အခုလိုရာသီအကူးအပြောင်းမှာ ဖြစ်လေ့ရှိတဲ့ ဝေဒနာကတော့နှာပိတ်ခြင်းပါပဲ။ ဝေဒနာက သိပ် မဆိုးရွားပေမယ့် လူကိုခံရခက်စေတာမို့ မြန်မြန်သက်သာပျောက်ကင်းနိုင်မယ့် အိမ်တွင်းနည်းလမ်းလေး တွေကို ဖော်ပြချင်ပါတယ်။
နှာပိတ်နေတဲ့အခါ လူ့ ခန္ဓာကိုယ်ဟာ အစိုဓာတ်ကို မြှင့်တင်နိုင်ဖို့အတွက် အရည် ကို များများသောက်ပေးရ ပါမယ်။ အာဟာရဓာတ်ပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံဖျော်ရည်တွေကို သောက်ပေးသင့် ပါတယ်။ စိတ်ရောကိုယ်ပါအနားယူနိုင်အောင် ကြိုးစားပါ။ တစ်ခဏ လောက်ကွေး ကောက်ပြီး နားနေမယ့် အစား အိပ်ရာထဲမှာ သေသေချာချာလဲလျောင်း ပြီး အနားယူပါ။ အနားယူလို့ရသလောက် အနားယူပါ။ တကယ်လို့မဖြစ်မနေ အလုပ်သွားရမယ် ဆိုရင်တော့ ညဘက်စောစောပြန်လာဖို့တော့ လိုမယ်နော်။
နှာပိတ်နေတယ်ဆိုရင် ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ သံပရာသီး တစ်ခြမ်းကို အရည်ညှစ်ပြီး ရေနွေးပူပူထဲမှာထည့်ပြီး သောက်ပါ။ ပျားရည်ဟာ သဘာဝပိုးသတ်နိုင်တဲ့အစွမ်းသတ္တိတွေရှိပြီး သံပရာသီး မှာ ဗီတာမင်စီတွေ ပါဝင် တာမို့ နှာပိတ်ခြင်းအတွက် သင့်တော်တဲ့ ဆေးတစ်လက်ပါပဲ။ လက်ဖက်ရည်ကြမ်း တို့ကိုလဲ မကြာခဏသောက်ပေးပါ။
ကြက်သားစွပ်ပြုတ်ပူပူလေးကလဲ အအေးမိနှာစေးအတွက် အထူးသင့်လျော် ပါတယ်။ ရှေးလူကြီးတွေရဲ့ လက်သုံးတော်ဆေးတစ်လက်မို့ မေ့မထားသင့်ပါ ဘူး။ နှာပိတ်တဲ့အချိန်မှာ အိပ်စက်ရတာ တကယ့်ကို မလွယ်ပါဘူး။ အသက်ရှူရ ခက်ခဲစေတာမို့ ညဘက်အိပ်တော့မယ်ဆိုရင် ခေါင်းအုံးတွေနဲ့ သက်သောင့် သက် သာဖြစ်အောင်နေပြီးမှ အိပ်စက်သင့်ပါတယ်။
The Union Daily
No comments :
Post a Comment