Friday, August 1, 2014

# ဆပ်ကပ် #

# ဆပ် ကပ် #
ကျွန် တော်    လူပျို ပေါက်    အရွက် လောက် က    ဖြစ်သည်။    အ ဖေ နှင့် ကျွန် တော်
ဆပ်ကပ် ပွဲ အတွက်   လက်မှတ်    တန်းစီ နေကြသည်။    အ တော် ကြာ    စောင့် ဆိုင်းပြီးသည့်
နောက် တွင်    လက်မှတ် ပေါက် နှင့်    ကျွန်တော်တို့ ကြားမှာ မိသားစု တစ်ခုသာ    ကျန် လေ သည်။


သည်မိသားစုကို ကြည့်ပြီး ကျွန်တော် သ ဘော ကျ နေ မိ သည်။ က လေး ချည်း ၈ ယောက် ပါ သည်။
တစ် ယောက်မျှ ၁၂ နှစ် ပြည့် သေး ပုံ မ ရ ။ သူတို့ အသွင် အပြင် တွေ ကြည့်ရုံ ဖြင့် ပင် ငွေ ကြေး ပြည့်ပြည့် စုံ စုံ
ထဲက မဟုတ် ကြောင်း သိ နိုင်သည်။ အ၀တ် အစား တွေက အဖိုးတန် ထဲက မဟုတ် ။ သို့ သော်
သပ် သပ် ရပ် ရပ် ရှိသည်။ က လေး တွေ က အမူ အရာ ယဉ် ကျေး သည်။ မိဘ များ နောက် မှာ နှစ် ယောက် တစ် တွဲ
လက် ချင်း ချိတ် ပြီး တန်း စီ နေ ကြ သည်။ သို့ သော် နှုတ် က မှု ည ဘက်တွင် သူတို့ ကြည့် ရမည့် ဆပ်ကပ် လူပြက်များ
ဆင် လိမ္မာ များ နှင့် အခြား ပြကွက်များ အ ကြောင်း ကို အားတတ် သရော ပြောဆို နေကြသည်။ သူတို့ လေး တွေ ခ မြာ
ဆပ် ကပ် ပွဲ တစ် ခါ မှ   ကြည့် ဖူး ကြ ဟန် မ တူ ။ သည် ည က တော့ သူ တို့ ဘ ၀ မှာ တ ကယ့် အ မှတ် တ ရ ည ဖြစ် တော့ မည့် ပုံ မျိုး ။

အ ဖေ နှင့် အ မေ က  အုပ် စု ထိပ် မှာ ၀မ်း မြောက် ဂုဏ် ယူ သည့်    အသွင် အပြင် များဖြင့်    ရပ် နေ ကြ သည်။ က လေး တွေ ၏ မိ ခင် က ခင် ပွန်း သည် ၏ လက် ကို ကိုင် လျှက် သူ့ မျက် နှာ ကို
ရွှမ်း ရွှမ်း စား စား ကြည့် နေ ပုံ မှာ " မေ့ ချစ် သူ လူ စွမ်း ကောင်း ကြီး " ဟု နှုတ် ခွန်း ဆက် နေ ဘိ သည့် အ လား  အထင် ကြီး မှု ၊ လေး စား မှု လက္ခ ဏာ တွေ အ ပြည့် ပါ သည်။
ခင် ပွန်း သည် က လည်း " အား ကိုး စမ်း ပါ အချစ် ရယ် " ဟု ခွန်း တုန့် ပြန် နေ သည့် နှယ် ဂုဏ် ယူ သော အ ပြုံး နှင့် ချစ် ကြည် နူး စွာ ကြည့် သည်။

သည် အခိုက် လက် မှတ် ရောင်း ချ သော အ မျိုး သ မီး က အ ဖေ လုပ် သူ အား    လက် မှတ် ဘယ် နှစ် စောင် ယူ မလဲ လှမ်း မေး သည်။

" ကျွန် တော် က လေး လက်မှတ် ၈ စောင် နဲ့ လူကြီးလက်မှတ် ၂ စောင် လိုချင်ပါတယ်။ အဲဒါမှ ကျွန် တော် တို့ မိသားစု တစ်စုလုံး လာလို့ရမှာ "
သူက တတ်တတ်ကြွကြွပင် ဖြေ သည်။

အမျိုး သမီး က လက်မှတ်ခ နှုန်းထားများ လှမ်း ပြော သည်။


ဇနီးသည်က သူ့ ခင်ပွန်း လက်ကို လွှတ်ချ လိုက်ပြီး ခေါင်းလည်း ငုံ့သွားသည်။ အမျိုးသား၏ နှုတ်ခမ်း တွေ တဆက်ဆက် တုန်လာသည်။
သူ ရှေ့ သို့ အ နည်း ငယ် တိုး ကာ " ဘယ် လောက် လဲ ဗျာ " ဟူ ၍ မေး သည်။

