Thursday, July 10, 2014

သိမ်တောင် အ.မ.က ( ၃ )


တောင်ကုတ်မြို့ သိမ်တောင် အမက (၃) ကျောင်းတွင် ညဥ့်အချိန် ပြင်ပမှ 
အမည်မသိသူများ ကျူးကျော် ၀င်ရောက်ပြီး မဖွယ်မရာများ ပြုလုပ်နေသည်ဟု ကျောင်းသားမိဘများက ပြောဆိုသည်။
ယခုကဲ့သို့ ဖြစ်ပျက်နေသည်မှာ တာဝန်ထမ်းဆောင်နေသူ
 ကျောင်းလုပ်သားမှ သူ၏ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်၍ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ကျောင်းသား မိဘတစ်ဦးက ပြောသည်။
“ အခု ကျောင်းလုပ်သားက စီးပွားရေး အဆင်ပြေပြီး သူရဲ့ တာဝန်ကို မယူတော့ဘူး။
 ကျောင်းကို မလာတာလည်း ကြာပြီ။ ဒါကြောင့် ညဥ့်ကျရင် ကျောင်းထဲကို အပြင်က လူတွေဝင်ပြီး မဖွယ်မရာ လုပ်နေကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
တောင်ကုတ်မြို့ သိမ်တောင် အမက (၃) တွင် ဆောက်လက်စ မပြီးသေးသော
 ကျောင်းဆောင် အသစ်တစ်ခုရှိကြောင်း၊ 
ယင်းကျောင်းဆောင်ကို ဆရာ ဆရာမများ နားနေဆောင် အဖြစ် လုပ်ထားကြောင်း၊
 ကျောင်းသားမိဘများ လာရောက်ပါကလည်း ၎င်းအဆောင်တွင်ပင် နားနေကြကြောင်း၊ ယင်းကျောင်းဆောင်တွင် ညဥ့်တိုင်းလိုလို အပြင်လူများ လာရောက်၍ 
မဖွယ်မရာ ပြုလုပ်နေမူများ ရှိနေသလို မစင်စွန့်ခြင်း အမူကိုလည်း ပြုလုပ်နေကြသည်ဟု ဆိုသည်။

“ အဓိက ပြသနာက အဲဒီကျောင်းဆောင်ထဲကို ၀င်ပြီး မစင်စွန့်တဲ့ အတွက်
 နေ့တိုင်းလိုလို ပြသနာ တက်နေပါတယ်။ 
မနက်ကျောင်းကိုလာတာနဲ့ ဒီလို ဖြစ်နေတော့ 
အားလုံးအတွက် စိတ်အနှောင့်အယှက် ဖြစ်နေရပါတယ်။ 
အခုလို အပြင်ကလူတွေ ၀င်ရောက်ပြီး ကျောင်းထဲမှာ မဖွယ်မရာ လုပ်နေတာဟာ ကျောင်းလုပ်သားက ကျောင်းကို 
မထိန်းသိမ်း မစောင့်ရှောက်နိုင်တဲ့ အတွက် ဖြစ်ပါတယ်” ဟု ဆိုသည်။

ကျောင်းဆရာ ဆရာမများထဲတွင်လည်း ယခုကိစ္စကို 
အထက်ကို တင်ပြလိုသူနှင့် မတင်ပြဘဲ ဖုံးဖိထားလိုသူ ဟူ၍ 
အုပ်စု နှစ်စုကွဲနေသည်ဟု အမည်မဖေါ်လိုသူ ဆရာမ တစ်ဦးက ပြောသည်။

“ အထက်ကို မတင်ပြလိုတဲ့ ဆရာမတွေကတော့ ကျောင်းလုပ်သားရဲ့ ဇနီးဆီက
 ငွေချေး အဌားလုပ်နေကြတဲ့သူတွေ ဖြစ်ပါတယ်။ 
အထက်ကို တိုင်ရင် ကျောင်းလုပ်သား အရေးယူခံရမယ်ဆိုပီး 
သူတို့က မတိုင်ကြားလိုကြပါ” ဟု ဆိုသည်။

သို့အတွက် ယခု ပြဿနာကို အထက်လူကြီးများ အနေဖြင့် အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းပေးရန် ကျောင်းသားမိဘများနှင့် ဆရာ ဆရာမ အချို့မှ အထူးလိုလားနေကြသည်ဟု ဆိုသည်။

Credit  နိရဉ္စ


No comments :

Post a Comment