Wednesday, August 6, 2014

ရွှေဈေးနှုန်း ကျပ် ၆၇၀,၀၀၀ အောက် ပြန်ဆင်း

 ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ဈေး ကျသွားသဖြင့် ၆၇၀,၀၀၀ ကျပ်အောက်ကျဆင်းသွားကြောင်း ရွှေလုပ်ငန်းရှင်များကပြောသည်။
ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ပြီး ခဲ့သည့်ရက်ပိုင်း၌တစ်အောင်စလျှင် ၁,၃၀၀ ဒေါ်လာကျော်ရှိနေရာမှ ၁၂၈၂ ဒေါ်လာအထိ ကျဆင်းသွားခဲ့သည်။ ယင်းမှာ အမေရိကန်နိုင်ငံ၏စီးပွားရေး အခြေအနေများကောင်းမွန်ခြင်းကြောင့် ရွှေဈေးနှုန်းများ ကျဆင်းသွားရခြင်းဖြစ်ကြောင်း
ကျွမ်းကျင်သူများကဆိုသည်။
‘‘ကမ္ဘာ့ဈေးတွေကျတာရော၊ပြည်တွင်းဈေးကွက်မှာ ဝယ်လို အားတွေနည်းနေတာရောကြောင့်ဈေးတွေကကျသွားတာ။ ဒီအနေ အထားဆို ရွှေဈေးတွေက ဆက် ကျနိုင်သေးတယ်’’ ဟု တိတ်စိန် ရွှေဆိုင်မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။
ပြည်တွင်း ရွှေဈေးနှုန်းများ သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၇၂,၀၀၀ ကျပ်ခန့် ရှိနေရာမှ ယခုရက်ပိုင်းတွင် ၆၆၇,၅၀၀ ကျပ် ထိကျဆင်းသွားသည်။
 လက်ရှိ ဈေးကွက်အနေ အထားမှာ ဆက်လက်ကျဆင်း နိုင်သော အနေအထားတွင်  ရှိ သည့်အတွက် ဝယ်စုသည့် ဈေး ကွက်နှင့် အရောင်းအဝယ်လုပ် သည့်ဈေးကွက်တွင် ရွှေဝယ်လိုအားနည်းနေကြောင်းသိရသည်။
‘‘အခုအနေအထားက ပြီးခဲ့ တဲ့ရက်ကရောက်ခဲ့တဲ့အနိမ့်ဆုံး ဈေးအထိရောက်သွားနိုင်တယ်။ ၆၆၀,၀၀၀ ကျပ်လောက်ထိပေါ့။ အဲဒီအောက်တော့မရောက်နိုင် သေးဘူး’’ဟု ရွှေလုပ်ငန်းရှင်တစ် ဦးကပြောသည်။
အပိုင်းနှင့်ဖျက်စဈေးကွက် တွင် ဝယ်လိုအားနည်းနေသော် လည်း အထည်ဈေးကွက်၌ဝယ် လိုအားကောင်းသောဈေးကွက် ဖြစ်နေသေးကြောင်း ရွှေဆိုင်လုပ် ငန်းရှင်များကပြောသည်။
လတ်တလောရွှေဈေးကွက် မှာ အကျသို့သာမှန်းသူများနေပြီး ဈေးကျကာ ပြည်တွင်းဈေးများနိမ့် နေခြင်းကြောင့် နယ်စပ်ရွှေဝင်ရောက်မှုမှာလည်းနည်းနေကြောင်း ရွှေလုပ်ငန်းရှင်များကပြောသည်။   

Credit to 7daydaily.com 

No comments :

Post a Comment