Thursday, July 3, 2014

မိုးရာသီနှင့် သွေးလွန်တုပ်ကွေး ၁.၃



သွေးလန့်တာ ဘာကြောင့်ဖြစ်တာပါလဲ။

သွေးလန့်တာက ဘာကြောင့်ဖြစ်လဲဆိုရင် သွေးကြောထဲမှာရှိတဲ့ သွေးရည်ကြည်က
သွေးကြောတွေ ရောင်ရမ်းပြီး အပြင်ဘက်ထွက်သွားတယ်။ ၂၄နာရီကနေ ၄၈နာရီလောက်ကြာတယ်။
ဒီလိုထွက်နေတဲ့ အချိန်မှာ ကျသွားတဲ့အရည်ပမာဏကို ပြင်ပကနေ အကြောဆေးရည်တွေနဲ့ ပြန်ဖြည့်ပေးဖို့

လိုပါတယ်။ အများကြီးပေးလို့လည်း မရပြန်ပါဘူး။ ဘာကြောင့်လဲဆိုရင် ၄၈ နာရီကြာပြီးတဲ့အခါ
ထွက်သွားတဲ့အရည်တွေက ပြန်ဝင်လာတော့ ကိုယ်ထဲမှာ အရည်တွေ အများကြီးဖြစ်ပြီး အဆုတ်ထဲ
ရေ၀င်တာ၊ အသက်ရှူကျပ်တာတွေဖြစ်နိုင်တယ်။ အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်
ဆရာဝန်၊ ဆရာမတွေက အနည်းဆုံး တစ်နာရီ တစ်ခါလောက် သွေးပေါင်ချိန်နေဖို့ လိုတယ်။ လိုအပ်ရင်
သွေးပျစ်ကျဲမှု (PCV)ကိုပါ စစ်ဆေးပြီးမျက်ခြည်မပြတ် စောင့်ကြည့်ပြီး လိုအပ်သလို ကုသပေးရပါတယ်။
သွေးလန့်တဲ့ကလေးတွေကို ကုသရခက်ခဲပေမဲ့ ကုသလို့ မရတာတော့ မဟုတ်ပါဘူး။
သွေးလန့်တဲ့ကလေးတွေမှာ သေပျောက်နှုန်းက ၅%လောက်ရှိပါတယ်။ ဒါကြောင့်လည်း စိတ်ပူရတာပေါ့။
သွေးလွန်တုပ်ကွေးကို အဆင့်တွေခွဲထားတော့ အဆင့်လိုက်ကုသပေးရမှာပေါ့နော်။
အဆင့် ၁ ဆိုရင်တော့ မိဘကို ဘယ်လိုပြုစုရမယ်ဆိုတာ သင်ကြားပေးပြီး အိမ်မှာပဲ
ထားတာများတယ်။ အဆင့်၂ လောက် ဖြစ်လာရင်တော့ ဆေးရုံစတင်တယ်။ မှိန်းတ့ကဲ လေး၊ အစကတည်းက
အစားအသောက်၊ အရည်မ၀င်တ့ကဲ လေး၊ ဗိုက်အောင့်တ့ကဲ လေး၊ အန်တ့ကဲ လေး အထူးသဖြင့်
ညာဘက်နံရိုးအောက် အသည်းနေရာကအောင့်ရင် သွေးလန့်တ့အဲ ခြေအနေကို ရောက်သွားနိုင်တယ်။
အဲဒီလို ကလေးမျိုးဆိုရင်တော့ ဆေးရုံတင်ထားပြီး အကြောဆေးစပေးထားရင် ပိုကောင်းပါတယ်။
အရေးကြီးတာက သွေးလန့်တဲ့အခြေအနေကို မိဘတွေသိဖို့နဲ့ စောစောစီးစီး ဆေးရုံရောက်ဖို့ လိုပါတယ်။
သွေးလန့်တဲ့အချိန်ကြာလေလေ နောက်ပိုင်းမှာသွေးယိုတာများလေလေ ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်ကျရင်
