၂၈.၉.၂၀၁၄ ရက်နေ့တွင် တောင်ကုတ်မြို့၊ မြို့နယ်ခန်းမတွင်
ဆို.က.ရေး.တီး ပြိုင်ပွဲဝင်မည့် အကအဖွဲ့များ၊ အဆိုရှင်များသည်
ဝတ်စုံပြည့်ဖြင့် အစမ်းလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး
အဆိုပါ ၀တ်စုံပြည့် အစမ်းလေ့ကျင့်ပွဲသို့
မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူး၊
မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊
ဒေသဖွံ့ဖြိုးရေးကော်မတီ၊ တို့ တတ်ရောက်အားပေးခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲဝင်များသည် ၇.၁၀.၂၀၁၄ ရက်နေ့ ၊
မနက်ခင်း ၈နာရီ၊ သံတွဲမြို့တွင် လူရွှေးပွဲ ယှဉ်ပြိုင်ရမည် ဖြစ်ပြီး
အဆိုပါ လူရွှေးပွဲတွင် အရွှေးခံရပါက ၁၆.၁၀.၂၀၁၄ ရက်နေ့တွင်
စစ်တွေမြို့သို့ သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
သံတွဲတွင် ပြုလုပ်မည့် လူရွှေးပွဲတွင် တောင်ကုတ်မြို့နယ်မှ
ပြိုင်ပွဲဝင်များ အားလုံး အရွှေးခံရစေရန် အကောင်းဆုံး
လေ့ကျင့်ပြင်ဆင်ထားကြောင်း နည်းပြများက ပြောသည်။
၎င်း ပြိုင်ပွဲဝင်များ၏ ၀တ်စုံ ကုန်ကျစရိတ်များ၊ ခရီးစရိတ်များ၊
စားစရိတ်များကို တောင်ကုတ်ဒေသဖွံ့ဖြိုးရေး ကော်မတီမှ
ဥက္ကဋ္ဌ ဦးကျောက်တောင်မှ တာဝန်ယူထားပြီး
စစ်တွေမြို့ ပြိုင်ပွဲတွင် အကောင်းဆုံး ကြိုးစားကြစေလိုကြောင်း၊
အနိုင်ရရှိခဲ့ပါက ဂုဏ်ပြုညစာ စားပွဲ ကျင်းပပေးမည် ဖြစ်ကြောင်း၊
သိရသည်။

M.K.K

No comments :
Post a Comment