Sunday, July 27, 2014

အောင်မြင်မှု ရဖို့

သင်လျှောက်လှမ်းနေတဲ့လမ်းတစ်ခုမှာ
အဆင်မပြေမှုတွေကြုံလာတိုင်း
စိတ်ပျက် အားငယ်စရာတွေရှိလာတိုင်း
လွယ်လွယ်နဲ့ လဲကျသွားမယ်ဆိုရင်
သင့်အတွက်အောင်မြင်မှုဆိုတာရှိနေတော့မှာ
မဟုတ်ပါဘူး

အခက်အခဲတစ်ခုစီကြုံတွေ့လာရတိုင်း
သင်ယူတတ်မယ်ဆိုရင် သင့်ဘဝအတွက်
အတွေ့အကြုံကောင်း /သင်ခန်းစာကောင်းတစ်ခုကို
သင် ပိုင်ဆိုင်ရမှာပါ



အဆင်မပြေမှုဆိုတာ သင်တစ်ယောက်ထဲမှာပဲ
ရှိနေတတ်တာမဟုတ်သလို / အခက်အခဲဆိုတာလဲ
လူတိုင်းမှာ တစ်မျိုးမဟုတ် တစ်မျိုးစီရှိနေတတ်ကြ
တာပါပဲ

အဲ့ဒါကြောင့် လွယ်လွယ်နဲ့ စိတ်ဓါတ်မကျပဲ
သင်လိုချင်တဲ့ရည်မှန်းချက်ပန်းတိုင်းကို ကြိုးစားပီ
 လျှောက်လှမ်းကြည့်ပါ /တစ်နေ့နေ့တော့
 အောင်မြင်မှုဆိုတာ သင့်အတွက်ရှိနေပေးမှာပါ

No comments :

Post a Comment