Thursday, July 31, 2014

MPT ၏ဝန်ဆောင် မှု အသစ်

ယခင် က တစ်မိနစ်ကို ၅၀ ကျပ် ယူပါတယ်။ ယခု ဝန်ဆောင် မှု
အသစ်က
၁ မိနစ် ကို ၂၅ ကျပ် ပါ။ ဒါ ပေ မဲ့ ဖုန်း အလုံး အရည် အတွက် ကို ကန့်သတ်
ထားပါတယ်။
ဖုန်း  ၃ လုံး ကို သာ ၁ မိနစ် ၂၅ ကျပ်
နှုန်း ဖြင့် ခေါ်ဆို နိုင် မှာ ပါ ဖြစ်ပြီး
ကျန်ဖုန်း တွေ ကို ယခင် အတိုင်း
၁ မိနစ် ၅၀ ကျပ် နှုန်း ဖြစ်ပါတယ်။
၂၅ ကျပ်နှုန်းဖြင့် ခေါ် ဆိုမယ့်  ဖုန်းနံပါတ် ၃ လုံး ကို MPT ကို
ကြိုတင် အသိပေး ပေးပို့
ထားရပါမည်။ ပေးပို့ရမည့်
နမူနာ -
To: 1331
ADD 09????????
( 1331 က MPT ရဲ့ ဝန်ဆောင် မှု
ဌာန ဖြစ်ပြီး
ADD ရဲ့ နောက်မှာ သင့် ၂၅ နှုန်းဖြင့်
ခေါ် ဆိုလို သော ဖုန်းနံပါတ်ကို
ထည့်ပေးရမှာ ပါ။)
၎င်း ဝန်ဆောင် မှု ကို စတင် အသုံး
ပြုရန် ၂၅၀၀ ကျပ် ကုန်ကျ မည်
ဖြစ်ပါသည်။

Tuesday, July 29, 2014

# ၆ ဘာသာ ဂုဏ်ထူးရှင် မောင်ငြိမ်းချမ်းဦး #


ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲချောင်း ၊ ကင်းတောင်တိုက်နယ်၊ တရဘ ကျေးရွာ ၊ ဦးလှမောင်ကြည်၊ ဒေါ်သန်းသန်းဝင်း တို့၏ သား မောင်ငြိမ်းချမ်းဦး သည် 
၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် 

Sunday, July 27, 2014

ကြိုးဖုန်းဖြင့် မြန်နှုံးမြင့် အင်တာနက် အသုံးပြုနိုင်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် KDDI, Sumitomo Corporation တို့ပူးပေါင်း၍ ပြည်သူများအား ကြိုးဖုန်းများမှ တစ်ဆင့်မြန်နှုန်းမြင့် အင်တာနက် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကြိုးဖုန်းရှိတဲ့အိမ်တိုင်းမှာ မြန်နှုန်းမြင့်တဲ့ အင်တာနက်ကို ရအောင်လုပ်ပေးသွားမယ်။ ကြိုး ဖုန်းတွေကနေ အင်တာနက်အသုံး ပြုမှုကို လုပ်ငန်းကြီးငယ်မရွေး အသုံးပြုလို့ရအောင်လုပ်ပေးသွား မှာဖြစ်ပါတယ်’’ဟု ဂျပန်ဆက် သွယ်ရေးကုမ္ပဏီနှစ်ခုပူးပေါင်း ထားသည့် KSGM (Joint Oper ation)မန်နေဂျင်းဒါရိုက်တာ တကရှီနာဂရှီမကပြောသည်။
 လက်ရှိတွင် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် ကြိုး ဖုန်းများမှတစ်ဆင့် ADSL

အောင်မြင်မှု ရဖို့

သင်လျှောက်လှမ်းနေတဲ့လမ်းတစ်ခုမှာ
အဆင်မပြေမှုတွေကြုံလာတိုင်း
စိတ်ပျက် အားငယ်စရာတွေရှိလာတိုင်း
လွယ်လွယ်နဲ့ လဲကျသွားမယ်ဆိုရင်
သင့်အတွက်အောင်မြင်မှုဆိုတာရှိနေတော့မှာ
မဟုတ်ပါဘူး

အခက်အခဲတစ်ခုစီကြုံတွေ့လာရတိုင်း
သင်ယူတတ်မယ်ဆိုရင် သင့်ဘဝအတွက်
အတွေ့အကြုံကောင်း /သင်ခန်းစာကောင်းတစ်ခုကို
သင် ပိုင်ဆိုင်ရမှာပါ

ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေ အတိုးနှုန်းမြှင့်တင်

ပြည်တွင်းက ပုဂ္ဂလိကပိုင်ဘဏ်ကြီး ၃ ခုဖြစ်တဲ့ ကမ္ဘောဇဘဏ်၊ သမ၀ါယမဘဏ်နဲ့ အာရှ စိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်လီမိတက်တို့က ငွေစုဘဏ်အပ်ငွေနဲ့ စာရင်းသေအပ်ငွေတို့အပေါ် အတိုးနှုန်းတွေကို လာမယ့် သြဂုတ် ၁ ရက်ကစပြီး တိုးမြှင့်မယ်လို့ ဘဏ် တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
လက်ရှိမှာဆိုရင် ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေအနေနဲ့ အပ်ငွေအပေါ်ပေးတဲ့ အတိုးနှုန်းက ငွေစုဘဏ်စာရင်း အပ်ငွေအတိုးနှုန်း ၈ ရာခိုင်နှုန်းရှိပြီး အချိန်ပိုင်းအပ်ငွေအပေါ် အတိုးနှုန်းကတော့ အချိန်ကာလပေါ်မူတည်ပြီး (၃ လ၊ ၆ လ၊ ၉ လနဲ့ ၁ နှစ်) ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ အတိုးနှုန်းတွေကို သတ်မှတ်ထားတာပါ။

