Tuesday, July 8, 2014

တစ်ချို့  မျှော်လင့်ချက်


တစ်  ချို့   မျှော်လင့်ချက်
တစ်ခါတုန်းက မြေအိုးဖုတ် သမားတစ်  ယောက်ဆီမှာ ၀န်ထုတ်ဝန်ပိုးတွေကို သယ်ပေးရင်း အသက်မွေးနေ တဲ့ မြည်းလေးတစ်ကောင် ရှိပါတယ်။ 
ဒီမြည်းကလေးဟာ နေ့စဉ်နေ့တိုင်း သူ့သခင်ရဲ့ အလုပ်ခွင်မှာ ၀င်လုပ် ပေးရတဲ့အပြင် စာနာမှုမရှိတဲ့ သူ့သခင်ရဲ့ ရိုက်နှက်ဆဲရေးကြိမ်းမောင်းတဲ့ ဒဏ်ကိုလည်း နေ့တိုင်း လိုလို ခံရပါသတဲ့။


တစ်နေ့မှာတော့ မလှမ်းမကမ်းရွာမှာနေတဲ့ မြည်းကလေးရဲ့ ညီဝမ်းကွဲတော်သူ
တခြားမြည်းတစ်ကောင် ဟာ သူ့အစ်ကိုဆီကို အလည်လာခဲ့ပါတယ်။ 
အလည်လာတဲ့ ညီကိုတွေ့ရတော့ မြည်းကလေးဟာ ပျော်သွားပါ သတဲ့။ 
မတွေ့ရ  တာလဲကြာပြီဆိုတော့ ရောက် တုန်းရောက် ခိုက်လေး သူတို့နှစ်ယောက်
 ပျော်  ပျော် ရွှင်ရွှင် နဲ့ပင် စားကြသောက် ကြရင်း…စကားစမြည်ပြော  ဖြစ်ကြပါတယ်။ သူ့ညီမြည်းကလေးကလည်း သူ့အစ်ကိုဆီ ရောက် တုန်းရောက် ခိုက်
အနည်းဆုံး နှစ်ရက်သုံးရက်လောက်  နေပြီးမှ ပြန်မယ်လို့ ဆုံးဖြတ်ထားခဲ့ပါသတဲ့။

ေေေေ  နောက် တစ်နေ့ နံနက်မိုးသောက်လို့ အလင်းရောက် ချိန်မှာတော့ 

အိမ်ရှင်မြည်းကလေးဟာ ထုံးစံအတိုင်း အင်မတန်လေးလံတဲ့ ၀န်တွေကို 
သူ့ကျော ကုန်းပေါ်မှာတင်ပြီး သူ့အလုပ်ခွင်ကို ၀င်ရပါတယ်။ 
ဒီလိုလုပ်နေ ရင်း တစ်ခါတစ်ခါ သူ့သခင်ရဲ့ ရိုက်ပုတ်တာ၊ 
ဆဲရေးတိုင်းထွာတာတို့ကိုလည်း မကြာမကြာခံရပါတယ်။ 
ဒီအနေ အထားကို မြင်သွားတဲ့ အလည်အပတ်ရောက်လာတဲ့ မြည်းကလေးဟာ
 တော်တော်လေးကို အံ့သြမိ သွားခဲ့ပါတယ်။

ညနေပိုင်း အလုပ်တွေလည်း သိမ်းပြီဆိုတော့ ညီဖြစ်တဲ့ မြည်းကလေးဟာ သူ့အစ်ကိုကို

“အစ်ကို….ကျနော်ကို ပြောပြပါဦး။ 

အစ်ကိုက နေ့တိုင်းပဲ ဒီလိုအရိုက်အနှက် အဆဲရေးခံပြီးတော့ သူ့ဝန်တွေ ကို ဆွဲပေးနေရတာလား ”
ဆိုပြီး မေးလိုက်ပါတယ်။ ဒီတော့ မြည်းကလေးက အနည်းငယ်ပြုံးပြီး

“ဟုတ်တာပေါ့……ငါ့ညီရာ…။ 

ငါ့သခင်က နေ့တိုင်းပဲ ငါ့ကို ရိုက်နှက်ဆဲရေးတိုင်းထွာပြီး ၀န်တွေကို ဆွဲစေခဲ့ တာလေ…”

