မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် KDDI, Sumitomo Corporation
တို့ပူးပေါင်း၍ ပြည်သူများအား ကြိုးဖုန်းများမှ တစ်ဆင့်မြန်နှုန်းမြင့်
အင်တာနက် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကြိုးဖုန်းရှိတဲ့အိမ်တိုင်းမှာ မြန်နှုန်းမြင့်တဲ့ အင်တာနက်ကို
ရအောင်လုပ်ပေးသွားမယ်။ ကြိုး ဖုန်းတွေကနေ အင်တာနက်အသုံး ပြုမှုကို
လုပ်ငန်းကြီးငယ်မရွေး အသုံးပြုလို့ရအောင်လုပ်ပေးသွား မှာဖြစ်ပါတယ်’’ဟု
ဂျပန်ဆက် သွယ်ရေးကုမ္ပဏီနှစ်ခုပူးပေါင်း ထားသည့် KSGM (Joint Oper
ation)မန်နေဂျင်းဒါရိုက်တာ တကရှီနာဂရှီမကပြောသည်။
လက်ရှိတွင် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် ကြိုး
ဖုန်းများမှတစ်ဆင့် ADSL
လိုင်း ဖြင့်အင်တာနက်ဝန်ဆောင်မှုပေး နေပြီး
အဆိုပါကြိုးအမျိုးအစားမှာကော့ပါးကေဘယ်များဖြစ်သော ကြောင့်
တစ်စက္ကန့်လျှင်မြန်နှုန်း 512 Kb မှ 2.5 Mb အတွင်းသာ
ပေးနိုင်သေးကြောင်းသိရသည်။
ထို့ကြောင့် ကုမ္ပဏီငယ်လေးများမှ လုပ်ငန်းကြီးများအထိ
မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှုပေးနိုင်ရန်ဖိုက်ဘာကေဘယ်များဖြင့်
ကွန်ရက်ဖြန့်ကာ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းသိရသည်။
‘‘လက်ရှိမှာ ဖိုက်ဘာကေ ဘယ်နဲ့ပေးနိုင်ဖို့အတွက်
ကန့်သတ်ချက်လေးတွေရှိနေတဲ့ အတွက်အနည်းငယ်လောက်ပဲ ပေးနိုင်သေးတယ်။
သူတို့နဲ့ပူးပေါင်းပြီး ဆက်ကြောင်းသစ်တွေ တိုးချဲ့ပြီးရင်တော့
လိုချင်တဲ့လူတိုင်းကိုပေးနိုင်ဖို့ လုပ်သွားပါမယ်’’ဟု
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Internet Ser-vice Providerဌာနမှ အင်ဂျင်နီယာ
ချုပ်ဦးမျိုးဆွေကပြောသည်။
လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ ကြိုးဖုန်းများမှတစ်ဆင့် အင်တာ
နက်အသုံးပြုနိုင်ရန်ADSL လိုင်းပေါင်း ၈၀၀၀ ကျော်ချထားပေး
ကြောင်းသတင်းရရှိသည်။
Refer to 7 Day Daily
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment