Wednesday, September 3, 2014

@တောင်ကုတ်မြို့သို့ အိန္ဒိယသံအမတ်ရောက်ရှိ@


2.9.2014 နေ့တွင် အိန္ဒိယနိုင်ငံ သံအမတ်သည် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သို့ ရောက်ရှိလာရာ
ကြံ့ခိုင်ရေးပါတီလွှတ်တော်အမတ် ဒေါက်တာစံလှိုင်၊ တောင်ကုတ်ဒေသဖွံ့ဖြိုးရေးကော်မတီ ဦးကျောက်တောင်နှင့်
အဖွဲ့ဝင်များအား ရင်းနှီးခင်မင်စွာ တွေ့ဆုံ၍ နေ့လည်စာ အတူတကွ စားသုံးရင်း တောင်ကုတ်ဒေသ ဖွံ့ဖြိုးရေး ကိစ္စများကို

ပွင့်လင်းစွာ ဆွေးနွေးကြပါသည်။

တောင်ကုတ်မြို့ပေါ် ၅ ရပ်ကွက်ရှိလမ်းများအားလုံး ကွန်ကရစ်လမ်းတိုးမြင့်ရေး၊ တောင်ကုတ်ဆိပ်ခံတံတားကြီး တစ်ခု တည်ဆောက်ရေး၊
ရုပ်သံလွှင့်စက် W-100 တပ်ဆင်၍ မြို့နယ်တစ်ခုလုံး ( ပင်လယ်ထဲမှ ကျွန်းများအပါအ၀င် ) ရုပ်သံဖမ်းယူ ရရှိရေး ၊ စသည့်တို့ကို ဆွေးနွေးကာ
အိန္ဒိနိုင်ငံ အစိုးရ၏ အကူအညီ ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

No comments :

Post a Comment