Saturday, September 13, 2014

တယ်လီနောဆင်းမ်ကတ် အောက်တိုဘာ ၅ ရက် မတိုင်မီ ထွက်မည်ဟုဆို

တယ်လီနော မိုဘိုင်းဆင်းမ်ကတ်များကို မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာ ၅ ရက် မတိုင်မီ စတင်ရောင်းချမည်ဖြစ် ပြီး မည်သည့်ကွန်ရက်ဖြင့် ဆက် သွယ်ပြောဆိုသည်ဖြစ်စေ တစ်မိနစ်ပြောဆိုခ ၂၅ ကျပ်ထက် လျော့နည်းမည်Telenor Myan-mar မှ သတင်းရရှိသည်။
တယ်လီနော ဆင်းမ်ကတ် များကို ယခုလမကုန်မီ စတင် ရောင်းချပေးမည်ဖြစ်ပြီး တယ်လီ နောအချင်းချင်းခေါ်ဆိုလျှင် တစ် မိနစ် ၁၅ ကျပ်နှင့် MPT၊ Ooredooစသည့်အခြားကွန်ရက်များသို့ ဖုန်းခေါ်ဆိုမည်ဆိုလျှင် တစ်မိနစ် ၂၅ ကျပ်ကျသင့်မည်ဟု ပြင်ပတွင် ကျယ်ကျယ်ပြန့်ပြန့်သတင်းများ
ထွက်ပေါ်နေသည်။
            သို့သော်ယင်းသတင်းများကို တယ်လီနောက အတည်ပြုခြင်းမရှိသေးဘဲ လက်ရှိအချိန်တွင် ဆက် သွယ်ရေးလိုင်စင် ရယူပြီးကတည်း က ကတိပေးထားသည့်အတိုင်း အောက်တိုဘာ ၅ ရက်မတိုင်မီ တယ်လီနောမိုဘိုင်းဆင်းမ်ကတ် များ စတင်ရောင်းချပေးမည်ဖြစ် ကြောင်းနှင့် မည်သည့်ဆက်သွယ် ရေးကွန်ရက်သို့ခေါ်ဆိုသည်ဖြစ် စေ တစ်မိနစ် ၂၅ ကျပ်ထက် ပိုမိုကျသင့်မည် မဟုတ်ကြောင်း Telenor Myanmar မှ Vice President and Heat Enterprise ဦးရေချမ်းက စက်မှုဇုန်လုပ်ငန်း ရှင်များနှင့် တွေ့ဆုံပွဲတွင် ထည့် သွင်းပြောကြားခဲ့သည်။
တယ်လီနောက အောက်တို ဘာ ၅ ရက်မတိုင်မီ စတင်ရောင်း ချမည်ဟုဆိုသော်လည်း ၎င်းတို့ ၏ ကိုယ်စားလှယ်အဖြစ် ရောင်း ချမည့်ဖုန်းဆိုင်များကမူ ယခုလ ၁၆ ရက်တွင် ရောင်းချမည်ဟုသတင်းများထွက်ပေါ်နေသည်။
တယ်လီနော ဆင်းမ်ကတ် များကို မန္တလေး၊ ရန်ကုန်နှင့် နေ ပြည်တော်မြို့များတွင် သရီးဂျီ နက်ဝါ့ခ် အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားနယ်မြို့များတွင် တူးဂျီနက် ၀ါ့ခ် ဖြန့်ကြက်ပေးမည်ဟု ဆိုသည်။ ဆင်းမ်ကတ်များစတင်ရောင်းချသည်နှင့် တစ်ပြိုင်နက် ထပ်မံလျှောက်ထားရန် မလိုဘဲ အင်တာနက်အသုံးပြုနိုင်မည်ဟု Telenor Myanmar ကဆိုသည်။
စက်ရုံ၊ အလုပ်ရုံများ၊ ကုမ္ပ ဏီများနှင့် စီးပွားရေးလုပ်ငန်းစု များအတွက် တယ်လီနောမှ အ ထူးဝန်ဆောင်မှုပေးမည်ဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံလုပ်ငန်းခွင်အ တွင်း အသုံးပြုမှုများအတွက် ဖုန်း ပြောဆိုခ အထူးသက်သာသော နှုန်းထားတစ်ခုသတ်မှတ်ပေးမည် ဖြစ်သလို စက်ရုံ၊ အလုပ်ရုံများ အတွက် ကြိုတင်ငွေပေး စနစ် (Pre-Paid) နှင့် လကုန်မှငွေရှင်း ရမည့် (Post Paid) စနစ်နှစ်ခု လုံးဖြင့် အသုံးပြုနိုင်မည်ဟု ဦးရေ ချမ်းက စက်တင်ဘာ ၁၀ ရက်က မန္တလေးစက်မှုဇုန် ကနောင်ခန်းမ၌ စက်မှုဇုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ပြောသည်။
မန္တလေးမြို့ရှိ စက်ရုံ၊အလုပ် ရုံများ၊ ကုမ္ပဏီများအတွက် တယ် လီနော ဖုန်းဆင်းမ်ကတ်များနှင့် ပတ်သက်သည့် လိုအပ်ချက်မှန်သမျှကို မန္တလေးမြို့ခံစီးပွားရေးလုပ်ငန်းရှင် ဦးရဲမြတ်သူ၏ Alpha Infotech ကုမ္ပဏီနှင့် လက်တွဲ လုပ်ဆောင်မည်ဟု Telenor My-anmar မှ သတင်းရရှိသည်။
တယ်လီနောမှ စက်ရုံ၊ အ လုပ်ရုံများနှင့် စီးပွားရေးလုပ်ငန်း များကို အထူးဝန်ဆောင်မှုပေး မည်ဆိုသော်လည်း တစ်မိနစ် ပြောဆိုခ၊ အင်တာနက်အသုံးပြု ရာတွင် ကောင်းမွန်မှုစသည့် ၀န် ဆောင်မှုပေါ်မူတည်ကာ ရွေးချယ်အသုံးပြုမည်ဖြစ်ကြောင်း မန္တလေးစက်မှုဇုန် လုပ်ငန်းရှင်တစ်ဦးကပြောသည်။
တယ်လီနောက စုစုပေါင်း တာဝါတိုင် ၉၀၀၀ ခန့်ဖြင့် လာမည့် ငါးနှစ်အတွင်း မြန်မာ တစ်နိုင်ငံလုံး၏ ကိုးဆယ်ရာခိုင် နှုန်းသော ဧရိယာကို တယ်လီနော နက်ဝါ့ခ် လွှမ်းခြုံနိုင်အောင် ရည် ရွယ်ဆောင်ရွက်နေသည်ဟု ဆို သည်။
Credit to 7-Days

No comments :

Post a Comment