Wednesday, November 26, 2014

ဆက်ဆံရေး ကြာရှည်တည်တံ့ရန်


အမတ်ကြီးက နန်းတော်သို့ မနက်ပိုင်းအခစားဝင်ရောက်လေသည်။မင်းကြီးက အမတ်ကြီးအား သားတော်ဆီသွားရန် စေလွှတ်လိုက်၏။အမတ်ကြီးက ဘုရင့်သားရှိရာ အဆောင်သို့ သွားလေသည်။ ဘုရင့်သားမှာ အိပ်ရာထက်တွင် လူးလှိမ့်နေ၏။ အမတ်ကြီးကို မြင်သော် သက်ပြင်းချ၏။အမတ်ကြီးက အဘယ့်ကြောင့်ယခုလို မှိုင်တွေနေသနည်းဟု မေးလေ၏။
” အမတ်ကြီး ကျွန်ုပ် မှိုင်တွေနေရခြင်းမှာ အခြားမဟုတ်။ကျွနုပ်နှင့် အခင်ဆုံး မိတ်ဆွေတစ်ယောက်နှင့် ဆက်ဆံရေးပြတ်စဲသောကြောင့် ဖြစ်ပေသည်”


အမတ်ကြီးကား မင်းသားကို ဘာမှပြန်မပြော သဖြင့်မင်းသားက
” အမတ်ကြီး လူတစ်ယောက်နဲ့ ဆက်ဆံရေးကြာရှည်တည်တံ့ဖို့ဆိုရင် မည်သို့သောအရာကို ရှောင်ကြဉ်ရမည်နည်း”
အမတ်ကြီးက ” အရှင့်သား လူတစ်ယောက်နှင့် ဆက်ဆံရေးကြာရှည်တည်တံ့ဖို့အတွက် အရေးကြီးဆုံးအရာကား တစ်ခုပဲရှိ၏။ထို နည်းလမ်းအတိုင်းလိုက်နာကျင့်သုံးပါလေ”
မင်းသားက ” အဘယ်သို့သော အရာဖြစ်သနည်း”
” အရှင့်သား နည်းလမ်းကတော့ တစ်ခုထဲပါ။ဘယ်တော့မှ လိမ်မပြောပါနှင့်။များစွာသော မိတ်ကောင်းဆွေကောင်း၊ချစ်သူ ခင်သူ တို့ ဆက်ဆံရေးပျက်ပြားရခြင်းအကြောင်းကား မုသားပြောခြင်းနှင့် မကင်းပါ။မုသားဆိုသည်မှာ ပုဆိန်တစ်လက်ဖြစ်၏။ အနှစ်နှစ်အလလ ဆောက်တည်ထားတဲ့ သစ်ပင်နှင့်တူသော ယုံကြည်မှုကို ခုတ်ဖြတ်တတ်၏။ သံယောဇဉ်ကိုလဲ ဖြတ်တောက်ပစ်နိုင်သော အစွမ်းရှိ၏။ ထို့ကြောင့် မုသားပြောခြင်းကား ဆက်ဆံရေး ပျက်ပြားစေသော အဓိက အကြောင်းအရာတည်း”

အရှင်မင်းသားပြန်စဉ်းစားကြည့်ပါ။ အရှင့်သားရဲ့ မိတ်ဆွေကို မုသားစကားပြောမိလေသလော။
တကယ်လို့ မုသားပြောမိတယ်ဆိုရင် အရှင့်သားအနေနဲ့ နောက်ထပ် မိတ်ကောင်း ဆွေကောင်းတွေ မဆုံးရှုံးရလေအောင် သင်ခန်းစာယူပါလေ။

ေေေ   မောင်စိုင်း

No comments :

Post a Comment