မြန်မာလုပ်ငန်းရှင်များကို ဂျပန်ဘဏ်က ချေးငွေထုတ်ပေးရန် ပြင်

ဂျပန် ဆူမီတိုမို မစ်ဆုအီ (Sumitomo Mitsui) ဘဏ်ကော်ပိုရေးရှင်းက အလားအလာ ကောင်းတဲ့ ပြည်တွင်းအသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေကို ချေးငွေထုတ်ပေးဖို့ အတွက် စစ်တမ်း ကောက်ယူနေပါတယ်။
ဆူမမီတိုမိုမစ်ဆုအီ ဘဏ်ကော်ပိုရေးရှင်းက မြန်မာပြည်တွင်းက စီးပွားရေး အလားအလာ ကောင်းတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ဆက်လက် ရှင်သန်နိုင်ဖို့အတွက် စစ်တမ်းကောက်ယူနေပြီ ဖြစ်ကြောင်း အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်း မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။
“ဂျပန်ဘဏ်တွေကနေပြီးတော့ ဗဟိုဘဏ်ကို ပေးမယ်။ ဗဟိုဘဏ်ကတဆင့် ပုဂ္ဂလိကဘဏ် ၅

MSF အဖွဲ့ကို စောင့်ကြည့်ဖို့ ရခိုင်ပြည်နယ် ၀န်ကြီးချူ ပ် တိုက်တွန်း

ရခိုင်ပြည်နယ်အစိုးရက MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့တာဟာ ရခိုင်ပြည်သူတွေရဲ့ အကျိုးအတွက် ဆောင်ရွက်ခဲ့ တာဖြစ်တာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ ယုံကြည်မှုပေးကြဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဒီကနေ့ တိုက်တွန်းပြောဆို လိုက်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က အခုလို ပြောလိုက်တာပါ။
"လူထုမကြိုက်မိတဲ့ အလုပ်တစ်ခုကိုလုပ်မိခဲ့တဲ့ အတွက် ကျနော်စိတ်မကောင်းပါဘူး၊ သို့သော်

မြန်မာနိုင်ငံသို့ ဟောလိဝုဒ်မင်းသမီး Jena Malone လည်ပတ်ခဲ့

နာမည်ကျော် ဟောလိ ၀ုဒ်ရုပ်ရှင် Hunger Game တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဟောလိဝုဒ်မင်းသမီး   ဂျီနာမယ်လုန်း သည်   မြန်မာနိုင်ငံရှိ   အထင် ကရနေရာများသို့   လာရောက် လည်ပတ်သွားခဲ့ပြီး ၎င်း၏ မြန်မာ နိုင်ငံ ခရီးသွားအတွေ့အကြုံများ ကို ဖေ့စ်ဘွတ်ခ်နှင့် အခြားလူမှု ကွန်ရက်တွင် ဝေမျှခဲ့သည်။
မင်းသမီး ဂျီနာမယ်လုန်း သည် Hunger Game ၏ ဒုတိယ ဇာတ်လမ်းဖြစ်သည့် Catching Fire ရုပ်ရှင်ဇာတ်ကားတွင် Johanna Mason အဖြစ် မင်းသ မီးချော ဂျနီဖာလောရန့်စ်နှင့်အတူ သရုပ်ဆောင်ခဲ့သူဖြစ်သည်။
ဇူလိုင် ၁၉ ရက်တွင် မြန်မာ နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ပုဂံ၊ အင်း လေး၊ ကလောအစရှိသည့် ဒေသ

မြန်မာနိုင်ငံသည် ကမ္ဘာ ပေါ်တွင် စီးပွားရေးလုပ်ကိုင်ရန် အခက်ခဲဆုံးနိုင်ငံစာရင်း ၀င်ခြင်း

မြန်မာနိုင်ငံသည် ကမ္ဘာ ပေါ်တွင် စီးပွားရေးလုပ်ကိုင်ရန် အခက်ခဲဆုံးနိုင်ငံစာရင်း ၀င်ခြင်း အဖြေရှာမည့် ဆွေးနွေးပွဲ ယနေ့ (ဇူလိုင် ၂၇ ရက်) တွင် မြန်မာ နိုင်ငံ  ကုန်သည်များနှင့်    စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ချုပ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

အဆိုပါ ဆွေးနွေးပွဲသို့ သမ္မ တရုံးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်းနှင့် ဦးဝင်း မြင့်တို့ တက်ရောက်ကြမည်ဖြစ် ပြီး ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများလည်း တက် ရောက်မည်ဖြစ်ကြောင်း ကုန် သည်စက်မှုအသင်းချုပ် ဗဟိုအ လုပ်အမှုဆောင်တစ်ဦးက ပြော သည်။
‘‘လယ်ယာကဏ္ဍနဲ့ ပတ် သက်ပြီး ဆွေးနွေးဖို့တော့ ရှိပါ တယ်’’ ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်

Voice Mail and Missed Call Alert

MECTel 800 MHz မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုနှစ်ခုကို စတင်လျှောက်ထားအသုံးပြုနိုင်ပြီဖြစ်ရာ ဇူလိုင် ၂၅ ရက်မှ ၃၁ ရက် အထိ အခမဲ့သုံးစွဲနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယခင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှရောင်းချပေးနေသည့် GSM နှင့် WCDMA မိုဘိုင်းဖုန်းများတွင်သာ လျှောက်ထားအသုံး ပြုနိုင်သည့် VMS (Voice Mail Service)နှင့် MCA (Missed Call Alert)ဝန်ဆောင်မှုများကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ရောင်းချပေးနေသည့် MECTel မိုဘိုင်းဖုန်းများတွင် စတင်ဝန် ဆောင်မှုရပြီဖြစ်သည်။
‘‘၂၅ ရက်ကနေ ၃၁ ရက်အတွင်း အသုံးပြုမယ်ဆိုရင် Free အသုံးပြုလို့ရမှာပါ။ ဩဂုတ် ၃၁

Saturday, July 26, 2014

သစ်သားဇလုံလေး

သစ်သားဇလုံလေး...
မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့ အိမ်မှာ သူ့ချွေးမ၊ လေးနှစ်သားအရွယ် သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီ အဘိုးအိုကြီးက လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး၊ သူ့ရဲ့ ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒယိုင်နဲ့ပေါ့။ သူတို့ မိသားစု လေးယောက်ဟာ အစာစားပြီဆိုရင်ဖြင့် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ပြီး စားလေ့ရှိတယ်။ ဒါပေမယ့် အဘိုးအိုကြီးဟာ လက်က အရမ်းတုန်၊ မျက်စိက ၀ါးတားတားဆိုတော့ အစာစားရတာလည်း

Friday, July 25, 2014

ဂျက် လေယာဉ် AH 5017 ပျောက်ဆုံး

ခရီးသည် ၁၁၆ ယောက် လိုက်ပါလာသော လေယာဉ် အာဖရိက၌ ပျောက်ဆုံးသွား
ဇူလိုင် ၂၄၊ ၂၀၁၄
အယ်လ်ဂျီးရီးယားသို့ ဦးတည်ပျံသန်းလာသော ခရီးသည် ၁၁၆ ယောက် လိုက်ပါလာသည့် ဂျက်လေယာဉ်တစ်စီး အာဖရိက၌ ပျောက်ဆုံးသွားသည်။
မြင်ကွင်းမှုန်ဝါးနေသဖြင့် အခြားလေယာဉ်တစ်စီး နှင့် တိုက်မိခြင်းမရှိစေရန် လမ်းကြောင်းပြောင်းပျံသန်းနေစဉ် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
လေယာဉ် AH 5017 သည် ဘာကီနာဖာဆို၏မြို့တော် အူယူအာဂါဒူဂူမှ ထွက်ခွာလာပြီးသည့်နောက် အခြေအနေ ဆိုးရွားနေခဲ့သည်။
ထိုအချိန် အယ်လ်ဂျီးရီးယားမှ စစ်ဒဏ်ခံ မာလီ၏ မြို့တော် ဘာမာကိုသို့

# နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ကို ပြည်နယ်အစိုးရ ပြန်လည် ဖိတ်ခေါ် # RFA #


ရခိုင်ပြည်နယ်မှာ ကျန်းမာရေးကူညီစောင့်ရှောက်မှု လုပ်ငန်းတွေမလုပ်ဖို့ တားမြစ်ခံထားရတဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ကို ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပြန်လည်ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ရဲ့လုပ်ငန်းတွေ ကို ရခိုင်ပြည်နယ်အတွင်းမှာ ပြန်လည်လုပ်ကိုင်စေ ဖို့အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က စစ်တွေမြို့က ရပ်မိရပ်ဖတွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ မနေ့က သီးသန့်တွေ့ဆုံဆွေးနွေး ခဲ့တယ်လို့လည်း ညွှန်ကြားရေးမှူး ဦးမိုးဟိန်း

# ယနေ့ ရာသီဥတု၊ ၂၅.၇.၂၀၁၄ #


နံနက် ၆ နာရီ မှ နေ့လည် ၁ နာရီထိ

ဘေဖန်လီ

ဂုဏ်ယူ ဝမ်းမြောက်ဖွယ် ကောင်းသော စိတ်ဓာတ် လွန်ခဲ့သော ၁၉၈၇ ခုနှစ် မှာ ဘေဖန်လီ ဆိုတဲ့ ဆိုက်ကား သမား တစ်ယောက် ရှိပါတယ်။ အဲဒီ ခုနှစ်မှာ သူ၏ အသက်က ၇၄ နှစ် ဖြစ်ပါ တယ်။ သူဟာ အသက်ကြီး သောကြောင့် အလုပ် မလုပ်တော့ ဖို့ ဆုံးဖြတ် လိုက်တယ်။ တစ်နေ့မှာ သူဟာ လယ်ကွင်းပြင် ထဲမှာ အလုပ်လုပ် နေသော ကျောင်းနေ အရွယ် ကလေးတွေ ကို မြင်တွေ့ ခဲ့ပါတယ်။ ဒါကြောင့် သူ့စိတ် ထဲမှာ အလွန်ပဲ စိတ် မကောင်းဖြစ် သွားပါ တယ်။ ဒါကြောင့် ထိုကလေးတွေ ကို ကျောင်းထား ပေးဖို့ သူ စိတ်ကူး လိုက်တယ်။ ထို့ကြောင့် ဘေဖန်လီ ဟာ သူ၏ ဆိုက်ကား နင်းတဲ့ အလုပ် ကို ပြန်လုပ် ပါတော့တယ်။ အိမ်လခ ပေးရမှာ စိုးသော ကြောင့် သူဟာ ဘူတာရုံ မှာ နေပါတယ်။ အဝတ်အစား ဆိုလျှင် လည်း ဝယ်ပြီး မဝတ်ပါဘူး။ လမ်းဘေးမှာ သူများ တွေ ပစ်ထားသော အဝတ်အစား တွေ ကိုပဲ ဝတ်

Thursday, July 24, 2014

# ဖုန်းဖြင့် ကြည့်ရူသူများ အတွက် ၊#

ယခင်က တင်ခဲ့သော ဖုန်း application ပါပဲ..။
Download ဆွဲတာ အဆင်မပြေသူတွေ အတွက်
နောက်ထပ် ဒေါင်းလုပ်ဆွဲနိုင်တဲ့ နေရာတစ်ခု 
တင်ပေးတာပါ။


ဒီ အသစ်မှာ 

# ဆုပေးပွဲ အခမ်းအနား ဗီဒီယိုဖိုင် အတိုလေးများ #


၂၂.၇.၂၀၁၄ ခုနှစ်၊ ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနား၊ တောင်ကုတ်မြို့။

မှတ်တမ်း ဗီဒီယို အပိုင်းလေးများ

ဘာကောင်လဲ

အဲဒါ ဘာကောင်လဲ ? 08-12-2013

အသက် ၈၀ အရွယ် အဘိုးအိုတစ်ဦးဟာ
အိမ်ထဲက ဆိုဖာမှာ အသက် ၄၅နှစ်အရွယ် ပညာတတ်သားဖြစ်သူနဲ့ထိုင်နေတုန်းမှာ ရုတ်တရက် ပြတင်းပေါက်မှာ ကျီးကန်းတစ်ကောင် လာနားပါတယ်။
ဖခင်ဖြစ်သူက သားကိုမေးတယ်။
“အဲဒါ ဘာကောင်လဲ သား?”