ကုသရခက်ခဲနိုင်ပါတယ်။ ကလေးတစ်ယောက်သွေးလွန်တုပ်ကွေးဖြစ်ပြီဆိုတာနဲ့ ပဋိဇီဝဆေး (Antibiotic)
တွေ ပုံမှန်အားဖြင့် ပေးဖို့မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗိုင်းရပ်စ်ပိုး ဖြစ်နေလို့ပါ။ ဒီတော့ ကလေးကို
ပါရာစီတမော ပေးမယ်၊ ကိုယ်ပူနေရင် ၄ နာရီတစ်ခါ တိုက်လို့ရတယ်။ အန်နေရင်တော့ စအိုက
ထည့်ပေးလို့ရပါတယ်။ ကိုယ်ပူကြီးရင် ရေဖတ်တင်မယ်၊ ရေဖတ်တိုက်မယ်၊ အရည်များများတိုက်ပေးဖို့
လိုပါတယ်။ ဓါတ်ဆားရည် တိုက်ပေးမယ်၊ ဆန်ပြုတ်၊ စွပ်ပြုတ်ရည်ကိုလည်း ငန်ငန်လေး တိုက်ပေးမယ်။
အရေးကြီးတာက အကိုက်အခဲပျောက်ဆေးတွေပေးလို့ မရပါဘူး။ အစာအိမ်သွေးယိုတာ ပိုဖြစ်နိုင်ပါတယ်။
အရည်များများတိုက်၊ ပါရာစီတမော ပေးထားပြီး မိဘက အချိန်မရွေးစောင့်ကြည့်နေဖို့ လိုပါတယ်။
ဆရာဝန်နဲ့ တစ်နေ့တစ်ခါပြမယ်။ ဆရာဝန်က သွေးလန့်တဲ့လက္ခဏာတွေကို မိဘကို ကြိုတင်ပြောထားဖို့
လိုတယ်။ သိပ်မှိန်းတဲ့ကလေး၊ အစားအသောက်ပျက်တဲ့ကလေး၊ ဘာမှမ၀င်တဲ့ကလေးဆိုရင်တော့
ကလေးရဲ့ခန္ဓာကိုယ် လိုအပ်ချက်အတိုင်း တွက်ပြီး အကြောဆေး ပြန်ပေးထားဖို့ လိုနေပါပြီ။
ဆေးရုံတက်နေရပါမယ်။သွေးလန့်တဲ့ ကလေးတွေကိုတော့ အကြောဆေးရည်၊ သွေးရည်ကြည်တို့နဲ့
သွေးလန့်တာကို မြန်မြန်ကောင်းအောင် ပြုလုပ်ပေးပါတယ်။ သွေးလန့်ချိန်ကြာပြီး ကိုယ်တွင်းအင်္ဂါတွေမှာ
သွေးယိုတယ်ဆိုရင်တော့ သွေးသွင်းကုသပေးပါတယ်။ ရိုးရိုးဆားရည် (Dextrose Saline)၊
သွေးရည်ကြည်တု(Dextran, Gelofusine)၊ သွေးရည်ကြည် (Plasma)၊ သွေး(Fresh Blood) ဘာကို
သုံးမလဲဆိုတာ လူနာရဲ့လက္ခဏာကိုကြည့်ပြီး ချင့်ချိန်ရပါတယ်။ သွေးလွန်တုပ်ကွေးကလေးဆိုရင်
အချိန်မလပ် စောင့်ကြပ်ကြည့်ရှုပြီး ကုသရတာကြောင့် ဆရာဝန်၊ ဆရာမတွေ အလွန်ပင်ပန်းပါတယ်။
မိဘတွေဘက်ကဆိုရင်တော့ ဆိုဖွယ်ရာ မရှိတော့ပါဘူး။

သွေးလွန်တုပ်ကွေး မဖြစ်ပွားရအောင် ကာကွယ်ရေးအနေနဲ့ လုပ်သင့်လုပ်ထိုက်တာလေးတွေကိုလည်း
ရှင်းပြပေးစေချင်ပါတယ် ဆရာ။

