Wednesday, August 6, 2014

မြေပဲဆီတစ်ပိဿ

တရုတ်နိုင်ငံမှ မြေပဲဆန် ၀ယ်လိုအားကောင်းနေ၍ ပြည် တွင်း ပဲဆီဈေး ဆက်တိုက်မြင့် တက်ကာ တစ်ပိဿာလျှင် ကျပ် ၄၀၀၀ အထိ ဈေးမြင့်တက်နေ ကြောင်း သတင်းရရှိသည်။
မြေပဲဆီဈေးမှာ ပြီးခဲ့သည့် ဇူလိုင် လဆန်းပိုင်းတွင် တစ် ပိဿာလျှင် ၃၂၀၀ ကျပ်ခန့်သာ ရှိနေရာမှ ယခုရက်ပိုင်းတွင် တစ် ပိဿာလျှင် ကျပ် ၄၀၀၀ အထိ ဈေး မြင့်တက်သွားကြောင်း ဆီလုပ်ငန်းရှင်များက ပြောသည်။
‘‘ပဲဆီဈေးတွေက တရုတ်က မြေပဲဆန်အ၀ယ်လိုက်နေတော့ ဈေးတွေ တောက်လျှောက်ကို တက်နေတာ။ ပဲပေါ်ချိန်ကလည်း နည်းနေသေးတော့ တရုတ်အ ၀ယ် ဆက်ရှိနေဦးမယ်ဆိုရင် ဆီ ဈေးတွေ
ဆက်တက်နိုင်သေး တယ်’’ ဟု ဆီလုပ်ငန်းရှင်တစ်ဦး က ပြောသည်။
ယခုနှစ် မြေပဲစိုက်ရာသီတွင် အချို့နေရာများ၌ ပဲစိုက်နောက်ကျခြင်းနှင့် တရုတ်နိုင်ငံမှ ၀ယ်လိုအားများခြင်းကြောင့် ပဲလက်ကျန်နည်းသွား၍ ဈေးတက်ခြင်းဖြစ်သည်။
မြေပဲဆန်ဈေးမှာ ပြီးခဲ့သည့် ဇူလိုင်က တစ်ပိဿာလျှင် ၁၄၀၀ ကျပ်ခန့်သာ ရှိနေရာမှ  ယခုရက်ပိုင်းတွင် တစ်ပိဿာလျှင် ၁၉၀၀ ကျပ်ထိ ရောက်ရှိနေသည်။
        မြေပဲဆီဈေးမြင့်ခြင်းကြောင့် မဟုတ်သော်လည်း စားအုန်းဆီဈေးမှာ အတက်အကျ ပြောင်းလဲမှု မကြာခဏ ဖြစ်ပေါ်နေကြောင်း ဆီလုပ်ငန်းရှင်များက ပြောသည်။ စားအုန်းဆီဈေးမှာ ရန်ကုန်ဆိပ်ကမ်းသို့ သင်္ဘောဝင်ရောက်မှု အခြေအနေနှင့် ဆီကန်များမှ ဆီထုတ်ပေးသည့် ပမာဏပေါ် မူတည်ပြီး ဈေးများ မြင့်တက်နေကြောင်း သိရသည်။
စားအုန်းဆီဈေးမှာ တစ် ပိဿာလျှင် ၁၅၂၀ ကျပ်နှင့် ၁၄၈၀ ကျပ်အတွင်း ကုန်သည်များ၏ ဈေးကွက်ကစားမှုပေါ်တွင် မူ တည်ကာ ဈေးနှုန်း ပြောင်းလဲမှု များ ဖြစ်ပေါ်နေကြောင်း ဆီလုပ် ငန်းရှင်များက ပြောသည်။


credit to  7daydaily

No comments :

Post a Comment