မိုးဦးကျရောက်လာတဲ့အခါ သွေးလွန်တုပ်ကွေးက
ကလေးတွေမှာ အဖြစ်များတဲ့
ရောဂါတစ်ခုဖြစ်လာမှာပေါ့နော်။
ဟုတ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါက
ကလေးတွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခုပါ။
အဖြစ်များတတ်ပေမဲ့ တချို့နှစ်တွေမှာတော့
အဖြစ်နည်းတာ တွေ့ရတယ်။ ၁၉၇၀ ခုနှစ်လောက်က
မြန်မာနိုင်ငံမှာ စတွေ့တုန်းကတော့ နှစ်နှစ်
တစ်ခါသာ အဖြစ်များပြီးနောက်ပိုင်းမှာ လေးနှစ်တစ်ခါလောက်
အဖြစ်များတယ်။ အခုနောက်ပိုင်းမှာတော့
နှစ်တိုင်းလိုလိုပဲ အဖြစ်များတော့ တွေ့ရတယ်။ အတိအကျ
ပြောလို့တော့မရဘူး။
သွေးလွန်တုပ်ကွေးရောဂါဟာ ဘယ်အသက်အရွယ်တွေမှာ
အဖြစ်များပါသလဲဆရာ။
အဖြစ်များတဲ့အသက်အရွယ်က ၃ နှစ်ကနေ ၁၅နှစ်အတွင်းပါ။
ပြီးခဲ့တဲ့နှစ်တွေမှာတော့
နည်းနည်းကြီးတဲ့အရွယ်တွေမှာတောင် ဖြစ်လာတာ
တွေ့ရတယ်။ သွေးလွန်တုပ်ကွေးစဖြစ်တုန်းက
ရန်ကုန်မြို့မှာပဲဖြစ်ပြီး နောက်ပိုင်း
နယ်တွေမှာပါဖြစ်လာတယ်။ တစ်တိုင်းပြည်လုံး ပျံနှံတဲ့သဘောရှိတယ်။
ဒါကြောင့် မိုးတွင်းကာလရောက်ရင် ဆရာဝန်၊
ဆရာမတိုင်း သတိထားရမယ့်ရောဂါတစ်ခု ဖြစ်လာတယ်။
သွေးလွန်တုပ်ကွေး ဘာကြောင့်ဖြစ်ရတယ်ဆိုတာနဲ့ကလေးမှာ
ဘယ်လက္ခဏာတွေ ပြတတ်တယ် ဆိုတာကို
ကလေးမိခင်တိုင်း သိထားဖို့ ကောင်းမှာပဲနော်။
သိထားသင့်တာပေါ့။ သွေးလွန်တုပ်ကွေးဆိုတာ
ဗိုင်းရပ်စ်ပိုးတစ်မျိုး ခန္ဓာကိုယ်ထဲကို ကူးစက်
ဝင်ရောက်မှုကြောင့် ဖြစ်လာတာပါ။ ခြင်ကျားခေါ်
ခြင်ပုန်းအကိုက်ခံရလို့ ကူးစက်တာပါ။
သွေးလွန်တုပ်ကွေးရောဂါဖြစ်တဲ့ ကလေးတွေဟာ
ဖျားပါတယ်။ များသောအားဖြင့် အဖျား ၁၀၀ ဒီဂရီ
ဖာရင်ဟိုက်အထက်ရှိပြီး ဖျားတ့ရဲ က်က
၇ ရက်ထက် မပိုပါဘူး။ ကိုယ်လက်ကိုက်ခဲတယ်။ ခေါင်းကိုက်ပြီး
အော့အန်တတ်တယ်။ ဗိုက်လည်းနာတယ်။ထူးခြားချက်က
ရောဂါ ပြင်းထန်တဲ့ကလေးတိုင်း
အလွန်မှိန်းပါတယ်။တစ်ခါတစ်ရံ အရေပြားမှာ
သွေးယိုတ့လဲ က္ခဏာအဖြစ်နဲ့ အနီစက်လေးတွေ
တွေ့ရတတ်တယ်။ ဒါကြောင့် မိုးတွင်းမှာ
ကလေးတစ်ယောက်ဖျားပြီး သိသာထင်ရှားတဲ့
လက္ခဏာတွေဖြစ်တဲ့ အဆုတ်အအေးမိလက္ခဏာ၊
ဦးနှောက်အမြှေးရောင်၊ ငှက်ဖျားစတဲ့ တိကျတဲ့
လက္ခဏာမပြဘဲ ဖျားနေရင် သွေးလွန်တုပ်ကွေးလားဆိုတာ
သတိထား စဉ်းစားမိဖို့လိုပါတယ်။
ဒီလိုအချိန်မှာ ကလေးတစ်ယောက်ကိုယ်ပူကြီးနေတယ်ဆိုရင်နီးစပ်ရာဆရာဝန်ကိုပြသင့်တာပေါ့နော်။
ဟုတ်တယ်။ သိပ်အရေးကြီးပါတယ်။ ကျန်းမာရေးဝန်ထမ်းအနေနဲ့လည်း
သွေးပေါင်ချိန်ကိရိယာနဲ့
ကလေးလက်မောင်းကိုပတ်ပြီး Hess Test
လုပ်ရပါမယ်။ ကျွန်တော်တို့အနေနဲ့
အခြေခံသားဖွားဆရာမများအထိ သင်ကြားပေးထားပြီး
ဖြစ်ပါတယ်။ ကလေးရဲ့လက်မောင်းမှာ
သွေးပေါင်ချိန်တိုင်းကိရိယာပတ်ပြီး
၅ မိနစ်လောက်ထားပါတယ်။ အဲဒီအခါ ကလေးရဲ့လက်ဖျံမှာ
အနီစက်လေးတွေ ပေါ်လာတာတွေ့လိမ့်မယ်။
အဲဒီအစက်တွေပေါ်မှာ တစ်လက်မပတ်လည်
အကွက်လေးဆွဲကြည့်ပြီး အစက် ၂၀ ကျော်ရင်
သွေးလွန်တုပ်ကွေးလို့ သတ်မှတ်ပါတယ်။ ၁၀ စက်နဲ့
အစက် ၂၀ ကြားဆိုရင် ဖြစ်နိုင်ခြေရှိတယ်လို့
သတ်မှတ်တယ်။ ၁၀ အောက်ဆိုရင်တော့ သွေးလွန်တုပ်ကွေး
မဟုတ်ဘူးပေါ့။ စစဖျားချင်းနေ့ ဒါမှမဟုတ်
သွေးလွန်တုပ်ကွေးရဲ့အန္တရာယ်ဖြစ်တဲ့ သွေးလန့်တ့အဲ ချိန်
ဆိုရင်တော့ ဒီစမ်းသပ်မှုနဲ့ စမ်းသပ်လို့မပေါ်နိုင်ဘူး။ဒီအချက်ကိုလည်းဆရာဝန်၊ဆရာမတွေသတိထားရ
ပါမယ်။

No comments :
Post a Comment