ပြည်မြို့သို့သွားမည့် ကုန်တင်ကားတစ်စီးတွင် လိုက်ပါလာသောဘင်္ဂါလီလူမျိုး ၂၉ ဦးကို တောင်ကုတ်မြို့နယ်တောင်ပုံကြီးစစ်ဆေးရေးစခန်း၌ ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။
အဆိုပါဘင်္ဂါလီလူမျိုးများသည် ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံးကယ်ဆယ်ရေး စခန်းမှဖြစ်ပြီး ၎င်းတို့လိုက်ပါလာ သော တီအီးကားကို သြဂုတ် ၂၈ ရက်မွန်းလွဲက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အရာရှိတစ်ဦးကပြောသည်။
အခင်းဖြစ်ပွားသည့်နေရာ သို့ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့ မှူး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်သွားရောက်ခဲ့ပြီး လို အပ်သောအရေးယူဆောင်ရွက်မှု များပြုလုပ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တစ်ဦးကဆိုသည်။
အဆိုပါဘင်္ဂါလီလူမျိုး ၂၉ ဦးကို သံတွဲမြို့သို့ သက်ဆိုင်ရာကပြန်လည်ခေါ်ယူသွားပြီး လိုအပ်သော စစ်ဆေးမှုများပြုလုပ်နေသည်။
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment