Wednesday, September 10, 2014

အ.ထ.က(၁) ကျောင်းဆောင်များ အကြီးစား ပြင်ဆင်မှု ပြုလုပ်မည်


တောင်ကုတ်မြို့ ၊ အ.ထ.က (၁) ရှိ ကျောင်းဆောင်များသည် များစွာ ပျက်ဆီးယိုယွင်း နေပြီး 
စာသင်ခန်းများမှာလည်း မလောက်ငှလျှက် ရှိသည်။
တတ်ရောက်ပညာသင်ကြားနေသော ကျောင်းသားအရေအတွက်မှာ ၃၀၀၀ ကျော်ရှိသဖြင့်
စာသင်ခုံ မလုံလောက်မှု ပြဿ      နာကိုလည်း ကျောင်းသားများ ရင်ဆိုင်နေရသည်။


ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်မင်းသည်
မနေ့က ( ၉.၉.၂၀၁၄ ) တောင်ကုတ် အ.ထ.က (၁) သို့ 
ဒေသဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျောက်တောင် နှင့်အတူ
ရောက်ရှိလာပြီး
ကျောင်းဆောင်များနှင့်
 နှစ်(၅၀)ရွှေရတု ရံပုံငွေများဖြင့် ၀ယ်ယူထားသော 
ကျောင်းသားသုံး စားပွဲခုံ၊ထိုင်ခုံ များကို ကြည့်ရှုစစ်ဆေးခဲ့သည်။





အကြီးစား ပြင်ဆင်မှု ပြုလုပ်ရန် လိုအပ်သည်များကို 

လိုက်လံလေ့လာကြည့်ရှု ခဲ့ပြီး
ကျောင်းဆောင်သစ် ဆောက်လုပ်ရန် မြေနေရာများကို
ညှိုနိုင်း၍ စီစဉ်ညွန့်ကြားခဲ့သည်။

No comments :

Post a Comment