Sunday, July 6, 2014

ဘယ်လိုနေထိုင်ရမလဲ


"သင်စိတ်ဓာတ်ကျနေတယ်ဆိုရင် သင့်ရဲ့အတိတ်အကြောင်းတွေပဲအမြဲတွေးနေလို့ပါ။"
"သင်အမြဲစိုးရိမ်ပူပန်ကြောင့်ကြနေတယ်ဆိုရင်တော့ သင့်အနာဂတ်အကြောင်းပဲအမြဲတွေးနေလို့ပါ။"
"သင့်စိတ်ငြိမ်းချမ်းနေတယ်ဆိုရင်တော့ သင်ပစ္စုန်ပန်မှာနေထိုင်နေလို့ပါ။"


စိတ်ဓာတ်ကျတယ်ဆိုတာကကျွန်တော်တို့လူသားတွေရဲ့ မွေးရာပါအကျင့်တစ်ခုပါ။

စိတ်ဓာတ်မကျအောင်အမြဲတမ်းကိုယ့်ကိုကိုမြှင့်တင်နိုင်တာလူတော်တွေရဲ့အမူအကျင့်ပါ။ 
Lao Tzu ပြောတဲ့စကားက တိုတိုနဲ့ အရမ်းကိုထိရောက်ပါတယ်။
တကယ်တော့ သင်ဘာလို့စိတ်ဓာတ်ကျလဲ ပြန်တွေးကြည့်ပါ။ 
များသောအားဖြင့် စိတ်ဓာတ်ကျတာတွေကပြီးခဲ့တဲ့အကြောင်းအရာတွေဖြစ်နေတာကို
သင်သတိထားမိလိမ့်မယ်။အတိတ်ဆိုတာပြန်မတွေးရင်မရှိတော့ပါဘူး။
ပြန်တွေးလို့သာ ခေါင်းထဲ ခနခနရောက်လာတာပါ။ 
ဒီတော့ မနေ့က သင့်ကို သင့်bossက ဆူတာမေ့လိုက်တော့ဗျာ။ 
သင့်ကိုသင့်သူငယ်ချင်းက မျက်လုံးဆွေ တယ်လို့ပြောတာလဲမေ့လိုက်ဗျာ။
သင့်ကိုအရမ်းအရပ်ပုတာပဲလို့ပြောတဲ့သူ အကြောင်းလဲမစဉ်းစားနဲ့တော့ဗျာ။ 
ဘယ်လို စိတ်ညစ်စရာ မျိုးကိုမှမစဉ်းစားနဲ့တော့။ 
သင့်ရဲ့အတိတ်တွေက သင့်ကိုချယ်လှယ်နေတာကို ခွင့်မပြုပါနဲ့တော့။

အတိတ်အကြောင်းပြောပြီးတော့ အနာဂတ်အကြောင်းပြောမယ်။
 မနက်ဖြန်တောင် သင်အသင်ရှင်ပါ့မလားမသိဘူးလို့ပြောရင်
သင်က "ဖွ ဟဲ့ လွဲပါစေ ချော်ပါစေ" ဆိုပြီး ကျွန်တော့်ကိုစိတ်ဆိုးအုံးမယ်။ 
ဒါပေမဲ့ အဲဒါကတကယ်ကိုဖြစ်နိုင်တဲံအမှန်တရားတခုပါ။
အဲဒိတော့ မနက်ဖြန်အကြောင်းစဉ်းစားပြီး အအိပ်ပျက်ခဲ့ရတဲ့ သင့်ရဲ့ညတွေကို ရေစုန်မျှောလိုက်ပါတော့။ အဲလိုပြောတော့ အနာဂတ် အကြောင်းမစဉ်းစားရင် မိသားစုအတွက်ဘယ်လိုလုပ်ရမှာလဲလို့ ကျွန်တော့်ကိုသင်ကပြန်မေးမယ်ထင်တယ်နော်။ 
အရာရာကို အချိန်တိုင်း မှာအကောင်းဆုံးလုပ်နေတဲ့သူအတွက် အနာဂတ်ဆိုတာလှပပြီးသားပါ။ 
သင်အကောင်းဆုံးတွေသာ အချိန်တိုင်းမှာလုပ်နေပါ။
 နောက်ပြီး သင်အကောင်းဆုံးတွေလုပ်ရုံကလွဲပြီးသင့်အနာဂတ်ကိုပြုပြင်လို့ရမဲ့နည်းလမ်းများ သင့်မှာရှိလို့လား။မရှိဘူးနော်။ 
အနှစ်ချုပ်လိုက်တော့ သင်ညတိုင်း နံဖူးပေါ်လက်တင် ပြီးမနက်ဖြန်အကြောင်း ပူပန်စဉ်းစားခဲ့တာတွေအားလုံးက အကျိုးကိုမရှိပါဘူး။ 
လုံးဝမစဉ်းစားနဲ့လို့တော့ မပြောချင်ပါဘူး။ 
စိတ်ညစ်စရာတွေကိုသာမစဉ်းစားဖို့ပြောတာပါ။ 
ငါ Englishစာ ကိုသေချာလေ့လာရင်ကောင်းမလားလို့ သင်စစဉ်းစားခဲ့တဲ့အချိန်ကနေ အခုထက်ထိသေချာမလေ့လာဖြစ်သေးတဲ့အချိန်အထိတွက်လိုက်ရင် တော်တော်ကိုကြာနေပါပြီ။ အဲဒိအချိန်တွေမှာသာသင်လေ့လာလိုက်ရင် အခုလောက်ဆိုကျွမ်းကျင်နေလောက်ပါပြီ။ 
ဒါပေမဲ့ အဲ့ဒါအတိတ်ဖြစ်သွားပြီ။ 
အဲဒိအကြောင်းမေ့လိုက်တော့။ 
အားတော့မှ သေချာလေ့လာတာပေါ့ ဆိုပြီးတော့လည်း အနာဂတ်နဲ့ ကိုင်မပေါက်နဲ့တော့။ 
အခုပဲစပြီးကြိုးစားပါတော့။ သင့်ရဲ့လက်ရှိအချိန်လေးကိုပဲ ပျော်ပျော်လေးနေကြည့်ပါ။

သင့်မှာလက်တလောပိုင်ဆိုင်တာ အရမ်းကို တန်ဖိုးရှိတဲ့ လက်ရှိအချိန်ပါ။ 
အခုချက်ချင်းပဲ စပြီးအသုံးချလိုက်ပါတော့။ 
kung fu pada ဇာတ်ကားထဲ မှာပြောသွားတဲ့စကားလေးလိုပဲပေါ့။ 

Yesterday is history,
Tomorrow is mystery, 
Today is a gift ,
That's why we call it present. 

ကဲခင်ဗျားတို့ ရဲ့လက်ဆောင်လေးကိုတန်ဖိုးရှိရှိအသုံးချကြနော်။
ကျွန်တော်စိတ်ဓာတ်ကျရင်နားထောင်တဲ့သီချင်းလေးရဲ့စာသားလေးနည်းနည်းပြောပြမယ်နော်။
"သိပ်ပြီးဦးနှောက်မခြောက်နဲ့ဘ၀မှာxxxxxxပျော်သလိုပဲသွားxxxxx
ကြိုတွေးထားလို့မရတဲ့လောကကြီးမှာxxxxပူပန်နေအုံးမလား" 
ဘယ်သူဆိုတာလဲတော့ ကျွန်တော်လည်းမသိဘူး။ 
စာသားတွေကိုကြိုက်လို့ ပြန်shareလိုက်တာပါ။ 
စိတ်ဓာတ်ကျခြင်း ၊ စိုးရိမ်ပူပန်ခြင်းကင်းဝေးကြပါစေ။

မိုးရှင်း (I.M.T)

No comments :

Post a Comment