ယနေ့ ၂၁.၉.၂၀၁၄ ရက်နေ့တွင်
တောင်ကုတ်မြို့၊ အထွေထွေ အုပ်ချူပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင်
" ဦးဘသိန်း+ဒေါ်တင်ငွေ ပညာရေး ဖောင်ဒေးရှင်းသို့
တောင်ကုတ်မြို့၊ အထွေထွေ အုပ်ချူပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင်
" ဦးဘသိန်း+ဒေါ်တင်ငွေ ပညာရေး ဖောင်ဒေးရှင်းသို့
အလှူငွေ ပေးအပ်ပွဲ အခမ်းအနား"
ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့
ဦးဘသိန်းနှင့် မိသားစုဝင်များ
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်မင်း၊
မြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူး ဦးလူမော်၊
မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကျောက်တောင်၊
မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှိုင် ၊
မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊
ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပညာရေး မိသားစုများ၊ နိုင်ငံရေးပါတီများ၊
မြို့ပေါ်ရှိ ပညာရေး စိတ်ဝင်စားသူများ တတ်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ယခင်နှစ် ဘဏ္ဍာရေး အသုံးစရိတ် ရှင်းတမ်းများကို
စာရွက်များဖြင့် ပေးဝေခဲ့ပြီး ဖောင်ဒေးရှင်းကို စတင်တည်ထောင်သူဖြစ်သော
ဦးဘသိန်းမှ အမှာစကားပြောကြားရာတွင်
ဖောင်ဒေးရှင်း တည်ထောင်မှု၏ ရည်ရွယ်များ၊
ရှေ့ဆက် လုပ်ဆောင်မည့် ကိစ္စရပ်များကို ပြောကြားခဲ့သည်။
စာရွက်များဖြင့် ပေးဝေခဲ့ပြီး ဖောင်ဒေးရှင်းကို စတင်တည်ထောင်သူဖြစ်သော
ဦးဘသိန်းမှ အမှာစကားပြောကြားရာတွင်
ဖောင်ဒေးရှင်း တည်ထောင်မှု၏ ရည်ရွယ်များ၊
ရှေ့ဆက် လုပ်ဆောင်မည့် ကိစ္စရပ်များကို ပြောကြားခဲ့သည်။
ထိုနောက် အလှူငွေများကို လှူဒါန်းရာ
ဦးဘသိန်း+ဒေါ်တင်ငွေမှ သိန်း ၁၂၀
ဦးကျောက်တောင်မှ ၁၀ သိန်း
ဦးထွန်းလှိုင်မှ ၃ သိန်း
ဦးသန်းထွန်း မှ ၂ သိန်း
ဦးတင်စိုးမိုးမှ ၁ သိန်း လှူဒါန်းခဲ့ပြီး
အခြားသော အခမ်းအနားတတ်ရောက်သူများမှ
ပါဝင်လှူဒါန်းကြရာ စုစုပေါင်း သိန်း ၁၄၀ ကျော် သည်ဟု သိရသည်။

No comments :
Post a Comment