တယ်လီနော မိုဘိုင်းဖုန်း
ဆင်းကတ်များ စတင်ရောင်းချမည့် စက်တင်ဘာလတွင်
ရန်ကုန်၊ မန္တလေးနှင့်
နေပြည်တော် မြို့ကြီး သုံးမြို့ကို ဦးစားပေး
ဖြန့်ချိ
ရောင်းချသွားမည်ဖြစ်ကြောင်း
တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ်
Mr.Furberge က ပြောသည်။
လက်ရှိတွင် မိုဘိုင်းကွန်ယက်
တည်ဆောက်ခြင်းအတွက် မိုဘိုင်းတာဝါတိုင် တည်ဆောက်ခြင်းများ၊
မိုဘိုင်းနက်ဝက်ပစ္စည်း တပ်ဆင်ခြင်းများ လုပ်ဆောင်နေပြီး စက်တင်ဘာလအမှီ
စတင်ဝန်ဆောင်မှုပေး နိုင်မည်ဟု ၎င်းက ထပ်လောင်းပြောကြားထားသည်။
လစဉ် မိုဘိုင်းကွန်ရက်ချဲ့ထွင်ခြင်းပြုလုပ်သွားမည်ဖြစ်ပြီး လာမည့် ငါးနှစ်အတွင်း တစ်နိုင်ငံလုံး၏ မိုဘိုင်းကွန်ယက် ၉ဝ ရာခိုင်နှုန်းကျော်ကို ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆိုသည်။
တယ်လီနောမိုဘိုင်းဆင်းကတ်၏ ဖုန်းခေါ်ဆိုများကိုလည်း အသက်သာဆုံးဈေးနှုန်းဖြင့် ခေါ်ဆိုနိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဈေးနှုန်းကို တရားဝင် ပြောဆိုနိုင်ခြင်း မရှိသေးဟု Mr.Furberge က ပြောသည်။

No comments :
Post a Comment