Saturday, August 9, 2014
မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း ဖိလစ်ပိုင် ဖိတ်ခေါ်ဖလား ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်
မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း ဖိလစ်ပိုင် ဖိတ်ခေါ်ဖလား ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်
ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည့် ဖိလစ်ပိုင် ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို
စက်တင်ဘာ ၁ ရက်မှ ၉ ရက် အထိ မနီလာမြို့တွင် ကျင်းပမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကို ၂ဝ၁၂ ခုနှစ်မှ စတင်ကာ နှစ်စဉ် ကျင်းပလျက် ရှိပြီး ယခုနှစ်တွင် မြန်မာ့ လက်ရွေးစင်အသင်း အနေဖြင့် ပထမဆုံး
ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ဖိလစ်ပိုင် ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို မြန်မာ၊ ဖိလစ်ပိုင်၊ ပါလက်စတိုင်းနှင့် တရုတ် (တိုင်ပေ) စသည့် အသင်း လေးသင်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကာ အုပ်စုပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ပြီး အမှတ်အများဆုံး အသင်းကို ချန်ပီယံ ဆုဖလား ချီးမြှင့်မည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲ ကျင်းပခဲ့သည့် ၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်များတွင် အိမ်ရှင် ဖိလစ်ပိုင် အသင်းကသာ နှစ်ကြိမ်ဆက် ဗိုလ်စွဲ ထားခဲ့သည်။ မြန်မာ အသင်းသည် စက်တင်ဘာ ၃ ရက်တွင် ပါလက်စတိုင်း အသင်း၊ စက်တင်ဘာ ၆ ရက်တွင် အိမ်ရှင် ဖိလစ်ပိုင် အသင်းနှင့် စက်တင်ဘာ ၉ ရက်တွင် တရုတ် (တိုင်ပေ) အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မြန်မာ အသင်းသည် သြဂုတ် ၂၅ ရက်မှ စတင်ကာ စခန်းဝင် လေ့ကျင့်မည် ဖြစ်ပြီး အပြီးသတ် လူစာရင်းကို မကြာမီ ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ကျော်လွင်
Related Posts: သတင်း
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment