Friday, July 25, 2014

ဂျက် လေယာဉ် AH 5017 ပျောက်ဆုံး

ခရီးသည် ၁၁၆ ယောက် လိုက်ပါလာသော လေယာဉ် အာဖရိက၌ ပျောက်ဆုံးသွား
ဇူလိုင် ၂၄၊ ၂၀၁၄
အယ်လ်ဂျီးရီးယားသို့ ဦးတည်ပျံသန်းလာသော ခရီးသည် ၁၁၆ ယောက် လိုက်ပါလာသည့် ဂျက်လေယာဉ်တစ်စီး အာဖရိက၌ ပျောက်ဆုံးသွားသည်။
မြင်ကွင်းမှုန်ဝါးနေသဖြင့် အခြားလေယာဉ်တစ်စီး နှင့် တိုက်မိခြင်းမရှိစေရန် လမ်းကြောင်းပြောင်းပျံသန်းနေစဉ် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
လေယာဉ် AH 5017 သည် ဘာကီနာဖာဆို၏မြို့တော် အူယူအာဂါဒူဂူမှ ထွက်ခွာလာပြီးသည့်နောက် အခြေအနေ ဆိုးရွားနေခဲ့သည်။
ထိုအချိန် အယ်လ်ဂျီးရီးယားမှ စစ်ဒဏ်ခံ မာလီ၏ မြို့တော် ဘာမာကိုသို့
ပျံသန်းလာသော လေယာဉ်တစ်စီးလည်း ရှိနေပြီး ထိုလေယာဉ်နှင့် မတိုက်မိစေရန် AH5017 အား လမ်းကြောင်းပြောင်းရန် ညွှန်ကြားခဲ့ကြသည်။
စပိန်လေကြောင်းလိုင်း Swiftair သည် Air Algeria အစား ပျံသန်းပြေးဆွဲနေပြီး လောလောဆယ် ပျောက်ဆုံးလေယာဉ်နှင့် အဆက်အသွယ် တစ်စုံတစ်ရာ မရသေးပါ။
လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ၆ ဦး နှင့် ခရီးသည် ၁၁၆ ယောက် လိုက်ပါလာပြီး ခရီးသည်အားလုံး သာမာန်အရပ်သားများ ဖြစ်သည်ဟု ယူဆရသည်။
* ပျောက်ဆုံးလေယာဉ်ပေါ်၌ ပြစ်သစ်နိုင်ငံသား ၅၀ ဦး လိုက်ပါသွားသည်။
Refer to Express

No comments :

Post a Comment