အချိန်လေး နဲနဲလောက် ယူမယ်ဗျာ။ စဉ်းစားကြည့်ရအောင် ။
တကယ်လို့ ခင်ဗျားကို လူတစ်ယောက် က မနက်ရောက် တာနဲ့ ဒေါ်လာ ၈၆၄၀၀ ဒေါ် လာပေး တယ်ဆိုပါစို့။ အဲဒီလူကပဲ ညနေ ကျရင် သူပေး ထားတဲ့ ငွေတွေ ရဲ့ ခင်ဗျားမသုံးဘဲထားတဲ့ ကျန်သလောက်ကို ပြန်သိမ်းသွားတယ် ။နောက် တစ်နေ့ ကျရင် ၈၆၄၀၀ ပေးတယ် ညနေကျရင်
ကျန်တဲ့ပိုက်ဆံတွေကို ပြန်သိမ်းတယ် ။ အဲဒီလိုဆိုရင် ခင်ဗျားဘယ်လိုလုပ်မလဲ???
လက်ထဲမှာ ရှိသမျှ ပိုက်ဆံတွေကို အကုန်သုံး ပစ်မယ်မဟုတ် ဘူးလား
အဖတ်တင်မယ့် ပစ္စည်းတွေဝယ်ရင် အဖတ်တင်မှာပဲ
အချိန်ဆိုတာလဲ အဲလိုပဲ။
ခင်ဗျားကိုနေ့ တိုင်း အချိန် ၈၆၄၀၀ စက္ကန့်ပေးနေ ပါတယ်။အကျိုးရှိတဲ့နေ ရာမှာ အသုံးပြုရင်ရသလို မသုံးရင်လဲ အချိန်တန်ရင် ပြန်သိမ်းသွားမှာပဲ။
တစ်နှစ်ဆိုတဲ့ အချိန်ရဲ့ တန်ဖိုးကို သိချင်ရင် စာမေး ပွဲတစ်နှစ်ကျသွားတဲ့ ကျောင်း သားကို မေး ရသတဲ့
တစ်လဆိုတဲ့ အချိန်ရဲ့ တန်ဖိုးကို သိချင်ရင် ကိုယ်ဝန်ဆောင် မိခင်တွေကို မေး ရသတဲ့
တစ်ပါတ်ဆိုတဲ့ အချိန်ရဲ့ တန်ဖိုးကို သိချင်ရင် အပတ်စဉ်ထုတ် သတင်းစာရဲ့ အယ်ဒီတာကို မေး ရသတဲ့
တစ်ရက်ဆိုတဲ့ အချိန်ရဲ့ တန်ဖိုးကို သိချင်ရင် ကလေးတွေ အများကြီးရှိတဲ့ နေ့စားအလုပ်သမားကို မေး ရသတဲ့
တစ်နာရီဆိုတဲံ အချိန်ရဲ့ တန်ဖိုးကို သိချင်ရင် ချိန်းတွေ့ ပြီး အိမ်ပြန်လမ်းခွဲရတော့ မယ့် ချစ်သူနှစ်ယောက်ု မေး ရသတဲ့
တစ်မိနစ်ဆိုတဲ့ အချိန်ရဲ့ တန်ဖိုးကို သိချင်ရင် လေ ယာဉ်၊ရထား၊ ရုံးနောက် ကျတဲ့ လူတွေကို မေးရသတဲ့
တစ်စက္ကန့်ဆိုတဲ့ အချိန်ရဲ့ တန်ဖိုးကိုသိချင်ရင် မတော် တဆမှုတွေ အက်ဆီးဒင့်တွေကနေ လက်မတင်ကလေး လွတ်မြောက် ခဲ့သူတွေကို မေး ကြည့်ရသတဲ့
တစ်စက္ကန့်ထက်ပိုသေးတဲ့ အချိန်ရဲ့ တန်ဖိုးကို သိချင်တယ်ဆိုရင် ပန်းဝင်ခါနီး ပြိုင်ကားပွဲက ကားမောင်း ဆရာကို မေးကြည့်ရသတဲ့
မောင်စိုင်း

No comments :
Post a Comment