ယနေ့ (၁၀.၉.၂၀၁၄) တွင် တောင်ကုတ်မြို့၊ မြို့နယ်ခန်းမတွင်
၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်
ပတ်သက်၍ အစည်းအဝေးတစ်ရပ်ကို နံနက် ၁၁ နာရီမှ ညနေ ၄ နာရီ ထိ
ကျင်းပခဲ့သည်။
၎င်းအစည်းအဝေးပွဲတွင်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်မင်း၊
၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်
ပတ်သက်၍ အစည်းအဝေးတစ်ရပ်ကို နံနက် ၁၁ နာရီမှ ညနေ ၄ နာရီ ထိ
ကျင်းပခဲ့သည်။
၎င်းအစည်းအဝေးပွဲတွင်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်မင်း၊
တောင်ကုတ်မြို့ပေါ်ရှိ ၀န်ကြီးဌာနများ၊ မြို့နယ်/ကျေးလက် အထောက်အကူပြုအဖွဲ့အစည်းများ၊
အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ တတ်ရောက်ခဲ့ကြပြီး
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး ခုနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအတွက်
ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးပွဲတွင် တောင်ကုတ်မြို့နယ်ရှိ ၀န်ကြီးဌာန အသီးသီးမှ
လာမည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြခဲ့ပြီး
အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ မြို့နယ်/ကျေးလက် အထောက်အကူပြုအဖွဲ့အစည်းများ က
နားမလည်သည်များ၊ မရှင်းလင်းသည်များ၊ သိရှိလိုသည်များ ကို မေးမြန်းခဲ့ရာ
သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြား ခဲ့ပါသည်။
မှတ်ချက်။ ။ အသေးစိတ် အချက်အလက်များကို ဆက်လက်တင်ပြပေးသွားပါမည်။
အစည်းအဝေးတွင် ရိုက်ကူးခဲ့သော ဓါတ်ပုံများကို
http://taungokephoto.blogspot.com/ တွင် အပြည့်အစုံ တင်ပြထားပါသည်။
Admin M.K 7
Admin M.K 7


No comments :
Post a Comment