အမေရိကန်အခြေစိုက် Hilton Nay Pyi Taw ဟိုတယ်ဖွင့်ပွဲတွင် ဟိုတယ်ပိုင်ရှင်ထံမှ သတင်းစကားတစ်ခုကြားရသည်။ ၀န်ထမ်းရေးရာနှင့် ပတ်သက်၍ ဖြစ်သည်။
ဟိုတယ်ဝန်ထမ်းများနေထိုင်သည့် အခန်းအားလုံးကို လေအေးပေးစက်တပ်ပေးရန်၊ ၀န်ထမ်းစားရိပ်သာတွင် လေအေးပေးစက်တပ်ဆင်ပေးရန်နှင့် ၀န်ထမ်းများ
အားကစားပြုလုပ်ရန်အတွက် နေရာစီစဉ်ပေးရန် Hilton ဟိုတယ်စီမံခန့်ခွဲရေးအဖွဲ့မှ တောင်းဆိုခဲ့ကြောင်း ဧဒင်ကုမ္ပဏီအကြီးအကဲ ဦးချစ်ခိုင်က ပြောသည်။
ဌာနအကြီးအကဲများအား တစ်ဦးလျှင် အခန်းတစ်ခန်းပေးရပြီး အောက်ခြေ၀န်ထမ်းများ တစ်ခန်းလျှင် နှစ်ယောက်သာ ထားရှိသည်။ အခန်းအားလုံးတွင် ရုပ်မြင်သံကြားစက်တပ်ဆင်ပေးပြီး
နိုင်ငံတကာစီမံခန့်ခွဲမှုပုံစံဖြ
အထူးသဖြင့် ပြည်တွင်းလုပ်ငန်းများမှ ကျွမ်းကျင်ပြီး ထူးချွန်သည့် လုပ်သားများကို ဆုံးရှုံးရမည့်အခြေအနေမျိုးကို မြန်မာလုပ်ငန်းရှင်များ ကြိုတင်တွက်ဆပြင်ဆင်ထားရန် လိုသည်။ ထို့ကြောင့် ကုမ္ပဏီလုပ်ငန်းတိုင်းတွင် လူသားအရင်းအမြစ်ဌာနဟုခေါ်သည့် HR ဌာနများ အလုပ်ကောင်းကောင်းလုပ်ရန်လည်း ပြင်ဆင်ထားရမည် ဖြစ်သည်။
အောက်တိုဘာ ၁၇ ရက်က နေပြည်တော်တွင် ဖွင့်လှစ်ခဲ့သော Hilton Nay Pyi Taw ဟိုတယ်ကို ဧဒင်ကုမ္ပဏီကပိုင်ဆိုင်ပြီး အမေရိကန်အခြေစိုက် Hilton World Wide ကုမ္ပဏီက စီမံခန့်ခွဲမှုပိုင်း တာဝန်ယူထားခြင်းဖြစ်သည်။
ပြည်တွင်းစီမခန့်ခွဲမှုဖြင့် ဖွင့်လှစ်ထားသော ဟိုတယ်အများစုတွင် ၀န်ထမ်းရေးရာနှင့်ပတ်သက်၍ ထိုကဲ့သို့သော ၀န်ဆောင်မှုများကို တွေ့ရမည်မဟုတ်ပေ။ ဟိုတယ်အများစုတွင် ဌာနအကြီးအကဲများ နေထိုင်သောအခန်းများကို လေအေးပေးစက်တပ်ဆင်ပေးသော်လည်း ၀န်ထမ်းများအတွက်မူ လေအေးပေးစက်တပ်ဆင်ခြင်းမရှိပေ။ ထို့အပြင် တစ်ခန်းလျှင် ၀န်ထမ်းငါးယောက်၊ ခြောက်ယောက် ထားလေ့ရှိကြသည်။ အချို့သော ဟိုတယ်များတွင် လေအေးပေးစက် တပ်ဆင်ထားသော်လည်း တစ်ခန်းလျှင် လေး၊ ငါးယောက်ခန့် နေကြရသည်။
‘‘အစားအသောက်လည်း ကောင်းကောင်းကျွေးတယ်။ Local(ပြည်တွင်း)ကလူတွေ အုပ်ချုပ်တဲ့ဟိုတယ်မှာ စားစရိတ်အတွက် တစ်နေ့ကို တစ်ယောက် ၁၅၀၀(ကျပ်)လောက်ပဲသုံးတယ်။ အခု Hilton မှာ ငါးထောင်လောက် သုံးထားတယ်’’ဟု Hilton Nay Pyi Taw ဟိုတယ်အရောင်းမန်နေဂျာ ကိုအေးမင်းထွန်းကပြောသည်။
