Thursday, July 3, 2014

အင်ဂျင်နီယာများ၏အမှတ်တမဲ့အမှားလေးများ( ၃ )

အင်ဂျင်နီယာများ၏အမှတ်တမဲ့အမှားလေးများ( ၃ )

{ကိန်းရှင် - Coefficient နှင့် မြန်မာပြည်}

ကျွန်တော်တို့ဌာနတွင် လမ်းဖောက်လုပ်ရင်းဖြင့် တံတားငယ်လေးများ Culvert လေးများတည်ဆောက်ရန်ရှိသောအခါ အင်ဂျင်နီယာများသည် ထိုနယ်မြေသို့ သွားရောက်၍
နယ်မြေခံများအားမေးခွန်းများမေးကြပါသည်။ မိုးတွင်းတွင် ရေအမြင့်ဆုံးဘယ်လောက် ရှိလဲ?အမြင့်ဆုံးတက်ခဲ့သည့် Level?ချောင်းရေပြည့်လာလျှင် လမ်းပေါ်ရေကျော်လား? ဘယ်လောက်ကျော်သလဲ? အစရှိသဖြင့် မေးခွန်းများမေး၍ ၆၀'တံတား ဆောက်မည် ၄၀' တံတား ၂၀' တံတား (သို့မဟုတ်) 10' Culvert 5' Culvert ဆောက်မည် အစရှိသဖြင့် ဆုံးဖြတ်ဆောင်ရွက်ခဲ့ကြသည်ကများပါသည်။ထိုသို့ဆုံးဖြတ်တိုင်းလည်းဆောင်ရွက်ပြီးလျှင် အစဉ်ပြေသွားသည်ကများသည်။ အတွေ့အကြုံအရဆုံးဖြတ်ခြင်းကြောင့် ဖြစ်ပါသည်။
ထိုသို့ Survey လုပ်ရာတွင် CatchmentArea? Rainfall intensity? သက်ရောက်မှုရှိစေသည့် မြေအမျိုးအစား? အစရှိသဖြင့် စာအုပ်ထဲမှ Q = ACi နှင့် တွက်ချက်မှုနှုန်းများ လွန်စွာနည်းပါး၍ အတွေ့အကြုံပေါ်တွင် Safety factor ထည့်သွင်းဆုံးဖြတ်ခြင်းမျိုးဖြင့် ဆောင်ရွက်လေ့ရှိပါသည်။
ဥပမာအားဖြင့်ဤနေရာတွင် Q = ACiပုံသေနည်းဖြင့် တွက်ချက်သည့် အင်ဂျင်နီယာများမှားယွင်းတတ်သောကိန်းရှင် Coefficient (c) ၏အယူအဆကိုတင်ပြ မည်ဖြစ်ပါသည်။Kohler၏စာအုပ်တွင်လည်းကောင်းNORBERT၏စာအုပ်တွင်လည်းကောင်း (c) ကိုအမျိုးအစားများခွဲခြား၍ (၀.၁ မှ ၀.၉)အထိခွဲခြားထားပါသည်။ ဥပမာ- ကျောက် တောင်ဒေသဆိုပါက (c=0.9) ကိုယူသည်ဟုဆိုလျင် မြန်မာနိုင်ငံတွင် အဆိုပါ 0.9 ယူရမည့် ဒေသသည် မေခ ၊ မလိခ မြစ်တို့၏ မြစ်ညာတွင်သာရှိပါသည်။ ချင်းပြည်နယ်တွင် (c) ကို 0.9 ယူ၍မရပါ။ ထို့အတူလူနေဒေသများတွင် 0.5 ယူရန်ဟုဖော်ပြထားခြင်း၊ သဲမြေဒေသများတွင် 0.4 မှ 0.5 အစရှိသည်ဖြင့် ဖော်ပြထားရှိရာမြန်မာနိုင်ငံအတွက် သင့်တင့်လျှောက်ပတ်သော Coefficientကိုချင့်ချိန်၍ထဲ့သွင်းအသုံးပြုရမည်ဖြစ်ရာ အင်ဂျင်နီယာများ၏အတွေ့အကြုံသည်များစွာအရေးကြီးပါသည်။ဤနေရာတွင်အင်ဂျင်နီယာများသည် ကြီးတာယူလျင် စိတ်ချရသည်ဟုဆုံးဖြတ်၍ 0.9, 0.8 တို့ကိုယူကြပါလိမ့်မည်။ ထို့အတွက် Over Design ဖြစ်ပြီး Project Cost မြင့်လာပါမည်။ ထို့ကြောင့် Resonable ဖြစ်သောCoefficientကိုမှန်ကန်စွာဆုံးဖြတ်သုံးတတ်ကြဘို့လိုပါသည်။
အထက်ပါနမူနာကဲ့သို့ အင်ဂျင်နီယာပညာရပ်၏ပုံသေနည်းများစွာတွင် ပြုပြင် ပြောင်းလဲအသုံးပြုရမည့်ကိန်းကို Coefficient ဖြင့် ဖော်ပြလေ့ရှိပြီး apply လုပ်ရမည့် ဇယားများဖြင့် ဖော်ပြလေ့ရှိပါသည်။ အချို့သောCoefficientများမှာမူလက်တွေ့အသုံးပြုမည့် နေရာဒေသအခြေအနေတို့ပေါ် မူတည်၍ အသုံးပြုမည့် အင်ဂျင်နီယာ၏ အတွေ့အကြုံနှင့် အမျှော်အမြင်ပေါ် တွင် မူတည်နေမည်ဖြစ်ပါသည်။

Credit to MD KyawLinn

No comments :

Post a Comment