Friday, July 18, 2014

မိုးလေ၀သ သတင်း


မိုးရေကြီးမည့်သတိပေးချက်
*****************************
၂၀၁၄ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်နေ့ မြန်မာစံတော်ချိန် (၁၄း၀၀)နာရီအချိန်တွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မိုးကြီးမည့် သတိပေးချက်ကို အောက်ပါအတိုင်းလေးစားစွာ အစီရင်ခံတင်ပြအပ်ပါသည်-
(က) ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း "ရမ်မာစံ" (Rammasun)၏ အရှိန်ကြောင့် ယနေ့မွန်းတည့်မှ နောက်(၃)ရက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်။
(ခ) အဆိုပါ မိုးကြီးမည့်အခြေအနေကြောင့် ကမ်းရိုးတန်းဒေသများနှင့် ကုန်းမြင့်ဒေသအချို့တို့တွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်ဂရုပြုသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

Refer To MRTV

No comments :

Post a Comment