Saturday, September 13, 2014
@ဆိုကရေးတီး ပြိုင်ပွဲဝင်ရန် လေ့ကျင့်@
၂၂ ကြိမ်မြောက် ဆိုကရေးတီး ပြိုင်ပွဲ ကို သံတွဲခရိုင်တွင် ၂၂.၉.၂၀၁၄ ရက်နေ့(ခန့်မှန်း) ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ရွှေးချယ်ခံရသူများမှာ စစ်တွေမြို့သို့ ၁၆.၁၀.၂၀၁၄ရက်နေ့တွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
တောင်ကုတ်မြို့နယ်မှ ယိမ်း(ကဗျာလွှတ်/ရိုးရာ)၊ အခြေခံမင်းသားက၊ ၀ါသနာရှင်တန်း(အဆို) ကျား-မ ၊ ခေတ်အကြိုက် စသည့် ခေါင်းစဉ်များတွင် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး
ပြိုင်ပွဲဝင်စုစုပေါင်း ၃၂ ကို ၈ ရက်နေ့မှ စတင်၍ နည်းပြ ၃ ယောက်ဖြင့် မြို့နယ်ခန်းမတွင် လေ့ကျင့်လျက် ရှိကြောင်း
တောင်ကုတ်မြို့နယ် ဆိုကရေးတီးကော်မတီ၊ အတွင်းရေးမှူး ဦးဝင်းလှိုင် က ပြောသည်။
ကျင်းပပြုလုပ်ခဲ့ပြီးသော ဆိုကရေးတီး ၂၁ ကြိမ်တွင် တောင်ကုတ်မြို့နယ်မှ ၁၉ ကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆုများလည်း ရရှိခဲ့ကြောင်း၊
ယခင်က မြို့နယ် (၁၇) မြို့နယ် ယှဉ်ပြိုင်ခဲ့သော်လည်း လွန်ခဲ့သော ၃၊၄ နှစ်မှ စတင်၍ ခရိုင်အနေဖြင့်သာ ယှဉ်ပြိုင်ရကြောင်း ၊
ယခုနှစ် သံတွဲခရိုင်တွင် လူရွှေးရာ တောင်ကုတ်မြို့နယ်မှ ပြိုင်ပွဲဝင်များ ပါဝင်နိုင်ရေး အကောင်းဆုံး ဖြစ်အောင် စီစဉ်ထားကြောင်း ဦးဝင်းလှိုင်က ပြောသည်။
အဆိုပါ ဆိုကရေးတီး ပြိုင်ပွဲကိစ္စနှင့် ပတ်သက်၍
မြို့နယ်အထွေထွေ အုပ်ချူပ်ရေးမှူး ရုံးတွင် ၁၁.၉.၂၀၁၄ ရက်နေ့က
ဌာနဆိုင်ရာ အသီးသီး ပါဝင်သော အစည်းအဝေးတစ်ရပ်ကိုပြုလုပ်ခဲ့ပြီး
၎င်းအစည်းအဝေးပွဲတွင် ယှဉ်ပြိုင်သွားရောက်မည့် နည်းပြများ၊ ပြိုင်ပွဲဝင်များ၏
ပြိုင်ပွဲဝင်ဝတ်စုံ ၊ သွားစရိတ်၊ စားစရိတ် ၊အထွေထွေစရိတ် စသည့်ကုန်ကျစရိတ် သိန်း(၄၀)ကျော်
ဥက္ကဋ္ဌ ဦးကျောက်တောင်၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီမှ
တာဝန်ယူသွားမည်ဖြစ်ကြောင်းနှင့် အ၀တ်အစားကအစ အကောင်းဆုံး ဖြစ်အောင် စီစဉ်ကြရန် လမ်းညွှန်ခဲ့ကြောင်း သိရှိရပါသည်။
Related Posts: သတင်း
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment