Sunday, September 21, 2014

@2013-2014 ပညာသင်နှစ် ဆုပေးပွဲ၊ အ.ထ.က (၁)@


၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း
ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား
ဂုဏ်ပြုချီးမြင့်ပွဲ အခမ်းအနားကို ယနေ့ ၂၀.၉.၂၀၁၄ ရက်နေ့ နံနက်ခင်း ( ၁၀ ) နာရီတွင်

အမှတ် ( ၁ ) ၊အခြေခံပညာ အထက်တန်းကျောင်း၊ တောင်ကုတ်မြို့တွင် ကျင်းပခဲ့သည်။


အထက်ပါ အခမ်းအနားကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်မင်း၊
မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးကျောက်တောင်နှင့်အဖွဲ့ ၊
မြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူး ဦးလူမော် ၊ မြို့ပေါ်ကျောင်းတိုက်များမှ ဆရာတော်များ၊
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မိဘများ၊ ကျောင်းသားကျောင်းသူများ၊ ဆရာ/ဆရာမ များ
တတ်ရောက်ခဲ့ပါသည်။


ကျောင်းသားကျောင်းသူများမှ ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး
ထူးချွန်ကျောင်းသားများအား ဒေါက်တာ အောင်ကျော်မင်း၊ ဦးကျောက်တောင်၊ ဦးလူမော် တို့မှ
ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြင့်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုအခမ်းအနားသည် အ.ထ.က ( ၁ ) ကျောင်း အစီအစဉ်ဖြင့် ကျင်းပသော ကျောင်းတွင်းဂုဏ်ပြုပွဲဖြစ်ပြီး
ယခင် ၂၂.၇.၂၀၁၄ ရက်နေ့က မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီ အစီအစဉ်ဖြင့်
တောင်ကုတ်မြို့နယ် တစ်နယ်လုံးရှိ ဂုဏ်ထူးရ ကျောင်းသား/သူများ ဂုဏ်ပြုပွဲကို
မြို့နယ်ခန်းမတွင် ခမ်းခမ်းနားနား ကျင်းပခဲ့ပြီး ဖြစ်သည်။


ယခင်နှစ်များနှင့်မတူ ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် 
ပထမဆုကို တောင်ကုတ်မြို့နယ်မှ ရရှိခြင်း၊ (၆) ဘာသာ ဂုဏ်ထူးရှင်များ ရှိခြင်း၊
ဂုဏ်ထူးရရှိသူများ များပြားခြင်း အပေါ်
တောင်ကုတ်မြို့သူ/မြို့သား များက ၀မ်းမြောက်ဂုဏ်ယူလျက် ရှိကြောင်း သိရသည်။

http://taungokenews.blogspot.com/




No comments :

Post a Comment