Telenor မှ 4G ဆင်း ကတ် သန်း (၃၀) စ တင် ရောင်း ချ ပေး မည်
Telenor မှ 4G အ ထိ အ သုံး ပြု နိုင် သည့် မို ဘိုင်း ဆင်း ကတ် သန်း (၃၀) အား
(၁၅၀၀) ကျပ် နှုန်း ဖြင့် ရောင်း ချ မည် ဖြစ် သည်။ အ ဆို ပါ ဆင်း ကတ် များ တွင်
Video Call, Voice Mail, Internet, SMS စသည့် ၀န် ဆောင် မှုများ ကိုလည်း
ထည့် သွင်း ဆောင် ရွက် ထား ကြောင်း Telenor Mynmar မှ သိရသည်။
Telenor အ နေ နဲ့ တော့ စပြီး ကတိ ပေး ထား တဲ့ အ တိုင်း လိုင် စင် ရ ပြီး ရှစ် လ အ ကြာ မှ
ရောင်း ချ ပေး မယ်။ ဆင်း ကတ် က 2G,3G သုံး လို့ ရ ပါ တယ်။
ဈေး နှုန်း ချို သာ တဲ့ ဟန်း ဆက် ကို ပါ ရောင်း ချ ပေး ဖို့ စီ စဉ် ထား တယ် ဟု
Telenor Mynmar မှ ပြန် ကြား ရေ တာ ၀န် ခံ ကို စိုး သူ က ပြော သည်။
4G အ ထိ အ သုံး ပြု နိုင် သည့် ဆင်း ကတ် များ အား တစ် နိုင် ငံ လုံး အတိုင်း အတာ ဖြင့်
ဖြန့် ဖြူး ရောင်း ချ ပေး သွား မည် ဖြစ် ပြီး ဆင်း ကတ် ၀ယ် ယူ ရာ တွင် မှတ် ပုံ တင် တစ် ခု ဖြင့်
လို သ လောက် ၀ယ် ယူ နိုင် မည် ဖြစ် ကြောင်း သိ ရ သည်။
အ ဆို ပါ ဆင်း ကတ် များ ၏ ဈေး နှုန်း အား ကျပ် (၁၅၀၀) သတ် မှတ် ထား သော် လည်း
ငွေ ဖြည့် ကတ် မှာ မူ တစ် မိ နစ် (၂၅) ကျပ် နှုန်း ဖြင့် အ ကြမ်း ဖျင်း သတ် မှတ် ထား ပြီး
အင် တာ နက် အ သုံး ပြု ခ မှာ လက် ရှိ MPT ဈေး နှုန်း ထက် လျော့ နည်း သွား မည် ဖြစ် ကြောင်း Telenor Mynmar မှ သိ ရ သည်။
ဘယ် သူ ပဲ ရောင်း ရောင်း ဈေး သက် သာ ပြီး လိုင်း ကောင်း တဲ့ ဆင်း ကတ် ကို ပဲ ၀ယ် မှာ ပါ။
အ ခု သုံး နေ တဲ့ MEC ဆင်း ကတ် ဆို ရင် လိုင်း မ မိ တာ နဲ့ တော် တော် စိတ် ညစ် ရ တယ် ဟု
ကုမ္ပဏီ ၀န် ထမ်း မ နွယ် နီ ၀င်း က ဆို သည်။
လက် ရှိ မြန် မာ နိုင် ငံ ၏ ဆက် သွယ် ရေး ကဏ္ဍ အ ဆင့် မြှင့် တင် ရန် မြန် မာ့ ဆက် သွယ် ရေး လုပ် ငန်း၊ ရ တ နာ ပုံ တယ် လီ ပို့၊ Ooredoo နှင့် Telenor တို့ ယှဉ် ပြိုင် လုပ် ကိုင် နေ ပြီး ယင်း ထဲ မှ Ooredoo သည် ပြည် သူ များ အား စိတ် ၀င် စား ဖွယ် ၀န် ဆောင် မှု များ ဖြင့် စ တင် ရောင်း ချ ပေး လျက် ရှိ သည်။
Credit to Messenger News

No comments :
Post a Comment