Tuesday, July 1, 2014

၁၀ တန်း အောင်စာရင်း ရခိုင်တပြည်လုံး၏ အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ ၃ ဆု စလုံး တောင်ကုတ်မြို့မှ ဆွတ်ခူးရရှိ

ယခုနှစ် ၁၀ တန်း အောင်စာရင်း ရခိုင်တပြည်လုံး၏
အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ ၃ ဆု စလုံး  

တောင်ကုတ်မြို့မှ ဆွတ်ခူးရရှိ


လွန်ခဲ့သော ၃ ရက်ခန့်က
တောင်ကုတ်ဒေသဖွံ့ဖြိုးရေး ကော်မတီ
ဥက္ကဋ္ဌ ဦးကျောက်တောင် ဦးဆောင်သော
ဒေသဖွံ့ဖြိုးရေး ကော်မတီ နှင့်
မြို့ပေါ်ရှိ ဂုဏ်သိက္ခာ ရှိသူများ စုပေါင်း၍
မြို့နယ်အုပ်ချူပ်ရေးရုံးတွင် အစည်းအဝေးတစ်ခု ပြုလုပ်ကြောင်း သတင်းရရှိသည်။

ထိုအစည်းအဝေးတွင် ယခုနှစ် ၁၀ တန်းအောင်စာရင်းတွင်
၆ ဘာသာ ဂုဏ်ထူးရသူ ၂ ဦး၊
၅ ဘာသာ ဂုဏ်ထူးရသူ ၄ ဦး၊
၎ ဘာသာ ဂုဏ်ထူးရသူ ၅ ဦး ၊
၃ ဘာသာ ဂုဏ်ထူးရသူ ၅ ဦး၊
၂ ဘာသာ ဂုဏ်ထူးရသူ ၁၀ ဦး၊
၁ ဘာသာ ဂုဏ်ထူးရသူ ၄၁ ဦး၊ နှင့်
ရခိုင်ပြည်နယ်အတွင်း အမှတ်အများဆုံး
ပထမ၊ ဒုတိယ၊ တတိယ၊ သုံးဦးလုံး
တောင်ကုတ်မြို့မှ ရရှိခြင်းအပေါ် ဂုဏ်ပြု ဆုပေးပွဲ
ပြုလုပ်ရန် စီစဉ်ကြကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် အမှတ်အများဆုံး ပထမဆုရသူမှာ
၅ ဘာသာဂုဏ်ထူးရှင် ဖြစ်ပြီး၊
ဒုတိယနှင့် တတိယကို
၆ ဘာသာဂုဏ်ထူး၇ှင် ၂ ယောက်မှ
ရသည်။

၎င်းဆုရသူများကို ယမုံသာယာ ရေလုပ်ငန်းပိုင်ရှင် ဦးမြင့်သောင်းမှ
ရွှေ တစ်ကျပ်သားစီနှင့် ၅ ဘာသာ ဂုဏ်ထူးရသူများကို
တစ်ဘာသာ ၁ သိန်းစီ ဆုချီးမြင့်သွားမည် ဖြစ်ပါသည်။
အခြား ၄ ဘာသာ၊ ၃ ဘာသာ၊ ၂ဘာသာ၊ ၁ ဘာသာ ရ ကျောင်းသားများကိုလည်း
တစ်ဘာသာလျှင် ၁ သိန်း ဆုချီးမြှင့်မည် ဖြစ်ပါသည်။

ထိုအစည်းအဝေးတွင် စုစုပေါင်း မြို့ပေါ်ရှိ ဂုဏ်သိက္ခာ၇ှိသူများမှ
ကျပ်ငွေသိန်း ၁၅၀ ကျော်
လှူဒါန်း၍ ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း၊

တောင်ကုတ်သားများ၏ ပညာရည်တိုးတက်မှု
ယခုနှစ်တွင် အမြင့်ဆုံး ဖြစ်၍
များစွာ ၀မ်းသာ ဂုဏ်ယူလျှက်ရှိကြောင်း၊

နောင်နှစ်များတွင်လည်း ထိုထက်မက ထူးချွန်သူများ
ပေါ်ပေါက်လာစေရန် စီစဉ်ဆောင်ရွက်
ကြမည် ဖြစ်ကြောင်း၊

သတင်းရရှိပါသည်။

No comments :

Post a Comment