Wednesday, July 23, 2014

ကျန်းမာနုပျို ပျော် ရွှင် လို


 စိတ်ဖိစီးမှုတွေကြောင့် သင့်ရုပ်သွင်က ပိုပင်ပန်းနွမ်းနယ်ကာ အိုစာနေတတ်ပါတယ်။ ဒါကြောင့် သင့်ကို အခုထက်ပိုပြီး နုပျိုကျန်းမာလာစေဖို့ ဖိစီးမှုလျော့ပါးကာ ကြည်နူးမှု ဖြစ်စေမယ့် အပြုအမူတွေကို ဖော်ပြလိုက်ရပ
ါတယ်။

(၁) အသက်ပြင်းပြင်း ရှူပေးပါ

တရားထိုင်သလိုမျိုး အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ်လုပ်ပေးတာက အသားအရေကို

ရင်ဆူးမြား

'ရင်စူးမြား' အမှတ်(၁)မှ ရသစာများ
--------------------------------

* ဥယျာဉ်မှူးတစ်ယောက်အကြောင်း *
ကွန်ဆူးမား

..... ဒီ တပည့်လေးက ဆိုးတယ်။ စာမရလို့ လက်ကိုဖြစ်ဖြစ်၊ တင်ပါးကိုဖြစ်ဖြစ် ရိုက်ရင်လည်း ရုပ်တည်နဲ့ပဲ။

Tuesday, July 22, 2014

### ပညာရည်ချွန်ဆုပေးပွဲ###

 https://www.youtube.com/watch?v=6NcDCH4QKZg&feature=youtu.be
ဆုရ ကျောင်းသား/ ကျောင်းသူများ ကိုယ်စား ပထမ ဆုရ မောင်ကောင်း မှ ကျေးဇူးတင် စကား

### ၆ ဘာသာ ဂုဏ်ထူးရှင် ###

၆ ဘာသာ ဂုဏ်ထူးရှင် ကျောင်းသား နှစ်ဦးအား
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ
ဆုငွေကျပ် ၅ သိန်း၊

ဦးဘသိန်း+ဒေါငွေတင် ပညာရေး ဖောင်ဒေးရှင်းမှ
ဆုငွေ ၂၅ သိန်း

ဒေသဖွံ့ဖြိုးရေး အဖွဲ့ဝင် ဦးမြင့်သိန်းမှ
ရွှေ ၁ ကျပ်သား

ဓါတ်ပုံ များကို
http://taungokephoto.blogspot.com/?view=sidebar 
တွင် ပြသထားပါသည်။

လွယ်လွယ်ကူကူ အလှပြင်မယ်


သင့်မျက်ဝန်း ညှိုးနွမ်းနေသလား
သင့်မျက်ဝန်းက တောက်ပမှုကင်းပြီး ညှိုးနွမ်းကာ နီနေရင် မျက်စဉ်းဆေး ခတ်လိုက်ပါ။ သင့်ပိုက်ဆံအိတ် ဒါမှမဟုတ် အံဆွဲထဲမှာ မျက်စိကို အေးမြစေမယ့် (စတီးရွိုက် လုံးဝမပါဝင်တဲ့) မျက်စဉ်းဆေးကို ဆောင်ထားသင့်ပါတယ်။
မျက်နှာမှာ ချွေးပေါက်ကျယ်တွေ ကင်းလိုပါသလား
ချွေးပေါက်ကျယ်တွေ ကျဉ်းလိုရင် ဒါမှမဟုတ် ချွေးပေါက်ကျယ်တွေ မရှိအောင် ကာကွယ်လိုရင် သင်စားတဲ့

အပြစ်မပြောမှီ

ဆုံးဖြတ်မစောပါနဲ့ ( ၂ )

============
ရထားတစ်စင်းပေါ်မှာပေါ့… ၂၄ နှစ်အရွယ်ကောင်လေးက ရထားပြူတင်းပေါက်ကနေအပြင်ကိုကြည့်နေရင်း အော်ပြောလိုက်တယ်… “အဖေ …ကြည့်ပါဦး …သစ်ပင်တွေက နောက်မှာကျန်ခဲ့တယ်နော်…ဟေ..ဟေး…” သူ့အဖေကတော့ ပြုံးနေပါတယ်…။ သူတို့နဲ့ မျက်နှာချင်းဆိုင်ခုံက လင်မယားနှစ်ယောက်ကတော့ ကောင်လေးရဲ့  ကလေးကလားအပြုအမူ အပြောအဆိုတွေကြည့်ပြီး မျက်စောင်းထိုးနေတာပေါ့…။ ကောင်လေးက ရုတ်တရက်ထအော်ပြောပြန်ပါတယ်…။ “ ဟာ…အဖေ…ကြည့်ပါဦးဗျ…တိမ်တွေက ကျနော်တို့နောက်လိုက်လာတယ်နော်…” ဟိုလင်မယားနှစ်ယောက်က သည်းမခံနိုင်တော့ဘဲ ကောင်လေးအဖေ အဖိုးကြီးကိုပြောလိုက်တယ်…။ “ ကောင်လေးကို…ဆရာဝန်ပြဖို့တော့လိုပြီထင်တယ်…” အဖိုးကြီးကလည်း ပြုံးပြုံးလေးပဲ ပြန်ဖြေပါတယ်… “ ဆရာဝန်ပြပြီးပါပြီ… ခုပဲကျုပ်တို့ဆေးရုံကပြန်လာကြတာ… ကျုပ်သားက မွေးရာပါ မျက်စိကွယ်နေခဲ့တာ… ဒီနေ့ဟာ သူ လောကကြီးကို ပထမဆုံးမြင်တွေ့ခွင့်ရတဲ့နေ့ပေါ့…”
လောကမှာရှိသမျှလူအားလုံးဟာ သူ့အကြောင်းနဲ့သူ ရှိနေကြပါတယ်…
သူတို့အကြောင်းကို သေချာမသိဘဲ သူတို့ကိုဆုံးဖြတ်မစောလိုက်ပါနဲ့…
## ဦးသုည ... စကားလုံးဖလှယ်သည်...

