Thursday, July 17, 2014

အန္တာရယ်


ချိုင်းချွေးနံ့ ပျောက်ဆေးတွင် ပါဝင်သော Toxins သည် ခန္ဓာ ကိုယ်အတွင်း 
ဝင်ရောက်ပြီး ကင် ဆာဖြစ်စေနိုင်သည်။ 
၎င်း Toxins သည် ချိုင်းမွေးရိတ်ရာတွင် အရေပြားပေါက်ပြဲကာတစ်ဆင့်သွေးထဲသို့ 
လျင်မြန်စွာ ဝင်ရာက်နိုင်သည်ဟု 

၂ဝ၁၁ ခုနှစ်ထုတ် Europern  Journal  of Cancer Prevention တွင် 
ချိုင်းချွေးနံ့ပျောက်ဆေး အသုံးအဆောင် ပစ္စည်းများမှာ ကင်ဆာ၏ အရင်းအမြစ်ဖြစ်ကြောင်း ပြောထားသည်ကို တွေ့ရသည်။ 
ရင်သားတစ်သျှူး အများစုသည် ရင်ဘတ် အပေါ်ပိုင်းတွင် ပိုမိုရှိသကဲ့သို့ ယင်းချိုင်းချွေးနံ့ပျောက်  ဆေးအသုံးပြုသည့် နေရာမှာလည်း 
ရင်သားအပေါ် အပြင်ဘက်အပိုင်းတွင် ဖြစ်သောကြောင့် 
အမေရိကန် ကင်ဆာအဖွဲ့ (Ame-rican Cancer Society) က 
ရင်သားအပေါ်  အပြင်ဘက် အပိုင်းတွင် ဖြစ်ပွားသော 
ရင်သားကင်ဆာ၏ အချိုးအစားနှင့် တူညီကြောင်း ပြောကြားခဲ့သည်။ 
အမေရိကန် နိုင်ငံတွင် ၂ဝ၁၂ ခုနှစ်၌ ရင်သား ကင်ဆာဖြစ်ပွားသူ အမျိုးသမီးများနှင့်  
ကင်ဆာ မဖြစ်ပွားသော အမျိုးသမီးဦးရေ ၁၆ဝဝ ကို နှိုင်းယှဉ်ကြည့်ပါက ချိုင်းမွေးရိတ်ခြင်းနှင့်  ချွေးနံ့ပျောက်ဆေး သုံးသူတို့သည် 
ရင်သားကင်ဆာနှင့် ဆက်စပ်မှုမ ရှိကြောင်း  တွေ့ရှိရသော်လည်း 
၂ဝ၁၃ ခုနှစ်တွင် တွေ့ရှိချက်များအရ ရင်သားကင်ဆာ ဖြစ်ပွားနေသော  
အမျိုးသမီးငယ်များသည် ချိုင်းမွေး မကြာခဏ ရိတ်ခြင်းနှင့်အတူ ချိုင်းနံ့ ပျောက်ဆေးများကို   ငယ်စဉ်ကတည်းက စတင်အသုံးပြုသူများ ဖြစ်ပါက 
ရင်သားကင်ဆာနှင့် ဆက်စပ်နေကြောင်း ကောက်ချက်ချခဲ့ကြသည်။ 
ရင်သားကင်ဆာသည် အမျိုးသမီးများအတွက် အကြီးမားဆုံး  ပြဿနာဖြစ်ပြီး 
ရင်သားကင်ဆာ မဖြစ်ပွားအောင် ကာကွယ် တားဆီးနိုင်သော အရာများလည်း ရှိသည်။ 
သို့သော် အနံ့အသက်ပျောက်ဆေး မသုံးစွဲခြင်းဖြင့် 
ရင်သား ကင်ဆာဖြစ်ပေါ်ခြင်းကို တားဆီး ပေးနိုင်မည် မဟုတ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။

No comments :

Post a Comment