Wednesday, July 9, 2014

ဆေးလိပ်ဖြတ်လျှင် ကောင်းလာမည့် အချက်များ


ဆေးလိပ်ဖြတ်ပြီး မိနစ် ၂၀ မှာ 
လက်နဲ့ ခြေထောက်တွေရဲ့ သွေးလည်ပတ်မှု ကောင်းမွန်လာပါလိမ့်မည်။

 ဆေးလိပ်ဖြတ်ပြီး ၂ နာရီ အကြာမှာ
နှလုံးခုန်နှုန်း၊ နှလုံးခုန်သံ နှင့် သွေးဖိအား တွေဟာ ပုံမှန်ပြန်ဖြစ်လာမယ်။ 

ကိုယ်ဝန်ဆောင်မိခင်တွေအတွက်တော့ ကလေးငယ်ရဲ့ နှလုံးခုန်သံဟာ ပုံမှန်ပြန်ဖြစ်လာမယ်။ 

ဆေးလိပ်ဖြတ်ပြီး ၈ နာရီ အကြာမှာ ကာဗွန်မိုနောက်ဆိုက် တွေဟာ လျော့နည်းသွားပြီး သွေးဆဲလ်လေးများဆီသို့
 အောက်ဆီ ဂျင်ပို့လွှတ်ခြင်းကို မဟန့်တားနိုင်တော့ပါဘူး။ 
ကိုယ်ဝန်ဆောင်မိခင်များအတွက် ဆိုရင်တော့ ကလေးများအတွက် အောက်ဆီဂျင်ကောင်းစွာ ရောက်ရှိနိုင်ပါလိမ့်မည်။
 
ဆေးလိပ်ဖြတ်ပြီး 24 နာရီ အကြာမှာ 
အန္တရာယ်ပေးနိုင်တဲ့ နှလုံးရောဂါ ဟာလျော့ပါးသွားပါလိမ့်မည်။
 
ဆေးလိပ်ဖြတ်ပြီး 48 နာရီ ပြည့်ပြီးနောက်မှာ 
သင့်ခန္ဓာကိုယ်မှာရှိတဲ့ နီကိုတင်းတွေဟာ ဖယ်ရှားပြီးသားဖြစ်ပြီး လုံးဝမရှိတော့ပါဘူး။

ဆေးလိပ်ဖြတ်ပြီး ၂ရက်မှာတော့ 
အနံ့အသက်နဲ့ အရသာခံစားနိုင်စွမ်း များပြန်လည် တိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ပြီး ၃ရက်အကြာမှာတော့ 
အသက်ရှုနှုန်းဟာ သိသိသာသာတိုးတက်ကောင်းမွန်လာပါလိမ့်မယ်။ 
အဆုတ်မှာရှိတဲ့ အမျှင်လေးတွေဟာ မူလအနေအထားအတိုင်းပြန်လည် ကောင်းမွန်လာပါလိမ့်မယ်။ ၎င်းအမျှင်များဟာ အဆုတ်မှာရှိတဲ့ ဖုန်မှုန့်များကို ကောင်းစွာဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ပြီး ၁ပတ်ကြာပြီးနောက်မှာတော့ 
သင့်ရဲ့ သွေးဖိအား ကျဆင်းသွားမည်။

ဆေးလိပ်ဖြတ်ပြီး ၃လ ကြာပြီးနောက်မှာတော့ 
အဆုတ်ရဲ့စွမ်းဆောင်ရည်တွေ တိုးတက်လာပြီး အသားအရေဟာလည်း ပြန်လည်ကြည်လင်လာမှာဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ပြီး ၃လ ကနေ ၉လ ကြာပြီးနောက် 
အဆုတ်က ကောင်းစွာ သန့်ရှင်းရေးလုပ်နိုင်ပြီ
ဖြစ်တဲ့အတွက်ကြောင့် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တဲ့ ချောင်းဆိုးတာ လျော့ကျသွားပါမယ်။

ဆေးလိပ်ဖြတ်ပြီး ၁၂လ ကြာပြီးနောက်မှာတော့
 နှလုံးရောဂါဖြစ်နိုင်ခြေ တစ်ဝက်လောက်လျော့ကျသွားပါလိမ့်မည်။

ဆေးလိပ်ဖြတ်ပြီး ၅ နှစ်ကြာပြီးနောက်မှာတော့ 
အစာအိမ်၊ ပါးစပ်၊ လည်ချောင်း နှင့် အဆုတ်တွင် 
ကင်ဆာဖြစ်နိုင်ခြေ တစ်ဝက်လောက်လျော့ကျသွားပါလိမ့်မယ်။

ဆေးလိပ်ဖြတ်ပြီး ၅ နှစ်မှ ၁၀ နှစ်ကြာပြီးနောက်မှာတော့
ဆေးလိပ်သောက်ခဲ့တဲ့ အတိုင်းအတာပေါ်မူတည်ပြီးတော့ နှလုံးနဲ့ အဆုတ်ဟာ ဒီ ၅ နှစ် မှ ၁၀ နှစ်အတွင်းမှာ ဆေးလိပ်လုံးဝမသောက်သူလိုမျိုး ပြန်လည်ကောင်းမွန်လာမည်။

၁၀ နှစ်ကြာပြီးနောက် မှာတော့ 
ဆဲလ်နှင့် သစ်သျှုးတော်တော်များများကို အစားထိုးပြီးသားဖြစ်နေပါပြီ။ 
အဆုတ်ကင်ဆာရောဂါ ဖြစ်နိုင်ချေ လည်း ဆက်တိုက်ကျဆင်းနေမယ်။ 
ပါးစပ်၊ လည်ပင်း၊ အစာရေမြို ၊ ဆီးအိတ် နဲ့ ကျောက်ကပ်မှာ 
ကင်ဆာဖြစ်နိုင်ခြေ တွေလည်း ဆက်လက်ကျဆင်းနေပါတယ်။

၁၅နှစ်ကြာပြီးနောက် မှာတော့ 
ကင်ဆာဖြစ်နိုင်ခြေက ဆေးလိပ်မသောက်သူတစ်ယောက်ကဲ့သို့ 
အခြေအနေတိုးတက်ကောင်းမွန်နေမှာဖြစ်ပါတယ်။

Credit to YgnNews

No comments :

Post a Comment