အမျိုးသမီးတိုင်း
အဆီကျပြီး သွယ်လျ လှပနေဖို့အတွက် နည်းလမ်းမျိုးစုံ သုံးကာ အဆီချလေ့
ရှိပါတယ်။ အဲဒီထဲက ထူးခြားတဲ့ အဆီချနည်း အချို့ ကို ရွေးချယ် ဖော်ပြ
လိုက်ရပါတယ်။
မက်ဒေါနား၏ အဆီချနည်း
နာမည်ကျော် ပေါ့ပ်ဘုရင်မ
မက်ဒေါနားဟာ လေနဲ့ အဆီချနည်း ဆိုတဲ့ နည်းလမ်းကို အသုံးပြုပါတယ်။ သူ့ရဲ့
နည်းလမ်းကတော့ အစားအသောက်တွေကို အမှန်တကယ် မစားဘဲ အဲဒီ အစားအသောက်က
ထွက်လာတဲ့ အငွေ့ကိုပဲ ရှူရှိုက်တဲ့နည်း ဖြစ်ပါတယ် ။ ပြင်သစ်မှာ အသုံးပြုခဲ့တဲ့ နည်းလမ်းဖြစ်ပြီး ထိရောက်မှု ရှိတယ်လို့ ဆိုပါတယ်။
ဘီယွန်စေး၏ အဆီချနည်း
ထိပ်တန်း အဆိုတော် တစ်ဦးဖြစ်တဲ့ ဘီယွန်စေးဟာ သူ့ရဲ့ ခန္ဓာကိုယ် အလေးချိန်
လျင်လျင်မြန်မြန် လျော့ကျဖို့ အတွက် အဖတ်လုံးဝ မစားတဲ့ နည်းလမ်းကို
အသုံးပြုပါတယ်။ သူဟာ ၁၄ ရက်လုံးလုံး သံပရာရည်၊ သကြားရည်၊ ငရုတ်ကောင်းမှုန့်
နဲ့ ရေကိုပဲ သောက်သုံးပြီး နေခဲ့တာကြောင့် ပေါင် ၂ဝ လောက် မြန်မြန်ဆန်ဆန်
ကျသွားခဲ့ပါတယ်။ ဒီနည်းလမ်းဟာ ခန္ဓာကိုယ် ကိုလည်း သန့်စင်စေတယ်လို့
ဆိုပါတယ်။
ရီစီဝစ်သာစပွန်း၏ အဆီချနည်း
ဝစ်သာစပွန်းဟာ
ကလေးစားတဲ့ အစားအစာတွေ ကိုပဲ ဓာတ်စာအဖြစ် စားသုံးတယ်လို့ ဆိုပါတယ်။ သူဟာ
ပုံမှန် အစားအသောက်တွေ နေရာမှာ ကလေး သူငယ်တွေကို ကျွေးတဲ့ အာဟာရမှုန့်လို
အစားအသောက်တွေကို ပြောင်းလဲ စားသောက်ပါတယ်။ ပမာဏကလည်း နည်းပါတယ်။ ဒီအစားအစာ
တွေဟာ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရ ဓာတ်တွေသာ ပါဝင်ပြီး အပို
ထပ်ဆောင်း ပစ္စည်းတွေ မပါဘူးလို့ ဆိုပါတယ်။
မီဂန်ဖောက်စ်၏ အဆီချနည်း
မင်းသမီး မီဂန်ဖောက်စ် ကတော့ အစာ စားခါနီးတိုင်းမှာ ပန်းသီးဖျော်ရည်နဲ့
ရှာလကာရည် ပေါင်းထားတဲ့ အရည်တစ်မျိုးကို ပုံမှန် သောက်သုံးလေ့ ရှိပါတယ်။
ဒါဟာ ခန္ဓာကိုယ်အတွက် အကြီးအကျယ် မသိသာ စေပေမယ့် အစာ စားချင်တဲ့ စိတ်ကို
အပြောင်းအလဲ ဖြစ်အောင် လုပ်ပေး နိုင်တယ်လို့ သိရပါတယ်။
နီကိုးကစ်မန်း၏ အဆီချနည်း
မင်းသမီး နီကိုးကစ်မန်း ကတော့ အဆီချနေတဲ့ အချိန်မှာ ကျက်ကျက် ပြုတ်ထား တဲ့
ကြက်ဥတွေကို စားပါသတဲ့။ သူဟာ အဲဒီလို အချိန်မှာ တခြား အစားအသောက် ဘာမှ
မစားဘဲ မနက်စာ ကြက်ဥတစ်လုံး၊ နေ့လယ်စာ ကြက်ဥနှစ်လုံး၊ ညစာ ကြက်ဥသုံးလုံး
စားတယ် လို့ ပြောခဲ့ဖူးပါတယ်။
Credit to ကိုဇင်
K.K(ကနောင်)
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment