အင်ဂျင်နီယာများ၏အမှတ်တမဲ့အမှားလေးများ(၂)
"ကွန်ကရစ်လမ်းနှင့် Reinforcing bar"
ကွန်ကရိသည် compressionကိုကောင်းစွာခံနိုင်ရည်ရှိ၍ Tension ကိုခံနိုင်ရည် မရှိ၊ ထို့အတွက် TensionZoneတွင် သံချောင်းထည့်ရကြောင်းကိုအင်ဂျင်နီယာတိုင်း သိရှိပါသည်။ ထို့ကြောင့် ကွန်ကရိတွင်
သံချောင်းများများ ထည့်တိုင်းပိုကောင်းသည်ဟုယူဆ ကြပါသည်။
နမ့်ဆန်လေယာဉ်ကွင်း တည်ဆောက် ခဲ့ပါသည်။သံချောင်းတန်ချိန်ထောင်ပေါင်း များစွာ ထည့်သွင်း၍ R.C လေယာဉ်ကွင်း အဖြစ် တည်ဆောက် ခဲ့ပါသည်။ Concrete Curingကိုရေလောင်း၍ အသားသေစေခဲ့ပါသည်။
မန္တလေး အပြည်ပြည်ဆိုင်ရာေ လယာဉ်ကွင်းတည်ဆောက်ချိန်တွင်တော့ နိုင်ငံခြား မှ Consultant ငှားရမ်းဆောင်ရွက်ခဲ့ပါသည်။ Concrete Pavement တွင် Reinforced မလုပ်ပါ။ သံချောင်းလုံးဝမပါတော့ပါ။ Curing ကိုလည်းရေလောင်း၍ အသားသေစေမှု နည်းပညာမဟုတ်တော့ပါ။ Curing Compound သုံးပါသည်။ Tension ဖြစ်လာမည့် လှိုင်းအလျားများမတိုင်ခင် Concrete Cutter ဖြင့်ဖြတ်၍ Compression ကိုအပြည့်အဝခံစားရန် ဆောင်ရွက်ခဲ့ပါသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပါ သည်။Plain Concrete ကို 2000 psi ခံနိုင်ရည်ရှိသော ၆" ထု Lean ကွန်ကရိကိုအောက်ခံလွှာနှင့် 4000 psi ခံနိုင်ရည်ရှိသော ၁၂" ထု Plain Concrete မျက်နှာပြင်လွှာများလောင်း၍အမြန်လမ်းမကြီးအကောင်အထည်ဖော်ခဲ့ပါသည်။သံချောင်းတစ်ချောင်းမှ မထည့်သွင်းခဲ့ပါ။ Tension မတိုင်မှီ Concrete Cutter ဖြင့် Transverse direction တွင်လည်းကောင်းLongitudinal direction တွင်လည်းကောင်း ဖြတ်ထားခဲ့ခြင်းဖြင့် ကွန်ကရိလမ်းတလျှောက် Compression ကိုသာမျှခံစားရန် ဆောင်ရွက်ထားခဲ့ပါသည်။
ဆိပ်ကမ်းများရှိ Container Yard များတွင်လည်း Concrete block ငယ်လေးများကိုစီခင်း၍ သဲဖြင့်ဖြန့်၍ကြပ်ထားခြင်းဖြစ်ပါသည်။ဆိုလိုသည်မှာအပေါ်မှ သက်ရောက်သည့်အားကိုတုံးငယ်များမှCompressionကိုသာခံစားရန်ဆောင်ရွက်ထားခြင်း
ဖြစ်ပါသည်။
ကွန်ကရိလုပ်ငန်းတိုင်းသံချောင်းထည့်သွင်းလျင် ပိုကောင်းသည်ဟူသော mind- set မှာမမှန်ကန်ပါ။
Credit to MD KyawLinn
No comments :
Post a Comment