လက် မှတ် ရောင်း သော အ မျိုးသမီးက ဈေး နှုန်း တွေ ထပ် ပြော သည်။

အဖေ လုပ်သူမှာ ပိုက်ဆံ အလုံ အ လောက် မပါ။

သို့ သော် သည် အချိန် ကျမှ သူ နောက် လည့် ကာ က လေး တွေ ကို အ ဖေ့ မှာ ပိုက် ဆံ အလုံ အ လောက် မ ပါလို့ သည်ည ဆပ် ကပ် ကြည့် နိုင် မှာ မ ဟုတ် ဘူး ဟု
သူ ဘယ် လို ပြော ထွတ် နိုင် ပါ မည် နည်း ။

ဖြစ်ပျက်ပုံ အလုံးစုံကို မြင်ကာ ကျွန် တော့် အ ဖေ      အင်္ကျီ အိပ် ထဲ လက်နှိုက် သည်။
ဒေါ်လာ ၂၀ တန် တစ် ရွက် ထုတ်လာပြီး နောက် မြေ ကြီး ပေါ် အ သာ ပစ် ချ သည်။

( ကျွန် တော် တို့ လည်း ချမ်း သာ သူ များ မ ဟုတ် ကြောင်း ကြား ဖြတ် ပြော လို သည်။ )

ထို့ နောက် အ ဖေ ပဲ သည် ပိုက် ဆံ ကို ပြန် ကောက် ကာ က လေး များ ဖ ခင် ပ ခုံး ကို သွား ပုတ် ပြီး ပြော သည်။
" ဒီ မှာ ခင် ဗျာ ၊ စော စော က ခင်ဗျား အိပ် ထဲက ထွတ် ကျ သွား တယ် "

အ ဖေ ဘာ လုပ် သည် ဆို တာ ထို ပုဂ္ဂိုလ် ကောင်း စွာ နား လည် လိုက် ပါ သည်။
ဘယ် သူ့ ဆီ မှာ မှ သူ လက် ဖြန့် တောင်း ခံ ခဲ့ သည် တော့ ဟုတ် ။ သို့ သော် သည် လို
အ သည်း အသန် အ ရေး တကြီး အ ချိန် ၊ ဖ ခင် တစ် ယောက် အ နေ ဖြင့် အ ရှက် ကြီး ရှက် ရ မည့် အ ဖြစ် မျိုး ကြုံ ရ အံ့ ဆဲဆဲ  အချိန် တွင်
မ မျှော် လင့် ဘဲ ပေါ် ပေါက် လာ သည့် အ ကူ အ ညီ အ တွက် သူ တကယ် ပဲ ကျေး ဇူး တင် သွား ခဲ့ သည်။ အ ဖေ့ မျက် လုံး အစုံ ကို သူ စူး စိုက် ၍
ကြည့် သည်။ ဒေါ် လာ ၂၀ တန် ကိုင် ထား သော အ ဖေ့ လက် ကို သူ့ လက် နှစ် ဖက် နှင့် ဖျစ် ညှစ် ဆုပ် ကိုင်ကာ တုန်ယင် သော နှုတ် ခမ်း ဖြင့် ကျေး ဇူး တင် စကား ဆို သည်။

" ကျေး ဇူး တင် ပါ တယ် ဗျာ ၊ တကယ် ကို ကျေး ဇူး ပါ ပဲ ၊ ကျွန် တော့်  အတွက် ရော ကျွန် တော့် မိ သား စု အတွက် ပါ အဖိုး မဖြတ် နိုင် ပါဘူး ခင် ဗျာ"
သည် လို ပြော ရင်း သူ့ ပါးပြင် ပေါ် မျက် ရည် တစ် ပေါက် လိမ့် ဆင်း ကျ သွား သည်။

အ ဖေ နှင့် ကျွန် တော် ကား ဆီ သို့ လှည့် ပြန် ကာ အိမ် သို့ ပဲ မောင်း လာ ခဲ့ ကြ သည်။ အဲ သည် ည
ဆပ် ကပ် ပွဲ ကျွန် တော် တို့ မ ကြည့် ခဲ့ ကြ ပါ။ သို့ သော် အ ချည်း အနှီး ည တော့ လုံး ၀ မ ဟုတ် ခဲ့။

[ မူ ရင်း ။    ။ Dan Clark ၏ The Circus ] ( ဖေ မြင့် ဘာသာ ပြန် သည် )

No comments :

Post a Comment