အင်ဂျင်နီယာများ၏ အမှတ်တမဲ့ အမှားလေးများ - ၁
" Tie Bar နှင့် Dowel Bar မှားယွင်းမှု "
ယခုအခါ ကွန်ကရိလမ်းများ မြန်မာနိုင်ငံတ၀ှမ်း ခင်းနေကြပါသည်။ တိုင်းဒေသကြီး
အစိုးရများကလည်း ကွန်ကရိလမ်းများကို ပိုမိုလိုလားကြ၍ ကွန်ကရိလမ်းများ အကောင်အထည်
ဖော်ကြပါသည်။ အင်ဂျင်နီယာများ မှားယွင်းတတ်သော အချက်မှာ Tix Bar နှင့် Dowel Bar
မှားယွင်းတတ်ကြပါသည်။ Longtiudinal တွင် ထည့်ရသည်မှာ Tie Bar ဖြစ်၍ ၄င်းသံချောင်း
များသည် ၀န်ထမ်းသံချောင်းများ ဖြစ်ပါသည်။ Load Transter အတွက်ဖြစ်ပါ၍ နှစ်ဖက်လုံးတွင်
ကွန်ကရိနှင့် Band ဖြစ်ရန် လိုအပ်ပါသည်။ အဆိုပါ Tie Bar ကို တစ်ဖက်ဖက်တွင် PVC ပိုက်စွပ်၍
လောင်းလျှင် မှားယွင်းပါသည်။ အချို့နေရာများတွင် ဤအမှားမျိုး တွေ့ရပါသည်။ Tie Bar သည်
Deformed Bar ဖြစ်ရပါမည်။
Transverse direction တွင် ထည့်ရသည်မှာ Dowel Bar ဖြစ်၍ ကွန်ကရိလမ်းကြီး၏ diretion ကိုလည်းကောင်း၊
contraction နှင့် Expansion ကိုလည်းကောင်း ထိန်းညှိ ပေးထား
ပါသည်။ တဖက်တွင် သံချောင်းကို ကွန်ကရိနှင့် bond ရရှိရေး ဆောင်ရွက်၍ အခြားတစ်ဖက်တွင် PVC ပိုက်စွပ်၍
Expansion အတွက် ဆောင်ရွက်ထားရပါသည်။ ၂ ဖက်စလုံး PVC ပိုက်စွပ်ရန် မဟုတ်ပါ။ ဤသည်လည်း
မှားယွင်းတတ်ကြောင်းတွေ့ရှိရပါသည်။ Dowel Bar သည် Plan Bar ဖြစ်ရပါမည်။
Credit to MD KyawLinn

No comments :
Post a Comment