Thursday, October 23, 2014
ရခိုင်ပြည်နယ်သို့ ကမ်းစောင့်စစ်ရေယာဉ်များရောက်ရှိ
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ပင်လယ်ပြင်နှင့် နတ်မြစ်တစ်လျှောက် ကင်းလှည့်ရန် အတွက် စက်သေနတ်များ တပ်ဆင်ထားသော ကင်းလှည့် အမြန်ရေယာဉ်များ မောင်တောမြို့သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
“ မြင်းကောင်ရေ ၂၃၀ ရှိတဲ့ အင်ဂျင်နှစ်လုံးစီ ထိုင်ထားပါတယ်။ စက်တွေကတော့ နောက်ဆုံးပေါ် Yamaha
အမျိုးစားတွေပါဘဲ။ တစ်နာရီ အနည်းဆုံး မိုင် ၅၀ တော့ ပြေးပါတယ်” ဟု အမည်မဖေါ်လိုသူ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယခုအခါ ရောက်ရှိလာသော ကင်းလှည့် အမြန်ယာဉ် (၂) စီးအား မောင်တောမြို့ အမှတ် (၁) ၀င်ထွက်စခန်းတွင် ဆိပ်ကပ်ထားသည်ဟု သိရသည်။
ယင်းအမြန်ယာဉ်များအား သက်ဆိုင်ရာမှ လာရောက်စစ်ဆေးနေပြီး များမကြာမီ မြန်မာနယ်စပ်တွင် Operation လုပ်ငန်းစတင်တော့မည်ဟု ဆိုသည်။
“ အခုလို နယ်စပ် လုံခြုံရေးအတွက် ကင်းလှည့် အမြန်ယာဉ်တွေကို မြင်ရတော့ အားတက်မိပါတယ်။ ဒေသအတွက် လုံခြုံရေးပိုရှိလာတယ်လို့ဘဲ ခံစားမိပါတယ်” ဟု မောင်တောမြို့ခံ တစ်ဦးက ပြောသည်။
မောင်တောနယ်စပ် လုံခြုံရေးအတွက် နတ်မြစ်တစ်လျှောက်တွင် နောက်ထပ်လည်း အမြန်ရေယာဉ်ငယ်များကို လည်း တိုးချဲ့ချသွားမည် ဖြစ်သည်ဟု သိရသည်။
ြ မြန်မာအစိုးရအနေဖြင့် ပင်လယ်ပြင်နှင့် နယ်စပ် လုံခြုံရေး အတွက် ရခိုင်ပြည်နယ်တွင် ရေကြောင်းရဲတပ်ဖွဲ့အား စတင်ဖွဲ့စည်းတာဝန်ပေးနေပြီး ယခု ရောက်ရှိလာသော အမြန်ရေယာဉ်များကို ရေကြောင်းရဲတပ်ဖွဲ့က ပင်လယ်ပြင်လုံခြုံရေး အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်
Narinjara
Related Posts: သတင်း
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment