ဆုံးဖြတ်မစောပါနဲ့ ( ၂ )
============
ရထားတစ်စင်းပေါ်မှာပေါ့… ၂၄ နှစ်အရွယ်ကောင်လေးက ရထားပြူတင်းပေါက်ကနေအပြင်ကိုကြည့်နေရင်း အော်ပြောလိုက်တယ်…
“အဖေ …ကြည့်ပါဦး …သစ်ပင်တွေက နောက်မှာကျန်ခဲ့တယ်နော်…ဟေ..ဟေး…”
သူ့အဖေကတော့ ပြုံးနေပါတယ်…။
သူတို့နဲ့ မျက်နှာချင်းဆိုင်ခုံက လင်မယားနှစ်ယောက်ကတော့
ကောင်လေးရဲ့  ကလေးကလားအပြုအမူ အပြောအဆိုတွေကြည့်ပြီး မျက်စောင်းထိုးနေတာပေါ့…။
ကောင်လေးက ရုတ်တရက်ထအော်ပြောပြန်ပါတယ်…။
“ ဟာ…အဖေ…ကြည့်ပါဦးဗျ…တိမ်တွေက ကျနော်တို့နောက်လိုက်လာတယ်နော်…” ဟိုလင်မယားနှစ်ယောက်က သည်းမခံနိုင်တော့ဘဲ
ကောင်လေးအဖေ အဖိုးကြီးကိုပြောလိုက်တယ်…။
“ ကောင်လေးကို…ဆရာဝန်ပြဖို့တော့လိုပြီထင်တယ်…”
အဖိုးကြီးကလည်း ပြုံးပြုံးလေးပဲ ပြန်ဖြေပါတယ်…
“ ဆရာဝန်ပြပြီးပါပြီ…
ခုပဲကျုပ်တို့ဆေးရုံကပြန်လာကြတာ…
ကျုပ်သားက မွေးရာပါ မျက်စိကွယ်နေခဲ့တာ…
ဒီနေ့ဟာ သူ လောကကြီးကို
ပထမဆုံးမြင်တွေ့ခွင့်ရတဲ့နေ့ပေါ့…”
လောကမှာရှိသမျှလူအားလုံးဟာ သူ့အကြောင်းနဲ့သူ ရှိနေကြပါတယ်…
လောကမှာရှိသမျှလူအားလုံးဟာ သူ့အကြောင်းနဲ့သူ ရှိနေကြပါတယ်…
သူတို့အကြောင်းကို သေချာမသိဘဲ သူတို့ကိုဆုံးဖြတ်မစောလိုက်ပါနဲ့…
## ဦးသုည ... စကားလုံးဖလှယ်သည်...

No comments :
Post a Comment