Monday, July 21, 2014

အသားဖြူ လို လျှင်


အသားဖြူချင်သူများအတွက်နည်းလမ်းများ

အသားဖြူတာဟာ မိန်းမတွေအတွက် လိုလားတောင်းတအပ်တဲ့ အလှအပ တစ်ခုပဲ ဖြစ်ပါတယ်။ အသားညိုတဲ့သူတွေ အတွက်တော့ အသားဖြူဝင်း လှပဖို့ဆိုတာ ဘဝအတွက် ကြိုးစားရမယ့် ပန်းတိုင် တစ်ခုလိုပါပဲ။

ကြွက်

တစ်ခါတုန်းက တောင်ပို့ ရ်လေးတစ်ခုမှာ ကြွက်မိတ်ဆွေ နှစ်ကောင်နဲ့ အခြားကြွက်များ နေထိုင်ကြပါတယ်။ ကြွက်
မိတ်ဆွေနှစ်ကောင်ကတော့ တစ်ကောင်က မိမိဘ၀ရပ်တည်မှုအတွက် လုံခြုံမှုရစေဖို့  တွင်းကို ကိုယ်တိုင်တူးပြီး

Sunday, July 20, 2014

ကိုယ်ဝန်ဆောင်များ ဘာစားသင့်လဲ


အိုမီဂါ-၃ အဆင့် နည်းတာနဲ့ ကလေး မွေးပြီး 
စိတ်ကျ ဝေဒနာဖြစ်တာ ဆက်စပ်မှုရှိ ကြောင်းကို 
သိပ္ပံပညာရှင် တွေက ဖော်ထုတ်လိုက် ပါတယ်။ 
အမျိုး သမီးတွေအနေနဲ့ ကလေး မွေးဖွားနိုင်တဲ့ အရွယ်တွေမှာ 
စိတ်ကျဝေဒနာ ဖြစ်နိုင်ခြေ အမြင့်ဆုံးဖြစ်ပြီး 
ကလေးမွေး တာကြောင့် အန္တရာယ် များတဲ့ အမျိုးသမီးတွေမှာ 
ရော ဂါဖြစ်သွား တတ်ပါတယ်။
ကလေးမွေးပြီး စိတ်ကျဝေဒနာ ဖြစ်တာဟာ 
မိခင်ကျန်းမာ ရေး မကောင်းရုံ သာမက 
မွေးဖွားလာတဲ့ ကလေးရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုမှာပါ 
ကျဆင်းမှုရှိ သွားတတ် ပါတယ်။ 
အမျိုးသမီး အများစု အနေနဲ့ အိုမီဂါ -၃ ကို 
သတ်မှတ် ထားတဲ့ ပမာဏအတိုင်း မှီဝဲသင့် ပါတယ်။ 
အိုမီဂါ-၃ ဟာ မိခင်မှ တစ်ဆင့် သန္ဓေသား ဆီရောက်ရှိနိုင်ပြီး 
မွေးကင်းစ ကလေးတွေ အတွက်လည်း
 နို့ ရည်မှ တစ်ဆင့် ရောက်ရှိ သွားနိုင် တာကြောင့် ကိုယ်ဝန်ဆောင် ကာလမှာ 
မိခင်ရဲ့ အိုမီဂါ -၃ အဆင့်တွေ ကျဆင်း တတ်ပါတယ်။
မွေးဖွားပြီး ကလေးနို့တိုက်နေတဲ့ ခြောက်လ တာအချိန်မှာလည်း 
အိုမီဂါ-၃ အဆင့် လျော့ နည်းတတ် ပါတယ်။ 
ဒါကြောင့် ကိုယ်ဝန် ဆောင် မိခင်တွေ အနေနဲ့ 
အိုမီဂါ-၃ ပမာဏ အလုံအလောက် ရရှိဖို့ လိုအပ် ပါတယ်။
By Good Health

ခေါက်ဆွဲတစ်ပွဲ

ညတစ်ညမှာပေါ့….
ကျမ မေမေနဲ့ စကားများတယ်.. . 
ပြီးတော့ မေမေ့ကိုအော်ဟစ်ပြီး အိမ်ကပြေးထွက်လာခဲ့တယ်။
လမ်းပေါ်ရောက်မှသတိရတယ်…

###မိုးလေ၀သ သတင်း###


ယ နေ့ ၂၀.၇.၂၀၁၄ ရက် နေ့
နာ ရီ အ ချိန် ပိုင်း အ လိုက် မိုး လေ ၀ သ အခြေ အနေ
ပုံ ( ၁ ) နံ နက် ၂ နာ ရီ မှ နံ နက် ၉ နာ ရီ အထိ

Saturday, July 19, 2014

နှာ ပိတ် ခြင်း ကု သ နည်း


အခုလိုရာသီအကူးအပြောင်းမှာ ဖြစ်လေ့ရှိတဲ့ ဝေဒနာကတော့နှာပိတ်ခြင်းပါပဲ။ ဝေဒနာက သိပ် မဆိုးရွားပေမယ့် လူကိုခံရခက်စေတာမို့ မြန်မြန်သက်သာပျောက်ကင်းနိုင်မယ့် အိမ်တွင်းနည်းလမ်းလေး တွေကို ဖော်ပြချင်ပါတယ်။

စိတ်ချမ်းသာချင်ရင်

ကိုယ်တိုင် စိတ်ချမ်းသာချင်ရင်….. 
==================

တစ်ခါတုန်းက.. လယ်သမားကြီးတစ်ဦးရှိသတဲ့…။ 
သူဟာ နှစ်စဉ် အင်မတန်မှ ဖွံ့ထွားလှပတဲ့ ပြောင်းဖူးတွေကို စိုက်ပျိုးပြီး
 မြို့ ပေါ်ကသစ်သီးဝလံပြပွဲမှာလည်း နှစ်စဉ်ဆုတွေရပါသတဲ့…။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ စားရင် ပါးစပ် နံတတ်တာကြောင့် ကြက်သွန်ဖြူကို မစားဘဲ ရှောင်ရှားနေမိပါသလား။ ကြက်သွန်ဖြူ စားလို့ ပါးစပ်နံတာကို တရုတ်နံနံ၊ သံပုရာသီးနဲ့ လိမ္မော်ခွံ စတာတွေကို စားပေးရင် အနံ့ဆိုး သက်သာနိုင်ပါတယ်။ သွားချေးတွေ ကင်းစင်စေပြီး ကိုလက်စထရော များတာနဲ့ ချောင်းဆိုးတာလို ကျန်းမာရေး ပြဿနာတွေကို ကင်းစင်စေဖို့ ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။

