုဘဲ
အစားထိုးပေးသည်။
ဤနည်းဖြင့် ဆေးလိပ်သောက်လိုသည့် အာသာပြေစေပြီး ခန္ဓာကိုယ်
တွင်းထုတ်ပေးသည့် နီကိုတင်းပမာဏ တဖြည်းဖြည်းလျော့ကျလာကာ ဆေးလိပ်ပြတ်စေသည်။
နီကိုတင်းပီကေ
ခံတွင်းနံရံမှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့ နီကိုတင်းအမြန်ဆုံးရောက်ရှိ နိုင်သည့် နည်းလမ်းဖြစ်သည်။ ခံတွင်းချဉ်၍ ဆေးလိပ်သောက်ချင်လာသည်နှင့် အမြန်ဆုံးထုတ်ဝါးနိုင်သည်။
နှာခေါင်းဖြန်းဆေး
နှာခေါင်းမှတစ်ဆင့် သွေးတွင်းဝင်နိုင်သည့် နည်းလမ်းဖြစ်သည်။
ဆေးလိပ်ဖြတ်ခြင်းကြောင့် ယင်းထသည့်လက္ခဏာများ ခံစားရသည့်အခါ အသုံးများသည်။
နှာခေါင်းဖြန်း ဆေးကိုယ်တိုင်ပင် ဆေးလိပ်စွဲသလို စွဲတတ်သည့်အတွက်
ဆေးလိပ်ဖြတ်စတွင်အသုံးမပြုသ င့်ပါ။
လျှပ်စစ်ဆေးလိပ်
ဆေးလိပ်နှင့်ဆင်တူပြီး နီကိုတင်းထုတ်ပေးနိုင်သည်။ ဘက်ထရီ နှင့်
လျှပ်စစ်ပတ်လမ်းအသုံးပြု၍ အလုပ်လုပ်သည်။ သို့သော် လတ်တလောတွေ့ရှိချက်များအရ
လျှပ်စစ်ဆေးလိပ်များသည်လည်း အသက်ရှူလမ်းကြောင်း ပျက်စီးစေသည်ဟုဆိုသည်။
စိတ်ညို့ကုထုံး
စိတ်ညို့အိပ်မွေ့ချကုထုံးဖြ င့် ဆေးလိပ်ပြတ်အောင်ကုသနိုင်သည်။ သို့သော်စိတ်ညို့ကုထုံး၏ ဆိုးကျိုးတစ်ခုမှာအကျင့်ဆိုးတစ်ခုကို ဖျောက်ပစ် လိုက်သော်လည်း နောက်ထပ်အကျင့်ဆိုးတစ်ခု ထပ်ပေါ်လာတတ်သည်။
အပ်စိုက်ကုထုံး
နားရွက်ကိုအပ်စိုက်၍ ကုသသောနည်းလမ်းဖြစ်သည်။ အပ်စိုက် ခြင်းကြောင့် စိတ်ကျေနပ်မှုဖြစ်စေသည့် အင်ဒိုဖင်ဟော်မုန်းများထွက် လာစေပြီး နီကိုတင်းအပေါ် မှီခိုမှု လျော့ကျစေသည်။
credit to ဇော်ကို

No comments :
Post a Comment