ထို့ကြောင့်လည်း ပြည်တွင်းစီမံခန့်ခွဲမှုလုပ်ကိုင
‘‘နိုင်ငံတကာအတွေ့အကြုံ လိုချင်တာလည်းပါတယ်။ လစာကလည်း ကောင်းတယ်။ ၀န်ထမ်းကိုလည်း ကောင်းကောင်းထားတော့ ပြောင်းတဲ့လူ အရမ်းများတယ်’’ဟု ဟိုတယ်တစ်ခုမှ Lake Garden ဟိုတယ်သို့ ပြောင်းရွှေ့ခဲ့သူကို ခိုင်ဇော်ဝင်းကပြောသည်။
ဟိုတယ်လုပ်ငန်းတွင်သာမက အခြားသောပြိုင်ဆိုင်မှုပြင်းထန်သ
‘‘၀န်ထမ်းရဲ့ လိုအပ်ချက်တွေ နားလည်ရမယ်။ လိုအပ်ချက်ဆိုတာ ငွေတစ်ခုတည်းမဟုတ်ဘူး။ သူတို့တွေရဲ့ လိုအပ်ချက်ကိုပါ ပြောပြဖို့လိုတယ်’’ဟု ချက်ထရီယမ်ဟိုတယ် မန်နေဂျာ ဒေါ်မေမြတ်မွန်ဝင်းကပြောသည်။
သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရတက်လာပြီးနောက် ပြည်ပစီးပွားရေးလုပ်ငန်းရှင်မျာ
ထို့အပြင် အင်းလေးဒေသတွင် Novotel ဟိုတယ်မှာ မကြာမီက ဖွင့်လှစ်ခဲ့ပြီး ငပလီကမ်းခြေတွင်လည်း နိုဝင်ဘာ၌ Hilton ဟိုတယ် ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်သည်။
အချိုရည်လုပ်ငန်းတွင်လည်း ကိုကာကိုလာ၊ Pepsi နှင့် Sunkist အချိုရည်လုပ်ငန်းတို့ ၀င်ရောက်လာခဲ့သည်။ အထည်ချုပ်လုပ်ငန်းတွင်လည်း အမေရိကန်အခြေစိုက် GAP ကုမ္ပဏီတို့ ၀င်ရောက်လာခဲ့သည်။
အဆိုပါ နိုင်ငံတကာလုပ်ငန်းများအနေဖြင့်
‘‘HR Development(လူ့စွမ်းအားအရင်းအြ
Hilton Nay Pyi Taw ဟိုတယ်တွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး
ထို့နည်းတူ ကိုကာကိုလာကုမ္ပဏီတွင်လည်း ပြည်တွင်းလုပ်ငန်းရှင်များနှင် ကွာခြားသည့်အချက်တစ်ချက်မှာ စွမ်းဆောင်ရည်မြှင့်သင်တန်းများ
‘‘အလုပ်ခွင်သင်တန်းတွေ အဓိကလိုတယ်’’ဟု ကိုကာကိုလာအချိုရည်ကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးကပြောသည်။
ထို့အပြင် ကိုကာကိုလာကုမ္ပဏီတွင် အလုပ်သမားများရပိုင်ခွင့် အလုပ်ချိန်နှင့်ပတ်သက်၍ တိကျစွာလိုက်နာဆောင်ရွက်ပြီး အလုပ်ချိန်ရှစ်နာရီသတ်မှတ်ကာ အချိန်ပိုဆောင်ရွက်ပါက နှစ်ဆပေးသည်။
ထို့အပြင် အလုပ်ခေါ်သည့်အခါတွင်လည်း ကျား၊ မနှင့် အသက်အပိုင်းအခြား ခွဲခြားကန့်သတ်မှုမရှိသည်ကို တွေ့ရသည်။ ထို့အပြင် အလုပ်ခန့်ထားသည့်အခါတွင်လည်း လုပ်ဆောင်ရမည့်တာဝန်ကို တိတိကျကျ သတ်မှတ်ပေးသည်။