###ထိုင်းရောက် မြန်မာ အလုပ်သမားများ အတွက် လူ့အခွင့်အရေး###


ထိုင်းကုမ္ပဏီကြီးများက မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် လူကုန်ကူးခြင်းနှင့် ငွေဝယ်ကျွန်ခဲ့သို့ ခိုင်းစေခြင်း လုပ်ငန်း များ နှင့် ဆက်သွယ်မှုများ ရှိနေကြောင်း စွပ်စွဲမှုများ ရှိနေသည့် အတွက် အမေရိကန် လူ့အခွင့်အရေး အဖွဲ့တခုက အနောက်တိုင်းမှ အစားအစာ လက်လီ ရောင်းချသည့် ကုမ္ပဏီများ အနေဖြင့် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းများကို ဖိအားပေးရန် တောင်းဆိုလိုက်သည်။

Friday, July 18, 2014

မိုးလေ၀သ သတင်း


မိုးရေကြီးမည့်သတိပေးချက်
*****************************
၂၀၁၄ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်နေ့ မြန်မာစံတော်ချိန် (၁၄း၀၀)နာရီအချိန်တွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မိုးကြီးမည့် သတိပေးချက်ကို အောက်ပါအတိုင်းလေးစားစွာ အစီရင်ခံတင်ပြအပ်ပါသည်-
(က) ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း "ရမ်မာစံ" (Rammasun)၏ အရှိန်ကြောင့် ယနေ့မွန်းတည့်မှ နောက်(၃)ရက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်။
(ခ) အဆိုပါ မိုးကြီးမည့်အခြေအနေကြောင့် ကမ်းရိုးတန်းဒေသများနှင့် ကုန်းမြင့်ဒေသအချို့တို့တွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်ဂရုပြုသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

Refer To MRTV

ထမင်းရည်၏ လျှို့ ချက်များ


ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုး တွေနဲ့သာ ချက်ကြတော့တဲ့ အခုခေတ်မှာ ထမင်းရည် လို့မေးလိုက်ရင် တော်တော်ရှာရမယ် ထင်ပါတယ်။ ထမင်းရည် ဟာဆန်ကို ချက်တဲ့အခါ ရေနည်းနည်း ပိုထည့်လို့ ထမင်းကျက်ပြီး တဲ့နောက် ထမင်းပေါ်မှာ ကျန်နေတဲ့ အရည်ကြည်လေးကို ခေါ်တာပါ။ ဒီလို ထမင်းရည် ရှားနေတဲ့အချိန်မှာ ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပကို အတော်လေး

Taungoke News Phone Application

တောင် ကုတ် ဒေ သ သတင်း ကို ဖုန်းဖြင့် အလွယ် တကူ
ကြည့်ရှု လိုသူ များ အတွက် 
ဖုန်း application ကို ပြု လုပ် ပေး လိုက် ပါ တယ်။
ဒေါင်း လုပ် ဆွဲ ရန် အောက်က ပုံ ကို နိုပ် ပါ။
အဆင်မပြေမှု များ ရှိပါက 
message ( သို့ ) comment ချန်ထားခဲ့ နိုင်ပါတယ်။

ဒီ အသစ်မှာ 

၁၉

ကုတင်နံပါတ် (၁၉).....................။
လူနာ ကုတင်နံပါတ် (၁၉)

   ကုတင်နံပါတ်(၁၉)ကလူနာ ဆေးရုံစတက်တဲ့နေ့မှာ သားဖွားမီးယပ်က ဆရာဝန် နဲ့ နပ်စ်တွေအားလုံး အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြတယ်။
ဒါဟာ ဆေးရုံနဲ့ ဆေးတက္ကသိုလ်က ကျောင်းသားတွေ ပူးပေါင်းပြီး

Ramboo

အောင်မြင်တဲ့သူတိုင်း ပန်းခင်းလမ်းကို လျှောက်ခဲ့ကြတယ်လို့တော့ မထင်လိုက်ပါနဲ့။
ကျနော်တို့ မြန်မာမှာ Rambo မင်းသား လို့ သိထားကြတဲ့ Sylvester Stallone ရဲ့ ဘ၀ အစ ကောက်ကြောင်းလေးပါ။ အဖြစ်မှန်လေးပါ ဖတ်ကြည့်ကြပါ။

စနစ် တကျ မျက် နှာ သစ် ပါ။


တစ်နေ့လျှင် နှစ်ကြိမ် မနက် တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ပါ။

မကြာခဏ ထပ်ကာ ထပ်ကာ မျက်နှာ သစ်ခြင်းဟာ
အရေပြားရဲ့ အပြင်ဘက် ဆုံးအလွှာ Startum Corneum ကို ပျက်စီး စေပါတယ်။

Thursday, July 17, 2014

ဖန်ခွက်ကို အောက်ချ ထား


 ဖန်ခွက်ကိုအောက်ချလိုက်ပါ။ (Put the glass down)

ယနေ့ သင်ရုံးမှ ပြန်တဲ့အခါ ဒီဇာတ်လမ်းလေးကို ဖတ်ပြီးဆင်ခြင်ပေးပါ။
ဒီဇာတ်လမ်းလေးဟာ သင့်အတွက် ကြီးမားတဲ့ပြောင်းလဲမှုကို
ဖြစ်ပေါ်စေနိုင်မယ်လို့ မျှော်လင့်ပါတယ်။

တစ်နေ့မှာ ပါမောက္ခကြီးတစ်ဦးဟာ ရေထည့်ထားတဲ့ဖန်ခွက်တစ်ခွက်ကို ကိုင်ပြီး

internet ဂိုဒေါင်


မီဒီယာဖိုင်များ ကွန်ပျူတာပေါ်သို့ ရောက်သည့်နေ့မှစ၍ 
ကျွန်မတို့၏ ကွန်ပျူတာများတွင် Storage Space သည် လောက်သည်ဟူ၍ မရှိနိုင်။  
၂၀၀၁ ခုနှစ် ပတ်ဝန်းကျင်ကဆိုလျှင် 40GB ရှိသော Hard Drive သည်ကြီးလှပြီ။ 
ယခုဆိုလျှင် ရုပ်ရှင်များ၊ သီချင်းများ၊ ဓာတ်ပုံများနှင့် စာအုပ်များ ပြည့်နှက်နေသော 
ကျွန်မ၏ ကွန်ပျူတာတွင် နေရာမလောက်မည် စိုးသောကြောင့် လည်းကောင်း၊ 