သွေးလွန်တုပ်ကွေးရောဂါက ခြင်ကိုက်လို့ ဖြစ်တာဆိုတော့ ခြင်ကြားအကိုက်မခံရဖို့
အရေးကြီးတယ်။ ခြင်ကြားက ဝေးဝေးမပျံနိုင်ဘူး။ သက်တမ်းလည်း မရှည်ဘူး။ အရေးကြီးတာက
ကလေးတွေ အများကြီးစုတဲ့ နေ့ကလေးထိန်းကျောင်း၊ မူကြိုကျောင်း၊ မူလတန်းကျောင်း၊
အလယ်တန်းကျောင်းတွေမှာ ကူးစက်တာများတာကြောင့် ခြင်ကြားနှိမ်နင်းရေးကို အဲဒီနေရာတွေမှာ
အဓိကထား လုပ်ရပါမယ်။ အထူးသဖြင့် ခြင်ကြားပေါက်ပွားလာမယ့် ပိုးလောက်လန်းနှိမ်နင်းရေးကို
အဓိကထား လုပ်ရပါမယ်။ 'ဖုံး၊ သွန်၊ ခပ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့်၊ မြှုပ်၊ ရှင်း၊ မှုတ်' ဆိုပြီး
အတိုကောက် မှတ်လို့ ရပါတယ်။ ခြင်ကြားက ရေကြည်ရေသန့်မှာ ပေါက်ပွားတာကြောင့် အိမ်သုံးရေစည်၊
ရေကန်၊ စဥ့်အိုးစတာတွေကို အဖုံး ဖုံး ထားရပါမယ်။ ဒါမှမဟုတ် မကြာခဏ သွန်ပြီး လဲလှယ်ပေးရပါမယ်။
အတွင်းနံရံတွေကို တိုက်ချွတ်ဆေးကြောပေးရပါမယ်။ ရေလှောင်ကန်တွေ ရေသွန်ဖို့ မလွယ်ကူရင်
ခြင်ကြားပေါက်လာမယ့် ပိုးလောက်လန်းတွေကို ရေစစ်နဲ့ ခပ် ထုတ်ရမယ်။ ရေအိုး၊ ရေစည်တစ်ခုမှ
တစ်ခုကို ရေလဲထည့်တဲ့အခါ ရေစစ်နဲ့ ပိုးလောက်လန်းတွေကို စစ် ထုတ်ရမယ်။ စားပွဲ၊ ကြောင်အိမ်
စတာတွေအောက်က ခံထားတဲ့ ရေခွက်ထဲမှာ အင်ဂျင်ဝိုင်အဟောင်း ရေနံဆီ စတာတွေကို လောင်း
ထားပေးရမယ်။ ကလေးတွေကို နေ့လယ်၊ နေ့ခင်းသိပ်တဲ့အခါ ခြင်ထောင် နဲ့ သိပ်ရပါမယ်။
အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ၀တ်ဆင်ပေးရမယ်၊ ဘုရားညောင်ရေအိုး၊ ပန်းအိုးတွေကို မကြာခဏ လဲ
လှယ်ပေးရပါမယ်။ အလင်းရောင်ဝင်အောင် ပြတင်းပေါက်၊ တံခါးပေါက်တွေ ဖွင့် ပေးထားရမယ်။ ရေကြည်၊
ရေသန့်တင်နေတတ်တဲ့ အိုးခြမ်းပဲ့၊ ဘက်ထရီအိုးအဟောင်းစတာတွေကို မြေ မြှုပ် ပေးရမယ်။
ခြုံနွယ်ပိတ်ပေါင်းတွေကို ရှင်း ပစ်ရမယ်။ ခြင်ကြားနှိမ်နင်းရေးအတွက် ဖြစ်နိုင်ရင် ခြင်ဆေးမှုတ် ခြင်းကို
ပုံမှန်ဆောင်ရွက်ပေးရပါမယ်။သွေးလွန်တုပ်ကွေးဖြစ်ပွားတဲ့ကလေးရှိရင် အဲဒီကလေးနဲ့ ကိုက် ၁၀၀
ပတ်ဝန်းကျင်မှာ မဖြစ်မနေ ခြင်ဆေး မှုတ် ပေးရပါမယ်။
ဒေါက်တာစောဝင်း(ကလေးကျန်းမာရေး)ရေးသားသော ကလေးကျန်းမာရေးအမေးအဖြေစာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။__

No comments :

Post a Comment