ကိုကာကိုလာကုမ္ပဏီတွင် လုပ်ကိုင်နေသော ၀န်ထမ်းများအနေဖြင့် မကျေနပ်ပါက အမေရိကန်ရုံးအထိ တိုင်ကြားနိုင်သည်။ ထိုသို့ တိုင်ကြားရာတွင် အင်္ဂလိပ်သာသာဖြင့် မရေးတတ်ပါက မြန်မာဘာသာဖြင့် ရေးသားနိုင်ပြီး တိုင်ကြားသူ၏ နာမည်ကို မဖော်ပြဘဲ တိုင်ကြားခွင့်ပြုထားခြင်းဖြစ်သ
‘‘Hilton ဟိုတယ်မှာဆိုရင် ၀န်ထမ်းကို Staffတို့ Employee တို့မခေါ်ရဘူး။ Team Member(လုပ်ဖော်ကိုင်ဖက်)လို့ ခေါ်ရတယ်’’ဟု အဆိုပါဟိုတယ်ဝန်ထမ်းတစ်ဦးကဆိုသ
ထိုကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
‘‘Novotel ကလုပ်နေတဲ့ Lake Garden ဟိုတယ်မှာဆိုရင် ၀န်ထမ်းတွေကို တစ်ခန်းကို ၄-၅ ယောက်ထားတယ်။ ပစ္စည်းပစ္စယမစုံဘဲနဲ့ ရအောင်လုပ်ခိုင်းတာတွေရှိတယ်’’ဟ
အဆိုပါဟိုတယ်အနေဖြင့် ၀န်ထမ်းအဆောင်များ မပြီးစီးမီ ဖွင့်လှစ်ခဲ့သဖြင့် ကုမ္ပဏီပိုင်သည့် လုံးချင်းတိုက်ခန်းများတွင် ထားရခြင်းဖြစ်နိုင်ကြောင်း အဆိုပါဝန်ထမ်းကဆိုသည်။ ထိုကဲ့သို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများက ၀န်ထမ်းရေးရာနှင့်ပတ်သက်၍ ကောင်းမွန်စွာထားရှိလာခြင်းကြော
ပြည်တွင်းလုပ်ငန်းရှင်အချို့မှာ
ဟိုတယ်လုပ်ငန်းနှင့်ပတ်သက်၍ နေပြည်တော်တွင် ပြင်သစ်အခြေစိုက် Novotel ဟိုတယ်နှင့် ဂျာမနီအခြေစိုက် Kempinski Hotel ဟိုတယ်တို့မှာ မကြာမီဖွင့်လှစ်တော့မည်ဖြစ်သည်။
အလားတူ အချိုရည်လုပ်ငန်းတွင်လည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုမ
ထို့ကြောင့်လည်း ၀န်ထမ်းရေးရာနှင့်ပတ်သက်သော ၀န်ဆောင်မှုများကို ပြင်ဆင်ရတော့မည့်အချိန်ဖြစ်သည်။
‘‘အဓိကက ၀န်ထမ်းရေးရာကို မပိုင်နိုင်ကြသေးဘူး။ HR ပိုင်းတွေမှာ နိုင်ငံခြားသားတွေလောက် စနစ်လည်းမကျသေးတဲ့အပြင် အမြင်လည်းမကျယ်ကြသေးဘူး’’ဟု ကုန်သည်ကြီးများဟိုတယ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ မလွင်မာအောင်ကသုံးသပ်သည်။
လုပ်ငန်းရှင်များအနေဖြင့်လည်း ၀န်ထမ်းရေးရာနှင့်ပတ်သက်၍ တိကျသည့် မူဝါဒမချထားသဖြင့် စီမံခန့်ခွဲသူများက မိမိထင်သလို လုပ်ဆောင်နေမှုများရှိသည်။
မြန်မာလုပ်ငန်းရှင်များအနေဖြင့်
ပြည်တွင်းလုပ်ငန်းရှင်များအနေဖြ
No comments :
Post a Comment