Monday, July 7, 2014

CDMA 800 ဖုန်း လျှောက်လွှာတင်ခြင်းမလို message မှ internet ဖွင့်နိုင်



MEC Tel အမှတ်တံဆိပ် ကျပ် ၁,၅၀၀ တန် CDMA 800မိုဘိုင်းဖုန်းများကို ဆက်သွယ်ရေးရုံးသို့ သွားစရာမလိုဘဲ မိမိ၏ဖုန်းမှတစ်ဆင့် အင်တာနက်အသုံးပြုနိုင်ရန် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

မိုးဘိုင်းဖုန်းမှတစ်ဆင့် တိုက်ရိုက်အင်တာနက်လျှောက် ထားနိုင်သည့် ဝန်ဆောင်မှုကို ဇူလိုင် ၅ ရက်မှစ၍
အသုံးပြုခြင်း ဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် သတ်မှတ်ထားသည့် နံပါတ်ကို မက်ဆေ့ခ်ျပေးပို့၍ လျှောက်ရမည်ဖြစ်ကြောင်း Call Center က ပြန်လည်ဖြေကြားသည်။


အင်တာနက်လျှောက်ထားလိုသူများအနေဖြင့် မိမိ၏ဖုန်းထဲတွင် အနည်းဆုံး ကျပ်တစ်သောင်းကျော် ရှိရန် လိုအပ်ပြီး SMS နံပါတ် 233 သို့ Open EVDO ဟူသော စာသားပေးပို့ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အင်တာနက်လျှောက်ရာတွင် အဆင်မပြေမှုများရှိပါက သိလိုသည့် အသေးစိတ်အချက်အလက်များကို 1212 နှင့် ရတနာ ပုံတယ်လီဖုန်းစင်တာ နံပါတ် 1876 သို့ ဆက်သွယ်၍ မေးမြန်းနိုင်ကြောင်း သိရသည်

Credit to အိမွန်

No comments :

Post a Comment