လို့ ပြန်ပြောလိုက်ပါတယ်။ ဒီတော့ သူ့ညီမြည်းကလေးက တစ်ခါထပ်ပြီး

“ဒါဆို ဘာဖြစ်လို့ အစ်ကိုက ဒီသခင်ကို ထားခဲ့ပြီး အဝေးကို ထွက်မပြေးခဲ့တာလဲ။ 

ကျနော့အလိုသာဆိုရင် ထွက်ပြေးသွားမှာ အမှန်ပဲ။ 
အခုတော့ အစ်ကိုက အဲဒီလိုမဟုတ်ဘဲ ဒီမှာပဲ ဆင်းဆင်းရဲရဲနဲ့ ကပ်နေနေ ရတယ်လို့။
 ပြောပါဦး…ဘာဆွဲဆောင်စရာတွေများ ရှိနေလို့ ဒီမှာဆက်ပြီး နေနေရတာလဲ…”

လို့မေးလိုက်တဲ့ခါ မြည်းကလေးက

“ဒီလိုကွ….ငါ့ညီရ။ ဒီအိုးဖုတ်သမားကြီးမှာ အင်မတန်လှပတဲ့ သမီးလေးတစ်ယောက်ရှိတယ်…”

ဒီမှာ ညီဖြစ်သူက

“ဒါဆို…. အစ်ကို ဆိုလိုချင်တာက ….”

စကားဖြတ်ပြောတဲ့အခါမှာတော့ မြည်းကလေးက သူ့စကားကိုပြန်ဆက်ပြီး

“ဒီအိုးဖုတ်သမားကြီးက သူ့သမီးလေး အမှားတစ်ခုခုကို လုပ်မိတဲ့အခါတိုင်းအခါတိုင်း 

‘နင့်ကို ငါ ဒီမြည်းနဲ့ ပေးစားပစ်မယ်…၊ နင့်ကို ငါ ဒီမြည်းနဲ့ ပေးစားပစ်မယ်’ လို့ 
ခဏခဏပြောပြီး ကြိမ်းမောင်းတယ်ကွ။ 
ဒါဆို ငါ့ညီနားလည်လောက်ပြီ ထင်ပါတယ်…
ငါဒီမှာဘာကြောင့် သူတို့ကို မစွန့်ခွာဘဲ ဆက်ပြီးနေနေတယ်ဆို တာကို။ 
ကဲ…. ဘယ်လိုလဲ အခု 
ငါ့ရဲ့ ဒီမှာဆက်နေရခြင်းအကြောင်းနဲ့ ငါ့ရဲ့တောက်ပနေတဲ့ အနာဂတ်ကို ငါ့ညီ သိပြီမဟုတ်လား…”

လို့ ပြောလိုက်ပါတယ်။ 

ဒီတော့ ညီဖြစ်သူ မြည်းကလေးက စိတ်မထိန်းနိုင်ဘဲ ကျယ်လောင်စွာကို အော်ရယ် ပစ်လိုက်ပါတယ်။ သူ့အစ်ကို ပြောတဲ့စကားကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး ထပ်ခါ ထပ်ခါရယ် မောပစ်လိုက်ပါတယ်။ ပြီးတော့…

“အစ်ကို …. မင်းဟာ ငမိုက်ပဲ…။ အေး….. မင်းသခင် ပြောသလို မင်းကို သူ့သမီးနဲ့ ပေးစားမယ့် ရက်ဟာ ဘယ်တော့မှာ ရောက်လာမှာ မဟုတ်ဘူး…”

လို့ ပြောလိုက်ပါတယ်။

ကျနော်တို့ရဲ့နေ့စဉ်ဘ၀မှာလည်း ဒီပုံပြင်လေးထဲက အိုးဖုတ်သမားရဲ့ မြည်းလေးအတိုင်းပါပဲ။ 

ကျနော်တို့ အားလုံးလိုလိုဟာ ရောက်လာဖို့အတွက် မသေချာတဲ့အနာဂတ်တွေကို မျှော်ကိုးရင်းနဲ့ပင် ခက်ခဲကြမ်း တမ်းတဲ့ ဘ၀ခရီးကို ဖြတ်သန်းကြတယ်။ 
 ဆင်းရဲဒုက္ခရဲ့ ဒဏ်တွေကို အနာဂတ်ရောင်ခြည်တွေနဲ့ ကုစားကြ တယ်။ 
ဒါပေမဲ့ မှားယွင်းနေတဲ့ အနာဂတ်မျှော်လင့်ချက်တွေကို မိုက်ရူးရဲဆန်စွာနဲ့ပင် ဆုတ်ကိုင်ထား မိမယ်ဆိုရင်တော့………..။

ဘ၀ကျောင်းဖတ်စာ ( < --- Credit )

No comments :

Post a Comment