Tuesday, October 7, 2014

နေလှန်းဆားများကို ဆားကောင်း၊ ဆားသန့်ထုတ်လုပ်နိုင်ရေး ပြည်နယ်အစိုးရ ကျပ်သိန်းသုံးရာထုတ်ချေးမည်

နေလှန်းဆားများ အဓိက ထုတ်လုပ်နေသည့် ရခိုင်ပြည်နယ်တွင် နေလှန်းဆားကြမ်းများကို ဆားကောင်း၊ ဆားသန့်များအဖြစ် အဆင့်မြှင့်ထုတ်လုပ်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့က ချေးငွေကျပ်သိန်းသုံးရာ ထုတ် ချေးပေးမည်ဟု သတင်းရရှိ သည်။
ရခိုင်ပြည်နယ်ထွက် ဆား များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သော်လည်း ၀ယ်ယူမှုဈေး ကွက် မတည်ငြိမ်ကြောင်း ဆား တင်ပို့သူတစ်ဦးက ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆားဝယ်ယူ
မှုဈေးကွက်မတည်ငြိမ်ခြင်းမှာ နိုင်ငံရေးမူဝါဒများနှင့် အရည်အ သွေးမပြည့်မီခြင်းတို့ကြောင့်ဟု ဆိုသည်။
‘‘ဘင်္ဂလားဒေ့ရှ်ရဲ့ ဆားဈေး ကွက်က ပြောင်းသွားပြီ။ လွန်ခဲ့ တဲ့ လေး၊ ငါး၊ ခြောက်နှစ်ကလို အရည်အသွေးညံ့တဲ့ ဆားတွေ မ၀ယ်တော့ဘူး။ ဆားကောင်း၊ ဆားသန့်တွေပဲ ၀ယ်တယ်။ ထုတ် လုပ်မှုစနစ်ကလည်း ပြောင်းသွား ပြီ။ ဆားကောင်း၊ ဆားသန့်ရဖို့ ပလတ်စတစ် အခင်းတွေနဲ့ ထုတ် လုပ်နေကြတာကို တွေ့ခဲ့ရတယ်’’ ဟု ဘင်္ဂလားဒေ့ရှ် ဆားဈေးကွက် သို့ သွားရောက်လေ့လာခဲ့သူတစ် ဦးက ပြောသည်။
ပြည်နယ်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ ဆားတောင်သူ များပါဝင်သည့် ရွှေအဏ္ဏ၀ါဆား ထုတ်လုပ်သူများ အသင်းသို့ ၂၀၁၁-၁၂ ခုနှစ်တွင် ကျပ်သိန်း ၂၀၀၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၂၀၀ ထုတ်ချေးပေး ခဲ့ပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် လည်း ရခိုင်ပြည်နယ် ဆားထုတ် လုပ်သူတောင်သူများ ပါဝင်ဖွဲ့ စည်းထားသော တက်နေ၀န်း ဆားတောင်သူများအသင်းအား ကျပ် ၃၂၉ သိန်း ထုတ်ချေးပေးခဲ့ သည့်အပြင် ဆားတောင်သူများ ကို နေလှန်းဆားကြမ်းထွက်ရှိမှု အပေါ် မူတည်၍ တစ်ပိဿာ လျှင် ငါးကျပ်နှုန်းဖြင့် ရခိုင်ပြည်နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကျပ်သိန်း ၅၀၀ ထပ်မံ ထုတ်ချေးပေးခဲ့ကြောင်း သိရ သည်။

No comments :

Post a Comment