ကိုကာကိုလာ

ကိုကာကိုလာအချိုရည်မှာ အခြား အသုံးပြုလို့ရ တဲ့ နည်းလမ်းများလည်း ရှိနေပါသေးတယ်။ 

သံချေးများ ဖယ်ရှားခြင်း 
ကိုကာကိုလာအချိရည်ကလည်း အက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ သံချေးစား ထားတဲ့ ဝက်အူရစ်၊ ပလယ်ရာ အစရှိသဖြင့် သံတိုတဆ အစိတ်အပိုင်းများ အားလုံးကို ကိုကာကိုလာအရည်နဲ့ ဆေးချပြီး သေချာ သုတ်ပေးရင် သံချေး

ပိန် ချင် သူ များ အတွက်



 တကယ်ပိန်ချင်သူများအတွက် ဆေးဝါးအကူမလိုဘဲ၊ မိမိဖာသာ အစားအသောက်ဖြင့် ၀ိတ်ချလို့ ရတဲ့ နည်းလမ်း ကောင်းရှိပါတယ်။ ဒီနည်းက ရက်သတတ္တ (၁)ပတ်အတွင်း ကိုယ်အလေးချိန် ၆ မှ ၈ ကီလိုထိ ကျစေတဲ့ နည်းလမ်းဖြစ်တယ်လို့  ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၄)ရက် နေ့ စွဲပါ American Health Digest မှာ ဖော်ပြထားခဲ့ပါတယ်။ သို့ သော် (၇)ရက်တိတိ သူ့ အညွှန်းအတိုင်း လိုက်နာနိုင်မှသာ ကိုယ်အလေးချိန် သိသိသာသာလျော့ကျစေမှာဖြစ်လို့ ၊ တကယ်ပိန်ချင်လိုစိတ်ပြင်းပြ သူများ

နိုင်ငံခြား ဘဏ်များ လုပ်ကိုင်ခွင့် လျှောက် ထား


ဒီနှစ်နှောင်းပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံခြား ဘဏ်တချို့ ကို ငွေကြေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုမယ်လို့ ကြေညာ ထားတဲ့အတိုင်း၊ လုပ်ငန်းလိုင်စင် လျှောက်ထားတဲ့ နိုင် ငံခြားဘဏ်တွေ အများအပြားရှိနေကြောင်း Banking Business Review သတင်းက ဖော်ပြပါတယ်။

လူ့အခွင့်အရေး ကိုယ်စားလှယ်သစ် ရန်ကုန်ရောက်

ကုလသမဂ္ဂ ရဲ့ မြန်မာ နိုင်ငံ လူ့ အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် အသစ် ဖြစ်တဲ့
တောင်ကိုရီးယားလူမျိုး မစ္စ ယန်ဟီလီ သည်  ဗုဒ္ဓဟူးနေ့ ညမှာ
 မြန်မာ နိုင်ငံကို ရောက်ရှိ ခဲ့ပြီး ကချင်ပြည်နယ် နှင့်
မန္တလေးကို သွားဖို့ စီစဉ် ထားကြောင်း သိရှိရပါသည်။ အစီအစဉ် အသေးစိတ်ကို တော့

အန္တာရယ်


ချိုင်းချွေးနံ့ ပျောက်ဆေးတွင် ပါဝင်သော Toxins သည် ခန္ဓာ ကိုယ်အတွင်း 
ဝင်ရောက်ပြီး ကင် ဆာဖြစ်စေနိုင်သည်။ 
၎င်း Toxins သည် ချိုင်းမွေးရိတ်ရာတွင် အရေပြားပေါက်ပြဲကာတစ်ဆင့်သွေးထဲသို့ 
လျင်မြန်စွာ ဝင်ရာက်နိုင်သည်ဟု 

LG Phone



တောင်ကိုရီးယားအခြေစိုက် LG အီလက်ထရွန်နစ်၏ နောက်ဆုံးပေါ် 
အဆင့်မြင့် စမတ်ဖုန်း G3 သည်
 မြန်မာနိုင်ငံသို့  ဇူလိုင်လ  အတွင်း ဝင်ရောက်လာမည်ဖြစ်သည်။

Telenor ဖုန်းကဒ်


တယ်လီနော မိုဘိုင်းဖုန်း ဆင်းကတ်များ စတင်ရောင်းချမည့် စက်တင်ဘာလတွင် 
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ကြီး သုံးမြို့ကို ဦးစားပေး
 ဖြန့်ချိ ရောင်းချသွားမည်ဖြစ်ကြောင်း 
တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr.Furberge က  ပြောသည်။

WarrenBuffett


ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး WarrenBuffett ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁)ဘီလီယံကိုရက်ရက်ရောရောလှူဒါန်း

အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။

Wednesday, July 16, 2014

စကား တစ်ခွန်း


စကားတစ်ခွန်းက အမြင်တစ်ခု၊ ခံယူချက်တစ်ခု၊ ဘ၀တစ်ခုကို ပြောင်းလဲ စေခဲ့သလား?

ကြက်ပျံမကျ စည်ကားတဲ့ ပွဲခင်းတစ်ခုမှာ မိခင်တစ်ဦးက ၃နှစ်သား ကလေးငယ်ကို
ရောင်စုံ မိုးပျံပူစီဖောင်းတစ်လုံး ဝယ်ပေးခဲ့တယ်။ ကလေးငယ်က ပူစီဖောင်းက
ကြိုးသေးလေးကို ကိုင်ပြီး ပွဲခင်းထဲမှာ ခုန်ဆွ ခုန်ဆွနဲ့ ပျော်နေခဲ့တယ်။

စကားပြော ကောင်းဖို့ (၃)


(၃) အရေး မကြီးသည့် အသေး စိတ်များ ကို ထည့်မ ပြော ခြင်း
" တစ်ဖက်လူ စိတ်ညစ် စေချင် ရင်တော့ အသေး စိတ် တစ်ခု မကျန် ပြောပေါ့ဗျာ "
ဟု ဗော်လဲယားက ဆိုသည်။
အရေး မကြီးသည့် အရာ တွေကို အသေး စိတ် လိုက်ကာ လိုရင်းကို မရောက် နိုင်ဘဲ

Tuesday, July 15, 2014

စကား ပြော ကောင်းသူ ဖြစ်ဖို့


( ၂ ) တစ်ဖက်သား စိတ်ဝင် စားမည့် အကြောင်း ရပ်ကို ပြောဆိုခြင်း။
တစ်ယောက် ချင်း နှစ်ယောက် ချင်း ပြော ကြသည့် စကား ၀ိုင်းမျိုး တွင် 
စကား ပြော ကောင်း သူ ဟူသည် မှာ 
မည်မျှ ညဏ်ရွှင် ကြောင်း သွက်လက် ချက်ချာ ကြောင်း ပြသ သူမျိုး မဟုတ်၊ ( ၀ါ )
စကား အများ ကြီး ပြော သူ မဟုတ်၊ 

Sunday, July 13, 2014

စကားပြောကောင်းဖို့


 
( ၁ ) သူတစ် ပါး စကား ကို အာရုံ စိုက် နားထောင်ခြင်း
လူ တော် တော် များများမှာ သူတစ်ပါးနှင့် စကား ပြောလျှင် သူပြောတာ နားမထောင်၊
သူ့ စကား ဆုံးလျှင် ငါ ဘာပြော လိုက်မည် ဆိုတာ ကိုပဲ စဉ်းစား ကာ ပါးစပ် တပြင်ပြင် နှင့်
စောင့် ဆိုင်း နေတတ် ကြသည်။ သူ့ စကား ဆုံး၍ ကိုယ်က ပြောလိုက် သည့်အခါ သူပြော

Friday, July 11, 2014

Phone apk Version 1.2 ဒေါင်းလုပ်ဆွဲနည်း။ Install လုပ်နည်း။

ဖုန်းဖြင့် ကြည့်သူ များအတွက် Version 1.2 ကို ပြု လုပ် ပေးလိုက် ပါတယ်။ ဒေါင်းနည်း နဲ့ Install နည်းကို ရှင်းလင်း ပေး ထား ပါ တယ်။

ဒေါင်းလုပ်(Download ) ဆွဲချင် သူများ { ဤနေရာကို } နိုပ်ပါ။

Browser ကို မူလ ပါသော Browser ကို ရွေးပါ။

ပန်ကြားချက်

ယနေ့ ၀ါဆိုလပြည့်နေ့ တွင် တရား နာယူပုံများ၊ သီလဆောက်တည် ပုံများ၊ မြို့နေပြည်သူများ၏ လှုပ်ရှားမူ များကို ဝေေ၀ဆာဆာ တင်ပြရန် ရည်ရွယ်ထားခဲ့ပါသည်။ သို့သော် အကြောင်းတစ်စုံတစ်ရာ ကြောင့်
ပြု လုပ်နိုင်ခြင်း မရှိခဲ့ပါ။ ဤဘလော့ကို  စောင့်ကြည့်နေကြသူများ အတွက် ထိုက်တန်သော တင်ပြမှု
မပေးနိုင်ခဲ့ခြင်း အတွက် ၀မ်းနည်းမိပါကြောင်း လေးစားစွာ ပန်ကြားအပ်ပါသည်။
Admin

ဝါဆိုလပြည့်နေ့


ဝါဆိုလပြည့်နေ့ { အဝေးရောက် နေ သူများ အတွက် အမှတ်တရ ရိုက်ပေးထားတာပါ။ ပညာရှင် တစ်ယောက် မဟုတ်တဲ့ အတွက် အဆင်မပြေမှု များ ရှိပါက ခွင့်လွှတ်ပေးပါ။ }

ယနေ့ ၀ါဆိုလပြည့်နေ့


ယနေ့ ၀ါဆိုလပြည့်နေ့ည ဖောင်တော်ဦး ဘုရား

Thursday, July 10, 2014

သိမ်တောင် အ.မ.က ( ၃ )


တောင်ကုတ်မြို့ သိမ်တောင် အမက (၃) ကျောင်းတွင် ညဥ့်အချိန် ပြင်ပမှ 
အမည်မသိသူများ ကျူးကျော် ၀င်ရောက်ပြီး မဖွယ်မရာများ ပြုလုပ်နေသည်ဟု ကျောင်းသားမိဘများက ပြောဆိုသည်။
ယခုကဲ့သို့ ဖြစ်ပျက်နေသည်မှာ တာဝန်ထမ်းဆောင်နေသူ

Wednesday, July 9, 2014

ဆေးလိပ်ဖြတ်လျှင် ကောင်းလာမည့် အချက်များ


ဆေးလိပ်ဖြတ်ပြီး မိနစ် ၂၀ မှာ 
လက်နဲ့ ခြေထောက်တွေရဲ့ သွေးလည်ပတ်မှု ကောင်းမွန်လာပါလိမ့်မည်။

 ဆေးလိပ်ဖြတ်ပြီး ၂ နာရီ အကြာမှာ
နှလုံးခုန်နှုန်း၊ နှလုံးခုန်သံ နှင့် သွေးဖိအား တွေဟာ ပုံမှန်ပြန်ဖြစ်လာမယ်။ 

ဆေးလိပ်ဖြတ်နည်း

 

 နီကိုတင်းဆေးဖတ်
 (nicotine patch)
အရေပြားတွင်း ထည့်ထားရသည့် ဆေးဖတ်ဖြစ်သည်။ ဆေးလိပ်သောက်လျှင် ခန္ဓာကိုယ်တွင်း ၀င်ရောက်သည့် နီကိုတင်းကို ဆေးလိပ်သောက်စရာမလိုဘဲ အစားထိုးပေးသည်။

ပညာ


ယနေ့ ကာလ မြန်မာနိုင်ငံ နေ ရာဒေသအသီးသီးတွင် လူငယ်များပညာမသင်ယူနိုင်ကြတော့ပေ။ အကြောင်း ကမိသားစု စားဝတ်  နေ  ရေး မဖုံလုံသောကြောင့်တည်း။ 

အူမတောင့် မှ သီလစောင့် နိုင်သည် ဟူသော စကားအရ မိသားစုအတွင်း 
စားဝတ်  နေ  ရေး မပြည့်စုံလျှင် ပညာရေးဟူသည် ထိုမိသားစုအတွက် စဉ်းစားဖို့အချိန်မရှိပေ။