မြန်မာနိုင်ငံသည် ကမ္ဘာ ပေါ်တွင် စီးပွားရေးလုပ်ကိုင်ရန်
အခက်ခဲဆုံးနိုင်ငံစာရင်း ၀င်ခြင်း အဖြေရှာမည့် ဆွေးနွေးပွဲ ယနေ့ (ဇူလိုင်
၂၇ ရက်) တွင် မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု
လုပ်ငန်းရှင်များအသင်း ချုပ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။
အဆိုပါ ဆွေးနွေးပွဲသို့ သမ္မ တရုံးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး
ဦးတင်နိုင်သိန်းနှင့် ဦးဝင်း မြင့်တို့ တက်ရောက်ကြမည်ဖြစ် ပြီး
ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများလည်း တက် ရောက်မည်ဖြစ်ကြောင်း ကုန်
သည်စက်မှုအသင်းချုပ် ဗဟိုအ လုပ်အမှုဆောင်တစ်ဦးက ပြော သည်။
‘‘လယ်ယာကဏ္ဍနဲ့ ပတ် သက်ပြီး ဆွေးနွေးဖို့တော့ ရှိပါ တယ်’’ ဟု
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်
အထွေထွေအတွင်း ရေးမှူး ဦးရဲမင်းအောင်က
ပြော သည်။
၂၀၁၄ အတွက် ကမ္ဘာ့ဘဏ် က ထုတ်ပြန်သည့် စီးပွားရေးလုပ်
ငန်းစတင်လိုက်ကိုင်ရန် အလွယ် ကူဆုံး Doing Business အဆင့် သတ်မှတ်ရာတွင်
မြန်မာနိုင်ငံမှ နိုင်ငံပေါင်း ၁၆၈ နိုင်ငံတွင် ၁၆၂ အဆင့်တွင် ရှိနေသည်။
ထို့ကြောင့်စီးပွားရေးလုပ်ကိုင်ရန် အခက်ခဲဆုံးနိုင်ငံများဖြစ်သော
နောက်ဆုံးမှရေတွက်လျှင် အဆင့် ၈ ၌ ရပ်တည်နေသည်။
ကွန်ဂို၊ ဆူဒန်၊ လစ်ဗျား စသော နိုင်ငံခုနစ်နိုင်ငံမှာ မြန်မာ နိုင်ငံထက်
စီးပွားရေးလုပ်ကိုင်ရန် ပိုခက်သော မှတ်တမ်းဝင်နေ သည်။ ဒေသတွင်း
နိုင်ငံများနှင့် နှိုင်းယှဉ်လျှင်လည်းမြန်မာက စီး ပွားရေးလုပ်ကိုင်ရန်
အခက်အခဲ ဆုံးနိုင်ငံ ဖြစ်နေသည်။
လုပ်ငန်းစတင်ရန် မှတ်ပုံ တင်ရသောစနစ် လွယ်ကူခြင်းရှိ၊ မရှိ၊
လျှပ်စစ်မီးရရှိမှု၊ ရင်းနှီးမြှုပ် နှံသူများ အကာအကွယ်ပေးမှု၊ အခွန်နှုန်းထား
သက်သာမှု၊ လုပ် ငန်းများပေါ် အသိအမှတ်ပြုမှု၊ ဘဏ္ဍာရေးအထောက်အပံ့ပေး အပ်မှု
စသည်တို့ကို အခြေခံ တွက်ချက်ရာတွင် ညွှန်းကိန်းအား လုံးတွင် မြန်မာက
အောက်ဆုံး ရောက်နေခြင်း ဖြစ်၏။
ထိုစစ်တမ်းမှာ ၂၀၁၃ ဇွန်လ အထိ ကမ္ဘာ့ဘဏ်က ကောက် ယူထားသော အချက်အလက်
များဖြင့် တွက်ချက်ထုတ်ပြန်ခြင်း ဖြစ်ပြီး စစ်တမ်းတွင်မြန်မာ ပါဝင် သည်မှာ
ပထမဆုံးဖြစ်သည်။
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment