မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ
မှုကော်မရှင်က ဇူလိုင်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း
ပေါင်း ၁၇ ခု ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။
ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင် မှုလုပ်ငန်း စသည်ဖြင့် လုပ်ငန်းစုံ ပါဝင်ပြီး ရေနံနှင့် သဘာဝဓာတ် ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးလုပ်ငန်း ၁၀ ခုလည်း ပါဝင်သည်။
ယင်းလုပ်ငန်းများကို ရင်းနှီး မြှုပ်နှံမှု ဝင်ရောက်မှုများသည့် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ ကိုရီး
ယားနိုင်ငံများသာမက ကနေဒါ၊ လူဇင်ဘတ်၊ နယ်သာလန်၊ လစ် ဗျားနိုင်ငံတို့မှ ကုမ္ပဏီများက ဝင် ရောက်ရင်းနှီးမြှုပ်နှံလာကြခြင်း ဖြစ်သည်။
အဆိုပါ လုပ်ငန်းများကို သက်ဆိုင်ရာပြည်နယ်တိုင်းဒေသ ကြီး အစိုးရအဖွဲ့နှင့် လုပ်ငန်းဆက် စပ်လျက်ရှိသော ပြည်ထောင်စု ဝန်ကြီးဌာနများ၊အဖွဲ့အစည်းများ ၏ သဘောထားမှတ်ချက်များနှင့် စိစစ်ခွင့်ပြုချက်များအပေါ်တွင် အခြေခံလျက် ကော်မရှင်အစည်း အဝေးက စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
လက်ရှိ ချထားပေးလိုက် သော လုပ်ငန်း ၁၇ မျိုးတွင် ရာ နှုန်းပြည့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း နှစ်ခုသာပါဝင်ပြီး ကျန်လုပ်ငန်း ၁၅ မျိုးမှာ ပြည်တွင်းလုပ်ငန်းရှင် များနှင့် တွဲဖက်လုပ်ကိုင်သည့် ဖက်စပ်လုပ်ငန်းများဖြစ်သည်။
ယခု ချထားပေးလိုက်သော လုပ်ငန်းများအပါအဝင် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကချထားပေးလိုက်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၀၀ ကျော်ရှိသွားပြီဖြစ်သည်။

No comments :
Post a Comment