Wednesday, July 16, 2014

စကားပြော ကောင်းဖို့ (၃)


(၃) အရေး မကြီးသည့် အသေး စိတ်များ ကို ထည့်မ ပြော ခြင်း
" တစ်ဖက်လူ စိတ်ညစ် စေချင် ရင်တော့ အသေး စိတ် တစ်ခု မကျန် ပြောပေါ့ဗျာ "
ဟု ဗော်လဲယားက ဆိုသည်။
အရေး မကြီးသည့် အရာ တွေကို အသေး စိတ် လိုက်ကာ လိုရင်းကို မရောက် နိုင်ဘဲ

တ၀ဲ လည်လည် ဖြစ်နေ သဖြင့် နားထောင် သူ စိတ်ညစ် ရသည့် ပုဂ္ဂိုလ် မျိုးတွေ 
မကြာ ခဏ တွေ့ဖူးကြပါမည်။

" ဒီလိုဗျာ ၊ အဲဒီနေ့က သောကြာလား စနေလား ၊ တစ်ခုခုပဲ ၊ အချိန်က 
ဆယ်နာရီ ဒါမှမဟုတ် ၁၀ နာရီခွဲ လောက် ဖြစ်မယ် ၊ 
ဘာကြောင့် လဲ ဆိုတော့ ကျွန်တော် က ကျွန်တော့် အစ်ကို အိမ်က ထွတ်လာ ခါစပဲ ရှိသေးတယ်။ 
ပန်းခြံနဲ့ မျက်နှာချင်းဆိုင်က အိမ် ၊ အဲဒါ ကျွန်တော်က " 
အဲသည်လို ။
သူ နိဒါန်း ချီကြီး ပြီးလျှင် ဘာပြော လိမ့်မည် ဆိုတာ ပါ ကြိုသိ နေရသည့် အခါ မျိုးတွင်မူ
ဝတ္တရား ရှိ၍ နားထောင် နေရ သူများမှာ ပို၍ ဒုက္ခ ကြီးလှပေသည်။

[ စာရေးဆရာ - ဖေမြင့်
စာအုပ် - ပြောတတ် ဆိုတတ် ပေါင်းသင်း တတ်တဲ့ လူ
အခန်း (၁)
၁။ သူတစ် ပါး စကားကို အာရုံစိုက်နားထောင်ခြင်း
၂။ တစ်ဖက်သား စိတ်ဝင်စားမည့် အကြောင်းရပ်ကို ပြောဆိုခြင်း
{ ၁ ။ နှင့် ၂။ အချက်တို့မှာ တင်ပြခဲ့ပြီး }
ယခု ၃။ အချက်ကို တင်ပြထားပါသည်။
ဆက်လက် တင်ပြ သွားပါမည်။ ]

No comments :

Post a Comment