Thursday, July 17, 2014

LG Phone



တောင်ကိုရီးယားအခြေစိုက် LG အီလက်ထရွန်နစ်၏ နောက်ဆုံးပေါ် 
အဆင့်မြင့် စမတ်ဖုန်း G3 သည်
 မြန်မာနိုင်ငံသို့  ဇူလိုင်လ  အတွင်း ဝင်ရောက်လာမည်ဖြစ်သည်။


အဆိုပါ စမတ်ဖုန်း၏ ဈေးနှုန်းမှာ ငွေကျပ် ၆၅ဝဝဝဝ ဝန်းကျင်မှ ခုနစ်သိန်း နီးပါးအထိ ရှိနိုင်ကြောင်း 
LG Myanmar မှ သိရသည်။
''LG G3 ဟာ ကျွန်တော်တို့ LG အီလက်ထရွန်နစ်မှ အင်ဂျင် နီယာများ၊ 
ဝန်ထမ်းများ အားလုံးရဲ့ စွမ်းဆောင်ရည် ပြယုဂ် တစ်ခုပါပဲ။ 
Laser Auto Focus ပါဝင်တဲ့ OIS+ ကင်မရာ၊ 
2540×1440 ရုပ်ထွက် အပြည့်အဝရှိ QHD မျက်နှာပြင်မှာ 
Pixel သိပ်သည်းဆ ကလည်း 538 ppi (pixel perinch) ဖြစ်ပါတယ်။
 ဖြုတ်၊ တပ်နိုင်တဲ့ 3000 mAh ဘက်ထရီ၊
 မောင်းနှင် အသုံးပြုထားတဲ့ OS က နောက်ဆုံးပေါ် Android OS 4.4.2 (Kit Kat) ဖြစ်တဲ့အပြင် ပရော်ဆက်ဆာ ကလည်း 2.5 GHz Quad-Core သုံးစွဲ ထားကာ 
Qualcomm မှ ထုတ်လုပ်တဲ့ Snapdragon 801 ၈ဝ၁ ချစ်ပ်ကို 
တပ်ဆင် သုံးစွဲ ထား တာကြောင့်
 နေ့စဉ် စမတ်ဖုန်း သုံးစွဲခြင်းနဲ့ အင်တာနက် အသုံးပြုခြင်း တွေမှာ 
လျင်မြန်တဲ့ နှုန်းနဲ့ သုံးစွဲ နိုင်ပါပြီ'' ဟု 
LG အီလက်ထရွန်နစ် (မြန်မာ) ၏ မန်နေးဂျင်းဒါရိုက်တာ Mr.Min Park က ပြောကြား ခဲ့သည်။

G2, G2 Mini, New L Series (L40,L70, L90) နှင့် G flex ဖုန်းစသည့် 
LG ၏ အသစ်ထွက် ဖုန်းများတွင် သုံးစွဲနိုင်သော 
စမတ်ဖုန်း လုံခြုံရေး နည်းပညာသစ် “Knock Code” သည်လည်း 
ယခု G3 ဖုန်းတွင် ပါဝင်လာပြီး 
G3 ကို အဖြူ၊ အနက်နှင့် ရွှေရောင် အရောင် သုံးမျိုးဖြင့် ဝယ်ယူ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ G3 စမတ် ဖုန်းကို ပွဲထုတ် မိတ်ဆက်ခြင်း (Launching Event) ကိုလည်းလာမည့် 
ဇူလိုင်လ အတွင်းမှာ ရန်ကုန်မြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။ ။


No comments :

Post a Comment