တစ်နေ့လျှင် နှစ်ကြိမ် မနက် တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ပါ။
မကြာခဏ ထပ်ကာ ထပ်ကာ မျက်နှာ သစ်ခြင်းဟာ
အရေပြားရဲ့ အပြင်ဘက် ဆုံးအလွှာ Startum Corneum ကို ပျက်စီး စေပါတယ်။
အဲဒီအလွှာဟာ တစ်ခါ ပျက်စီးသွားပြီးရင် ပြန်လည် ကောင်းမွန်ဖို့ ၁၄နာရီ ကြာမြင့်ပါတယ်။

Acidic Formula (4.5 - 5 pH) သာ ပါဝင်တဲ့
အပျော့စား မျက်နှာသစ် ဆပ်ပြာကိုသာ အသုံးပြုပါ။
ဆပ်ပြာ ကြမ်းများကို အသုံးပြုကာ မျက်နှာ သစ်ခြင်းက
မျက်နှာ အရေပြား ပေါ်မှာ ရှိတဲ့ အဆီတွေကို ဖယ်ရှားပေး သလို ဖြစ်သွားကာ
ထိုအရေပြားဟာ ပျက်စီး သွားပါတယ်။

ဆာလဖိတ် သို့မဟုတ် Petrochemical (ဥပမာ -
Propylene glycol ) တို့ဖြင့်
ဖော်စပ် ထားသော မျက်နှာ သစ်ဆပ်ပြာ များကို ရှောင်ရှားပါ။
သင့်အတွက် အသင့်တော်ဆုံး ဖြစ်မယ့် မျက်နှာသစ် ဆပ်ပြာ တစ်မျိုး တည်းကိုသာ
ရွေးချယ်ပြီး စွဲမြဲ အသုံးပြုပါ။

ဇင်မာမြင့်

No comments :
Post a Comment