Sunday, September 21, 2014

@လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်မင်း တန်လွှဲဒေသသို့ သွားရောက်@

 
 
သက်ကယ်ကျွန်း၊ ကံပြင်၊ လက်ပံကျွန်း ကျေးရွာ ( ၃) ရွာ ပါဝင်ဖွဲ့စည်းထားသော

ကုတို့လုပ်ငန်း၏ လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍

20.9.2014 ရက်နေ့တွင် ရွာမကျေးရွာ ပြည့်သကျမုနိ ဘုရားဝန်းအတွင်း

အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။


အထက်ပါ အစည်းအဝေးသို့

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဒေါက်တာ အောင်ကျော်မင်း၊

တောင်ကုတ်မြို့နယ် အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာန၊ အုပ်ချူပ်ရေးမှူး ဦးလူမော် ၊

မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးကျောက်တောင်နှင့်အဖွဲ့ ၊

မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှိုင် ၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲမှူး ချစ်ဝေ နှင့်

မြို့နယ် စီမံကိန်း ဦးစီးဌာန မှ တာဝန်ရှိသူများ၊

ရွာသူ/ရွာသားများ၊ အထောက်အကူပြုကော်မတီဝင်များ၊

နိုင်ငံရေးပါတီဝင်များ၊ ရပ်မိရပ်ဖများ ပါဝင်ခဲ့ကြပြီး

ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့သည်။






အဆိုပါ အစည်းအဝေးအပြီးတွင်

ဒေါက်တာ အောင်ကျော်မင်းသည် ရွာမကျေးရွာ တိုက်နယ်ဆေးရုံသို့

ဝင်ရောက် လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ကျ ၀န်ထမ်းများနှင့်

ရင်းနှီးချစ်ခင်စွာ ပြောဆိုနှုတ်ဆက်ခဲ့သည်။


ထိုနောက် ရွာမကျေးရွာ

ေေ ရှးဟောင်း ဗုဒ္ဓရုပ်ပွားတော်မြတ် မောင်းတော်ဓါတ် စေတီတော်သို့

ဝင်ရောက်ဖူးမျှောကြည်ညိုခဲ့ပြီး

တရဘ ကျေးရွာသို့ သွားရောက်ခဲ့သည်ဟု သိရှိရသည်။



No comments :

Post a Comment